တောင်ဥက္ကလာမှာ စစ်တပ် ကကားနဲ့တိုက်ဖမ်းခဲ့သူတွေကို ဒီနေ့မှာ စစ်ကြောရေး ကိုထပ်မံမတရားပို့ဆောင်
ဧပြီလ ၂၁ ရက်နေ့။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ ဌာနမှုးမခိုင်သဉ္ဇာအေးအပါအဝင်သုံးဦးကို စစ်တပ်က မနေ့က တောင်ဥက္ကလာပမြို့နယ်က
ဆန့်ကျင်ပြလှုပ်ရှားမှုအပြီးမှာ ကားနဲ့တိုက်ဖမ်းဆီးပြီး ရိုက်နှက်ကာ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကြောရေးကို ပို့ဆောင်လိုက်ပြီလို့ အုပ်ချုပ်နဲ့နီးစပ်သူတွေဆီက သိရပါသည်။
တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ(၃၁) ကားဂိတ်အနီးမှာ မနေ့က CTUM အဖွဲ့ဝင်တွေနဲ့အခြားသော ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေပါဝင်တဲ့လူငယ်သပိတ်
စစ်ကြောင်းကို စစ်တပ်ကကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့ရာ ဌာနမှုး မခိုင်သဉ္ဇာအေးအပါအဝင်သုံးဦးဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ကိုပြောပါသည်။
“သူတို့က ဆန္ဒပြပွဲအပြီး ကားနဲ့ပြန်တာ ဒလန်ကသတင်းပေးလို့ စစ်တပ်က ကားနဲ့လိုက်တိုက်ပြီး ဖမ်းတာ နောက်ဆုံးမှာမိသွားတယ် ကားသမားရောသူတို့နှစ်ဦးရော ရိုက်နှက်ပြီး ဖမ်းသွားတာ”ဟုပြောသည်။
ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူနှစ်ဦးမှာ ဒေါ်ခိုင်သဉ္ဇာအေး
(CTUM – ဌာနမှူး၊ ဆက်သွယ်ရေးဌာန) နဲ့ ဒေါ်အိဖြူဖြူမြင့် (အဖွဲ့ဝင် – ယခင် Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားသမဂ္ဂ၊
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် – IWFM)Taxi ယာဉ်မောင်းတို့ဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတစ်ဦးက ပြောပါသည်။
“တောင်ဥက္ကလာရဲစခန်းမှာ အရင်ဖမ်းထားတာ ဒီနေ့ နေ့လယ်ကပဲ ရွှေပြည်သာစစ်ကြောရေးကိုပို့လိုက်ပြီ သုံးဦးစလုံးကို”လို့ ပြောပါသည်။
ဖမ်းဆီးခံရသူသုံးဦးစစ်ကြောရေးမှာ စစ်ဆေးပြီးမှသာ တောင်ဥက္ကလာရဲစခန်းကို ပြန်လည်ပို့ဆောင်ပြီး အမှုဖွင့်မှာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲတစ်ဦးက ရှင်းပြပါသည်။
ဒီလိုရိုက်နှက်ဖမ်းဆီးခံရတဲ့ကိစွနဲ့ပါတ်သတ်လို့CTUM အဖွဲ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO)၊ အပြည်ပြည် ဆိုင်ရာ
အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC)နဲ့ အခြားသော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေကိုစစ်အာဏာရှင်အုပ်စုကို အရေးယူဖို့ တောင်းဆိုသွားမယ်လို့ထုတ်ပြန်ထားပါသည်။
ဖမ်းဆီးခံရသူနှစ်ဦးဖြစ်တဲ့ ဒေါ်ခိုင်သဉ္ဇာအေး (ခ) ဘုတ်ဘုတ် (ခ) ဖောင်ရိုး (CTUM – ဌာနမှူး၊ ဆက်သွယ်ရေးဌာန) နှင့် ဒေါ်အိဖြူဖြူမြင့်
(အဖွဲ့ဝင် – ယခင် Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားသမဂ္ဂ၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် – IWFM)တို့နှစ်ဦးဟာ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းCivil Disobedience Movement (CDM) လှုပ်ရှားမှုများ၊ ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ဖမ်းဆီးခံရတဲ့အချိန်ထိ ပါဝင်လှုပ်ရှားနေကြသူနှစ်ဦးပဲဖြစ်ပါသည်။
Zawgyicode
ေတာင္ဥကၠလာမွာ စစ္တပ္ ကကားနဲ႔တိုက္ဖမ္းခဲ့သူေတြကို ဒီေန႔မွာ စစ္ေၾကာေရး ကိုထပ္မံမတရားပို႔ေဆာင္
ဧၿပီလ ၂၁ ရက္ေန႔။
ျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM)မွ ဌာနမႈးမခိုင္သၪၨာေအးအပါအဝင္သုံးဦးကို စစ္တပ္က မေန႔က ေတာင္ဥကၠလာပၿမိဳ႕နယ္က
ဆန႔္က်င္ျပလႈပ္ရွားမႈအၿပီးမွာ ကားနဲ႔တိုက္ဖမ္းဆီးၿပီး ႐ိုက္ႏွက္ကာ ဒီေန႔ ေန႔လယ္ပိုင္းမွာ စစ္ေၾကာေရးကို ပို႔ေဆာင္လိုက္ၿပီလို႔ အုပ္ခ်ဳပ္နဲ႔နီးစပ္သူေတြဆီက သိရပါသည္။
ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ျမင္သာ(၃၁) ကားဂိတ္အနီးမွာ မေန႔က CTUM အဖြဲ႕ဝင္ေတြနဲ႔အျခားေသာ ဒီမိုကေရစီ ေတာ္လွန္ေရး အင္အားစုေတြပါဝင္တဲ့လူငယ္သပိတ္
စစ္ေၾကာင္းကို စစ္တပ္ကကားနဲ႔တိုက္ၿပီး ႐ိုက္ႏွက္ဖမ္းဆီးခဲ့ရာ ဌာနမႈး မခိုင္သၪၨာေအးအပါအဝင္သုံးဦးဖမ္းဆီးခံခဲ့ရတာျဖစ္တယ္လို႔ ရပ္ကြက္ေနသူတစ္ဦးက ကိုေျပာပါသည္။
“သူတို႔က ဆႏၵျပပြဲအၿပီး ကားနဲ႔ျပန္တာ ဒလန္ကသတင္းေပးလို႔ စစ္တပ္က ကားနဲ႔လိုက္တိုက္ၿပီး ဖမ္းတာ ေနာက္ဆုံးမွာမိသြားတယ္ ကားသမားေရာသူတို႔ႏွစ္ဦးေရာ ႐ိုက္ႏွက္ၿပီး ဖမ္းသြားတာ”ဟုေျပာသည္။
႐ိုက္ႏွက္ဖမ္းဆီးျခင္းခံခဲ့ရသူႏွစ္ဦးမွာ ေဒၚခိုင္သၪၨာေအး
(CTUM – ဌာနမႉး၊ ဆက္သြယ္ေရးဌာန) နဲ႔ ေဒၚအိျဖဴျဖဴျမင့္ (အဖြဲ႕ဝင္ – ယခင္ Myanmar Guotai Huasheng Glory Fashion အထည္ခ်ဳပ္စက္႐ုံ အေျခခံ အလုပ္သမားသမဂၢ၊
ျမန္မာႏိုင္ငံကုန္ထုတ္ႏွင့္ စက္မႈလက္မႈ အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ – IWFM)Taxi ယာဥ္ေမာင္းတို႔ျဖစ္တယ္လို႔ ရဲစခန္းနဲ႔နီးစပ္သူတစ္ဦးက ေျပာပါသည္။
“ေတာင္ဥကၠလာရဲစခန္းမွာ အရင္ဖမ္းထားတာ ဒီေန႔ ေန႔လယ္ကပဲ ေ႐ႊျပည္သာစစ္ေၾကာေရးကိုပို႔လိုက္ၿပီ သုံးဦးစလုံးကို”လို႔ ေျပာပါသည္။
ဖမ္းဆီးခံရသူသုံးဦးစစ္ေၾကာေရးမွာ စစ္ေဆးၿပီးမွသာ ေတာင္ဥကၠလာရဲစခန္းကို ျပန္လည္ပို႔ေဆာင္ၿပီး အမႈဖြင့္မွာျဖစ္တယ္လို႔ အမည္မေဖာ္လိုသူရဲတစ္ဦးက ရွင္းျပပါသည္။
ဒီလို႐ိုက္ႏွက္ဖမ္းဆီးခံရတဲ့ကိစြနဲ႔ပါတ္သတ္လို႔CTUM အဖြဲ႕က အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ခ်ဳပ္ (ILO)၊ အျပည္ျပည္ ဆိုင္ရာ
အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ (ITUC)နဲ႔ အျခားေသာ အလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္ေတြကိုစစ္အာဏာရွင္အုပ္စုကို အေရးယူဖို႔ ေတာင္းဆိုသြားမယ္လို႔ထုတ္ျပန္ထားပါသည္။
ဖမ္းဆီးခံရသူႏွစ္ဦးျဖစ္တဲ့ ေဒၚခိုင္သၪၨာေအး (ခ) ဘုတ္ဘုတ္ (ခ) ေဖာင္႐ိုး (CTUM – ဌာနမႉး၊ ဆက္သြယ္ေရးဌာန) ႏွင့္ ေဒၚအိျဖဴျဖဴျမင့္
(အဖြဲ႕ဝင္ – ယခင္ Myanmar Guotai Huasheng Glory Fashion အထည္ခ်ဳပ္စက္႐ုံ အေျခခံ အလုပ္သမားသမဂၢ၊ ျမန္မာႏိုင္ငံကုန္ထုတ္ႏွင့္ စက္မႈလက္မႈ အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ – IWFM)တို႔ႏွစ္ဦးဟာ
စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္းCivil Disobedience Movement (CDM) လႈပ္ရွားမႈမ်ား၊ ဒီမိုကေရစီေတာ္လွန္ေရးလႈပ္ရွားမႈေတြမွာ ဖမ္းဆီးခံရတဲ့အခ်ိန္ထိ ပါဝင္လႈပ္ရွားေနၾကသူႏွစ္ဦးပဲျဖစ္ပါသည္။