ၾကားသိရသမွ်

ထန်တလန်အတွက် ကျားပေါက်လက်ရာ Doodle Art အိတ် ၉ လုံးကို အိတ်ပိတ်တင်ဒါဖြင့် ရောင်းချနေ

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တထောင့်တနေရာက ပါဝင်နေတဲ့ အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ အိတ် ၉ လုံးကို ထန်တလန်အတွက် အိတ်ပိတ်တင်ဒါပုံစံနဲ့ ရောင်းချနေပါတယ်။

Limited အနေနဲ့ ၁၀ အိတ်ပဲ ထုတ်ထားပြီး ၉ အိတ်ကို ရောင်းချသွားမှာဖြစ်ကာ တအိတ်ကိုတော့ Bipolar Bear Page ကနေ မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

Print ထုတ်ထားတာ မဟုတ်ဘဲ ကျားပေါက်ကိုယ်တိုင် လက်နဲ့ ရေးဆွဲထားတဲ့ အိတ်တွေကိုတော့ တလုံးကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၅၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ခုတခါမှာတော့ လေလံသဘောမျိုး စျေးပြိုင်ပေးရမှာမျိုး မဟုတ်ဘဲ မိမိ ပေးလိုတဲ့ အမြင့်ဆုံး စျေးနှုန်းကို တစ်ခါတည်းပြောပြီး အိတ်နံပါတ်နဲ့အတူ ပန်ဆယ်လိုရဲ့ မက်ဆင်ဂျာမှာ ပေးပို့ရမှာ ဖြစ်ကာ ဒီနေ့ည ၇ နာရီခွဲ နောက်ဆုံးထားပြီး စျေးထဲက အမြင့်ဆုံးပေးသူက ရရှိမှာ ဖြစ်ပါတယ်။

ကျားပေါက်ဟာ သိပ်မကြာခင်တုန်းကလည်း Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာတလက်ကို နွေဦးတော်လှန်ရေးအတွက် လေလံ တင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံး လေလံအောင်သွားခဲ့ပါတယ်။

***********

စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈမွာ တေထာင့္တေနရာက ပါဝင္ေနတဲ့ အဆိုေတာ္ ဟန္ထူးလြင္(ခ)က်ားေပါက္ရဲ့ Doodle Art ဖန္တီးမႈနဲ႔ အိတ္ ၉ လုံးကို ထန္တလန္အတြက္ အိတ္ပိတ္တင္ဒါပုံစံနဲ႔ ေရာင္းခ်ေနပါတယ္။

Limited အေနနဲ႔ ၁၀ အိတ္ပဲ ထုတ္ထားၿပီး ၉ အိတ္ကို ေရာင္းခ်သြားမွာျဖစ္ကာ တအိတ္ကိုေတာ့ Bipolar Bear Page ကေန မဲေဖာက္ေပးသြားမယ္လို႔ ဆိုပါတယ္။

Print ထုတ္ထားတာ မဟုတ္ဘဲ က်ားေပါက္ကိုယ္တိုင္ လက္နဲ႔ ေရးဆြဲထားတဲ့ အိတ္ေတြကိုေတာ့ တလုံးကို ၾကမ္းခင္းေစ်း အေမရိကန္ေဒၚလာ ၅၀၀ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ခုတခါမွာေတာ့ ေလလံသေဘာမ်ိဳး ေစ်းၿပိဳင္ေပးရမွာမ်ိဳး မဟုတ္ဘဲ မိမိ ေပးလိုတဲ့ အျမင့္ဆုံး ေစ်းႏႈန္းကို တစ္ခါတည္းေျပာၿပီး အိတ္နံပါတ္နဲ႔အတူ ပန္ဆယ္လိုရဲ့ မက္ဆင္ဂ်ာမွာ ေပးပို႔ရမွာ ျဖစ္ကာ ဒီေန႔ည ၇ နာရီခြဲ ေနာက္ဆုံးထားၿပီး ေစ်းထဲက အျမင့္ဆုံးေပးသူက ရရွိမွာ ျဖစ္ပါတယ္။

က်ားေပါက္ဟာ သိပ္မၾကာခင္တုန္းကလည္း Doodle Art ဖန္တီးမႈနဲ႔ Ukulele ဂစ္တာတလက္ကို ေႏြဦးေတာ္လွန္ေရးအတြက္ ေလလံ တင္ေရာင္းခ်ခဲ့ရာမွာ အေမရိကန္ေဒၚလာ ၂၇,၅၀၀ နဲ႔ အျမင့္ဆုံး ေလလံေအာင္သြားခဲ့ပါတယ္။

*************