ကွယ်လွန်သွားပြီဖြစ်တဲ့မိခင်ကို ခေါင်းတလားထဲမှာ အိပ်ပျော်နေတယ်လို့ ထင်မြင်နေခဲ့တဲ့ ကောင်လေးရဲ့ စကားကြောင့်လူအများ မျက်ရည်ကျခဲ့ရ
ကလေးငယ်အများစုက သေခြင်းတရားနဲ့ ပတ်သက်ပြီး ဘာကိုမှ နားမလည်သေးတဲ့ သူတော်စင်လေးတွေပါ
အထူးသဖြင့် သူတို့ ချစ်မြတ်နိုးရတဲ့မိဘတွေ လူ့လောကမှ ရုတ်တရက်ထွက်သွားတဲ့အခါဆိုရင် ထိုအချက်ကို သူတို့လက်ခံဖို့ ခက်ခဲနိုင်ပါတယ် ။
ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ မိခင်ဖြစ်သူကွယ်လွန်သွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကြေကွဲစရာဓာတ်ပုံကို တင်ခဲ့ပါတယ် ။
ဓာတ်ပုံထဲမှာ ကောင်လေးက ကွယ်လွန်သွားတဲ့မိခင်ရဲ့ ခေါင်းတလားအနားမှာ ထိုင်ခုံတစ်လုံးပေါ်တက်ပြီး မိခင်ကိုကြည့်နေတဲ့ ကောင်လေးပုံစံက အမေအိပ်ပျော်နေတယ်လို့ ထင်ပုံရပါတယ် ။
နောက်ပြီးကောင်လေးက “ အမေ၊ ဘာလို့ သားဘေးမှာ နောက်ထပ် အကြာကြီး မအိပ်တော့တာလဲ ” လို့ ကလေးငယ်က ပြောဆိုပြီး လူအများကို မျက်ရည်ကျစေခဲ့ပါတယ် ။
ဒီလိုအခြေအနေမျိုးကို ကမ္ဘာပေါ်မှာ ဘယ်သူကမှ မတွေ့ချင်၊ မမြင်ချင် ၊ မကြုံချင်တဲ့ အဖြစ်အပျက်ပါ ။ ထိုအဖြစ်က မည်သူမဆို မျက်ရည်ကျစေပါတယ် ။
ထိုကလေးကို ကြင်ကြင်နာနာနဲ့ စစ်မှန်တဲ့လူတွေ စောင့်ရှောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
Credit
Zawgyi
Credit