ကြားသိရသမျှ

KTVသွားခဲ့သည့် ဘောင်ချာစာရွက်ကို မလွှင့်ပစ်မိဘဲ အိတ်ကပ်ထဲမေ့ကျန်ခဲ့ပြီး ချစ်ရတဲ့ဇနီးသည်က တွေ့ရှိသွားခဲ့လို့ ကောင်းကောင်းဆုံးမခံလိုက်ရသည့် အမျိုးသား

အမျိုးသားများအနေဖြင့် ဇနီးသည်ကို နေအိမ်တွင်ထားခဲ့ပြီး တစ်ခါတစ်လေတွင် အပေါင်းအသင်းများဖြင့် ပျော်ပါးသောက်စားတတ်ပါတယ်။ထိုသို့ကွယ်ရာတွင် ဇနီးသည်မသိအောင် သောက်စားခဲ့မိလျှငိ့ ဇနီးသည်မရိပ်မိအောင် ကြိုးစားကြတာကတော့ လူတိုင်းသိရှိကြတာဖြစ်ပါတယ်။

ယခုတွင်လည်း အမျိုးသားတစ်ဦးကတော့ ဇနီးသည် သိသွားလည်း ဘယ်လိုမျိုးဖြစ်တတ်လဲဆိုတာကို သွားအကျိုးခံပြီး ပြသသွားခဲ့ပါတယ်။အမျိုးသားတစ်ဦးဟာ အရင်နေ့က သူငယ်ချင်းများနှင့် KTVသို့သွားကာ သောက်စားပျော်ပါးခဲ့တာဖြစ်ပါတယ်။

ထို့နောက်တွင် အမျိုးသားဟာ ဆိုင်တွင်ရှင်းလာရသည့် ပိုက်ဆံဘောင်ချာကို အိတ်ကပ်ထဲတွင် ပါလာခဲ့ပါတယ်။ဇနီးသည်ဖြစ်သူဟာ ဘောင်ချာစာရွက်ကို တွေ့ရှိသွားခဲ့ပြီးနောက်တွင် အမျိုးသားဟာ ကောင်းကောင်းလေးကို ဆုံးမခံနေခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Unicode