unicode
ပရိတ်သတ်ကြီးရေ သဂုပ်ဆောင်ရင်လတ်ကတော့ အခုချိန်မှာစိတ်တွေညစ်နေရတယ်လို့သိရပါတယ် သူမဘာကြောင့်စိတ်ညစ်နေရလဲဆိုတာကို သူမရဲ့ လူမှုကွန်ရက်မှာ အောက်ပါအတိုင်းဖော်ပြထားပါတယ်
ကျွန်မ ဘယ်တုန်းကမှ အဲ့လို စကားတွေ မပြောထွက်ဖူးဘူး…
ခွင့်ပြုချက်မရှိပဲ ဘာလို့ သူများလိုလိုက်ဟန်ဆောင်နေရတာလဲရှင်?? တောင်းပန်ပါတယ် ကျွန်မနာမည်ယူသုံးခြင်း ရပ်ပေးပါ…
ကျွန်မနာမည်ယူသုံးပြီး ကျွန်မမပြောပဲပြောတယ်လုပ် မရေးပဲရေးတယ်လုပ် တင်နေတဲ့ Page ကြီး follower တွေလည်းများနေလို့ကြောက်ရတယ်
(ချစ်လို့ဖွင့်ပြီး fan page အနေနဲ့ ပုံယူတင်တဲ့ သူတွေကို ဘာမှမပြောခဲ့ဘူး) ခုကသက်သက်ကို ပိုအဆဲခံရအောင် လုပ်နေသလိုပဲ ..တောင်းပန်ပါတယ်ရှင် ကျွန်မနာမည်ယူသုံးပြီး ပေါက်ကရတွေ လျှောက်မတင် လျှောက်မရေးပါနဲ့တော့
Page ကိုင်တဲ့ admin ဘယ်သူလဲမသိပေမဲ့ကျွန်မကို အများကြီးထိခိုက်စေတဲ့အရေးသားတွေ အများကြီးရေးခဲ့ပြီး ကျွန်မအပေါ် လူတွေ အမြင်ကိုလည်း လွဲမှားသက်ရောက်စေတဲ့အတွက် ..ဒီ ဘယ်သူသုံးနေမှန်းမသိတဲ့ ကျွန်မနာမည်နဲ့ pageတုကြီးကို report တင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်..
တစ်ခုတည်းသော ကျွန်မသုံးတဲ့ page ကိုလည်းပြောပြထားပါတယ်နော် YIN LET ‘s page ကမှ ကျွန်မကိုယ်တိုင်သုံးတဲ့ တစ်ခုတည်းသော page အစစ်ပါ ..
အခြား acc တွေ page တုတွေကတဖြည်းဖြည်းလွန်လာလို့ ပိုပြီးထိခိုက်ရပါတယ် ..
ခုလည်း ဒီ နာမည်တောင်မှန်အောင်မပေါင်းထားတဲ့ page တုကြီးရဲ့ အရေးသားတွေက တော်တော်ဆိုးဆိုး
ယဉ်လက်အစစ်က ခုလိုစကားတွေ ပြောမထွက်ဘူး တခါမှလည်းမပြောခဲ့ဖူးဘူး
သူများလာပြမှ သတင်းတွေတက်တက်လာမှငါလည်းမရေးဖူးပါပဲ ဘာလို့ မီဒီယာတွေက တင်ကြလဲမှတ်တာ မီဒီယာများအတုအစစ် ခွဲခြားတတ်ပါစေ
မေတ္တာရပ်ခံပါတယ် ဒီpage ကြီးကို report တင်ပေးကြပါရှင်…