ပြည်သူအများ အိမ်ထဲနေချိန် မန္တလေးတွင် စစ်ကား ၂ စီး အချင်းချင်းတိုက်၊ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်ဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ယနေ့ နိုင်ငံတဝန်း ပြည်သူများ အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်တော်လှန်ရေး Silent Strike ဆင်နွှဲနေချိန် မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၈ လမ်းထောင့်တွင် မွန်းလွဲ ၂
နာရီခန့်၌ အကြမ်းဖက်စစ်ကောင်စီ ကား ၂ စီး အချင်းချင်းတိုက်မိပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရကြောင်း သတင်းရရှိသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓါတ်ပုံတွင် ၃၅ လမ်းပေါ်၌ Double Cab အမျိုးအစား စစ်ကား ၁ စီးရပ်ထားပြီး စစ်သား ၂ ဦးမှာ ကားလမ်းမပေါ် လဲနေကာ အခြား
စစ်သား ၃ ဦးမှာ လမ်းပေါ် ပြန့်ကျဲနေသော သေနတ်များနှင့် အသုံးအဆောင်များ လိုက်လံကောက်ယူနေသည်ကို တွေ့ရှိရသည်။
Silent Strike အသံတိတ်သပိတ်ကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး အဆိုပါအချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ လူသွားလမ်းများ
ပေါ်တွင် ရှိနေခြင်းဖြစ်သည်။
Source : Khit Thit Media
ျပည္သူအမ်ား အိမ္ထဲေနခ်ိန္ မႏၲေလးတြင္ စစ္ကား ၂ စီး အခ်င္းခ်င္းတိုက္၊ စစ္သား ၄ ဦး ဒဏ္ရာျပင္းထန္ဟုဆို
ရန္ကုန္၊ ဒီဇင္ဘာ ၁၀
ယေန႔ ႏိုင္ငံတဝန္း ျပည္သူမ်ား အိမ္အျပင္မထြက္ဘဲ စစ္အာဏာရွင္ေတာ္လွန္ေရး Silent Strike ဆင္ႏႊဲေနခ်ိန္ မႏၲေလးၿမိဳ႕ ၃၅ လမ္းႏွင့္ ၇၈ လမ္းေထာင့္တြင္ မြန္းလြဲ ၂
နာရီခန႔္၌ အၾကမ္းဖက္စစ္ေကာင္စီ ကား ၂ စီး အခ်င္းခ်င္းတိုက္မိၿပီး စစ္သား ၄ ဦး အျပင္းအထန္ ဒဏ္ရာရေၾကာင္း သတင္းရရွိသည္။
လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လာေသာ ဓါတ္ပုံတြင္ ၃၅ လမ္းေပၚ၌ Double Cab အမ်ိဳးအစား စစ္ကား ၁ စီးရပ္ထားၿပီး စစ္သား ၂ ဦးမွာ ကားလမ္းမေပၚ လဲေနကာ အျခား
စစ္သား ၃ ဦးမွာ လမ္းေပၚ ျပန႔္က်ဲေနေသာ ေသနတ္မ်ားႏွင့္ အသုံးအေဆာင္မ်ား လိုက္လံေကာက္ယူေနသည္ကို ေတြ႕ရွိရသည္။
Silent Strike အသံတိတ္သပိတ္ကို ယေန႔ နံနက္ ၁၀ နာရီမွ ညေန ၄ နာရီအထိ ျပဳလုပ္ခဲ့ၿပီး အဆိုပါအခ်ိန္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသာ လူသြားလမ္းမ်ား
ေပၚတြင္ ရွိေနျခင္းျဖစ္သည္။
Source : Khit Thit Media



