ေဗဒင္

21.April.2022 မှ 27.April..2022 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

21.April.2022 မှ 27.April..2022 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ကြီးကြီးမားမားတွေကြံစည်လုပ်ကိုင်လို့မရတဲ့ကာလပါပဲ။ အကြံကြီးလေ ပျက်လွယ်လေပါပဲ။ ဖြစ်ပေါ်လာ တဲ့အခြေအနေကိုမီးစင်ပြီးကရမဲ့ ကာလပဲဖြစ်ပါတယ်။ လူကြီးတွေနဲ့ သဘောတာမတူတာလေးတွေရှိနေတတ်ပါ တယ်။ အတိုက်အခံမလုပ်ဘဲ ညှိယူရင်တော့ကောင်းစွာအဆင်ပြေနိုင်ပါတယ်။ လူချစ်လူခင်များနေတဲ့ကာလဖြစ်လို့ ကူညီမဲ့သူတွေလဲပေါများပါလိမ့်မယ်။ တစ်ခုသတိထားရမှာက မိမိကိုယ်တိုင်က ဟိုဟာလုပ်ရနိုး၊ဒီဟာလုပ်ရနိုးဆို တာမျိုးဖြစ်နေတတ်ပါတယ်။ တစ်ခုခုကိုဇောက်ချပြီး အာရုံမပျံ့လွင့်ဖို့လိုအပ်ပါတယ်။ ငွေကံက ဝင်လိုက်၊ပြန်ထွက် လိုက်ဖြစ်နေတဲ့ကာလပဲဖြစ်ပါတယ်။

အလှအပကိစ္စ၊ဘဏ်ကိစ္စများဆောင်ရွက်လို့အဆင်ပြေတဲ့ကာလပါပဲ။အချစ်ရေးကောင်းသည်။ အင်တာနက်ပေါ်ကနေ ချစ်သူအသစ်ထပ်တွေ့မည်။ ခရီးယာယီထွက်ဖြစ်မည်။ ဖုန်း ဒါမှမဟုတ် စက်ပစ္စည်းတစ်ခုခုဝင်မည်။ လက်ဆောင်လည်းရမည်။အိမ်ထောင်ရေးကတော့ ဒီကာလညံ့မည်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေဖြစ်ရလိမ့်မယ်။ ကျန်းမာရေးတော့ဂရုစိုက်ဖို့လိုသည်။ အားနည်းအောင်မနေပါနှင့်။ ရောဂါကူးစက်လွယ်ပါသည်။ စာမေးပွဲကံ၊အင်တာဗျူးကံအထူးကောင်းနေမည်။အကျိုးပေးဂဏန်း ၁/၅/၂ အထူးဟော ကံအကောင်းအဆိုးမျှပါတယ်။ယတြာ ပြောင်းဖူးကြော်စားသွားပါ

တနင်္လာ

ဒီလိုကာလမျိုးကတော့နာမည်ကြီးထမင်းငတ်ဆိုတာမျိုးဖြစ်နေတဲ့ကာလပဲဖြစ်ပါတယ်။ငွေကြေးကရှိရဲ့သားနဲ့ကို အလုပ်ကြောင့်ငွေကြေးအကြပ်အတည်းယာယီဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ အလုပ်ထဲမှာငွေတွေမြုပ် ပြီးပြန်မပေါ်တာမျိုးတွေဖြစ်ရတတ်ပါတယ်။ပညာဉာဏ်ကြီးသူတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။ ဒီအပတ် ထဲမှာ တစ်ဦးတစ်ယောက်ပညာရပ်တစ်ခုခုလာသင်ပေးရင် ခံယူလိုက်ပါ။ ဒီအပတ်ထဲရတဲ့ပညာက ဘဝအတွက် အကျိုးရှိပါလိမ့်မယ်။

စီးပွားရေးနဲ့ ပတ်သက်ပြီးသင့်တင့်စွာ ကောင်းမွန်နေပေမဲ့ အလုပ်သစ်ချဲ့တာမျိုးတွေ၊ကုန် လှောင်တာမျိုးတွေကိုတော့ တတ်နိုင်သ၍ ဆင်ဆင်ခြင်ခြင်လုပ်စေချင်ပါတယ်။လူငယ်စီးပွားရေးသမားများ အပျော် အပျက်ဘက်ကိုအားသန်နေတဲ့ကာလပဲဖြစ်ပါတယ်။ချစ်သူပြောစကားနှင့် အပေါင်းအသင်းပြောစကားတို့ကိုလည်း ဆင်ခြင်ပြီးမှ ယုံပါ။

မိဘသဘောမတူသည့်ကြားမှ ချစ်သူနှင့်ခိုးပြေးရတဲ့အဖြစ် ရောက်ကိန်းရှိသည်။ကျန်းမာရေးကတော့ အားအနည်းဆုံးလို့ ပြောရပါလိမ့်မယ်။ ကိုယ်ခံအားနည်းနေတဲ့သဘောပါ။ပညာရေးကတော့ မိမိရဲ့ ဝီရိယအပေါ်အခြေခံတယ်လို့ပဲ ပြောရမှာပါ။ အရင်ကထက် ပိုမိုအားထည့်
သင့်ပါတယ်။အကျိုးပေးဂဏန်း ၃/၆/၉/အထူးဟော ရင်းနှီးမြုပ်နှံမှုထက် လက်ရှိအလုပ်ကိုပဲပိုကောင်းအောင်လုပ်ပါယတြာ သပြေပန်းဘုရားလှူပါ။

အင်္ဂါ

အလုပ်ထဲတွင် အမြင်မတော်တာတွေ့တိုင်း လုပ်မိပြောမိနေ၍ မိမိပဲစိတ်ပန်းလူပန်းဖြစ်နေရမည်။ အချစ်ရေးမှာ မိမိကကြားစကားတွေကို ယုံမိနေတတ်သည်။ အိမ်ထောင်ရေး မှာတော့ အတိုက်အခံမပြောဘဲနေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တစ်ခွန်းစ နှစ်ခွန်းစ စကားများရာကနေ လက်ပါသည်အထိဖြစ်တတ်တယ်။ပညာရေး အထူးကောင်းနေပါမည်။ ကြိုးစားပါ။ထွန်းပေါက်လာလိမ့်မည်။လုပ်ငန်းတို့အပြီးမသတ် တစ်ပိုင်းတစ်စဖြစ်မည်။ အတိုအထွာ ခရီးဝေး ယာယီတွေရောက်မည်။ ကျန်းမာရေးအနည်းငယ် ချုချာတတ်သည်။

အစာအိမ်ရောဂါ ဖြစ်တတ်သည်။ ဂရုစိုက်ပါ။ လက်ထဲမှာရှိသော စက်ပစ္စည်းတွေ ပျက်စီးတတ်ပါတယ်။တစ်ယောက်နှင့်တစ်ယောက် အပြောမှား၊ အထင်အမြင်လွဲမှားမှု၊ သဘောထားကွဲလွဲမှုတွေ့ကြောင့် ချစ်သူအချင်းချင်း၊ သို့မဟုတ် လုပ်ငန်းတူအချင်းချင်း ၊ မိဘသားချင်းချင်း ၊ အရင်းနှီးဆုံးသူငယ်ချင်းများနှင့် စိတ်ဝမ်းကွဲပါလိမ့်မည်။ ရန်ဖြစ်တတ်ပါသည်။ ဝါးအစီးပြေလျော့သလို စည်းလုံးမှုပျက် ပြားတဲ့ကာလပဲဖြစ်ပါတယ်။ သံသယရှိနေရင် ဒီကာလအတွင်း ခဏဆိုင်းငံ့ထားပြီး မဖြေရှင်းတာအကောင်းဆုံးပါအကျိုးပေးဂဏန်း ၁/၀/၇အထူးဟော ကံအညံ့များတယ်ဗျ ယတြာ ဘုရားကို နေ့စဥ် ယပ်တော်သွင်း ကုသိုလ်ယူပါ

ဗုဒ္ဓဟူး/ရာဟု

အလုပ်ကိစ္စမှာ စေတနာကို ဝေဒနာဟု မှတ်ထင်ခံရမည်။ မိဘသားချင်းအတွက် ငဲ့ညှာမှုရှိလာသလို အကူအညီလဲပေးနေမိလိမ့်မည်။ ဖြစ်ချင်တာလေးတွေ နှောင့်နှေးနေမည်။ ဘာသာရေး လိုက်စားသူများ အသိထူးရတတ်သည်။ စိတ်ရှည်သည်းခံပါက အောင်မြင်မှုတွေ ရလာလိမ့်မည်။ ကျန်းမာရေး အထူးကောင်းမွန်လာလိမ့်မည်။ သို့သော်ရောဂါဟောင်းဝေဒနာဟောင်းတွေကတော့ ဆေးမတိုးသလိုဖြစ်နေပါလိမ့်မယ်။ ပညာရေးလဲ မှန်းထားတာထက်သာလွန်ပြီး အောင်မြင်မှုရလာမည်။ အိမ်ထောင်သည်များ အိမ်ထောင်ဘက်ကို ဂရုစိုက်ပါ။ အလုပ်အပေါ်ပဲ အချိန်ပြည့်စိတ်နှစ်ထားတာမျိုးလျော့ပါ။

စိတ်တွေလေမည်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေမည်။ ဖြစ်ချင်တာတွေများပြီး ဖြစ်မလာသေးသောကြောင့် စိတ်မော လူမောတွေဖြစ်နေမည်။ ငွေကတော့ အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေရတတ်ပါတယ်။ ခရီးယာယီ အတိုအထွာများ မရည်ရွယ်ဘဲ သွားရလိမ့်မည်။ လမ်းများရတယ်ပေါ့ဗျာ။အချစ်ရေးမှာ စိတ်ရှုပ်စရာတွေ ကြုံမည်။ ချစ်သူကမိမိအပေါ် နားလည်မှုလွဲနေမည်။သူ့ကို အေးဆေးရှင်းပြပါ။အကျိုးပေးဂဏန်း ၈/၁/၅အထူးဟော စိတ်ရှုပ်စရာလေးတွေတော့ ရောပါနေတတ်ပါတယ်။ယတြာ ဖိနပ်ပြတ်/ထီးပျက်ရှိရင် စွန့်ပစ်လိုက်ပါ

ကြာသပတေး

ကောင်းသောကံတွေပေါ်ထွန်းနေပါတယ်။ ဘာသာရေးမမေ့သူတွေပိုကံကောင်းမယ်။မိမိကိုစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ထူးတွေရဲ့ မစခြင်းကိုရရှိမယ်။ငွေရစရာကိစ္စကြောင့် ခရီးသွားရတတ်သည်။ ငွေဝင်ကိန်းရှိသည်။ လုပ်ငန်း အောင်မြင်မှု ရမည်။ ငယ်ရွယ်သူတို့အတွက် စိတ်ရှုပ်ရမည်။ ချစ်သူကြောင့် စိတ်ညစ်စရာတွေကြုံရမည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း၊ စပ်တူရှယ်ယာ လုပ်ရခြင်းတို့ ဖြစ်လာမည်။ စကားပြောဆင်ခြင်ပါ။ အထင်လွဲမှားခံရမည်။

စေတနာနဲ့ ပြောတဲ့ စကား ဝေဒနာဖြစ်ရတတ်သည်။ ကျန်းမာရေးကံ အရမ်းမညံ့ပါ။ နှာစေးချောင်းဆိုးလောက်တော့ ဖြစ်နေမည်။ ပညာရေးကံ အထူးကောင်းပါတယ်။မိမိမှန်းထားသလိုဖြစ်လာတတ်ပါတယ်။ ပညာရပ်အသစ်များ စတင်သင်ကြားလို့အထူးကောင်းပါတယ်။ဝမ်းသာစရာ၊ ဂုဏ်ယူစရာ ပီတိဖြစ်စရာတွေ ရလာမည်၊ တွေ့လာမည်၊ မြင်လာမည်။ မိသားစုအတွက် စိတ်ချမ်းသာမှုရမည်။ စက်ပစ္စည်းအသစ်ဝယ်ဖြစ်မည်။ ရွှေကတော့ မဝင်သင့်သေးပါဘူး။ ခြေ၊ လက်တို့ အနာတရဖြစ်တတ်သည်။ သတိထားပါ။အကျိုးပေးဂဏန်း ၅/၂/၉အထူးဟော ကံမြင့်မားမည် ယတြာ ညဘက်မှာ ခြံထဲ အမွှေးတိုင်ထွန်းပြီး ပုဂ္ဂိုလ်တွေကို မေတ္တာပို့ပါ။သူတို့မေတ္တာခံယူပါ

သောကြာ

အချစ်ရေး နှင့် စီးပွားရေး နှစ်ခု စလုံး ပြိုင်ဝင်သောကာလပဲ ဖြစ်ပါတယ်။ ချစ်သူ ခင်သူပေါများခြင်း၊ အခြွေအရံ တပည့်ကောင်းများတိုးပွားခြင်း၊ မိမိ အလုပ်ကို ကူညီ မစ စောင့်ရှောက်မည့်သူများ အလိုအလျောက် ပေါ်ပေါက်လာခြင်းမျိုးရှိတတ်ပါတယ်။ အချစ် ရေးတွင် မိမိကိုချစ်ကြိုက်သောသူများပေါ်မည်။ အိမ်ထောင်ရေးတွင် သားသမီးရှိသူများအနေဖြင့် သားသမီးများမှတဆင့် သတင်းကောင်းကြားရခြင်းများ ဖြစ်စေ တတ်ပါသည်။ မိမိအိမ်ထောင်သည်၏ အလိုလိုက်မှုချစ်ခင်မှု အပြည့်အဝရရှိပြီး အိမ်ထောင်ရေးသုခကောင်းမွန် စွာ ရရှိသော ရက်ပိုင်းလေးပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ရံဖန်ရံခါ ခေါင်းမူးခြင်းအကြောတတ်ခြင်း၊ ခြေထောက်ထုံခြင်း၊ လေးလံခြင်းများ ဖြစ်စေတတ်ပါတယ်။

စီးပွားရေးတွင်လည်း အောင်မြင်မှုလမ်းစ ရောင်နီသန်းလာသဖြင့် ဒီရက်ပိုင်းအတွင်း မိမိလုပ်ချင်တဲ့ အလုပ်၊ တိုးချဲ့ချင်သော အလုပ်များရှိပါက ဒီရက်လေးအတွင်းမှာ အစပျိုးပေး ပါ။ အောင်မြင်ပါလိမ့်မည်။စိတ်ကို တစ်ခုတည်းတွင် အာရုံစိုက်ပါ။ မိမိစိတ် ဟိုရောက်၊ ဒီရောက် ဒီအလုပ်ကောင်းနိုးနိုး၊ ဟိုအလုပ်ကောင်းနိုးနိုး မလုပ်ပါနဲ့။ အလုပ်တစ်ခုဆိုတစ်ခု တစိုက်မတ်မတ်လုပ်ချင်အားဖြင့် အောင်မြင်ကြီးပွားချမ်းသာရရှိနိုင်ပါသည်။အကျိုးပေးဂဏန်း ၃/၀/၆အထူးဟော စိတ်ချမ်းသာရမယ် ယတြာ အခင်ဆုံးမိတ်ဆွေတစ်ဦးကို သူကြိုက်တတ်တာတစ်ခုခု ဝယ်ကျွေးလိုက်ပါ

စနေ
လူမှုရေးနဲ့နွယ်သော အမှုဟောင်း ပြဿနာဟောင်းများပေါ်တတ်ပါတယ်။အလုပ်နဲ့ပတ်သက်၍ အဆင်ပြေချောမွေ့မှုများ ရရှိနိုင်သည့် အရိပ်အယောင်ပေါ်ပေမယ့် တကယ်တမ်း လက်တွေ့တွင်အထစ်အငေါ့လေးများ ရှိနေတတ်ပါသည်။ ပြိုင်ဆိုင်သူများခြင်း၊အတိုက်အခိုက်များ ခြင်းတို့ကြောင့် စိတ်ညစ်စရာများကြုံကြိုက်သော်လည်းထိုအရာများကို ရင်ဆိုင်ဖြေရှင်းသည်းခံနိုင်လျှင် အောင်မြင်မှု များရနိုင်ပါသည်။အချစ်ရေးနဲ့ ပတ်သက်ပြီး ပြတ်သွားသော ရည်းစားဟောင်းက နှောင့်ယှက်နေလိမ့်မည်။ မိမိချစ်သူအသစ်ရသော်လည်း အဆင်မ ပြေဖြစ်တတ်သည်။

ကျန်းမာရေးနဲ့ပတ်သက်၍ လေနာ ဗိုက်နာ သတိထားပါ။ စီးပွားရေး ပတ်သက်ပြီး မိမိလူရင်းများ က အမြတ်ပိုတင်ခြင်း၊ကောက်ကျစ်ခြင်းကို ခံရတတ်သည်။အိမ်ထောင်ရေးတွင် မိမိအိမ်ထောင်သည်နဲ့ နားလည်မှုအနည်းငယ်လွဲတတ် ပါတယ်။မိသားစုကြောင့် အနည်းငယ် စိတ်သောက ရောက်တတ်ပါတယ်။ အဖုအထစ် အနည်းငယ်ရှိပါတယ်။စိတ် သွားတိုင်း ကိုယ်မပါသလိုဖြစ်နေသော ရက်ပိုင်းတွေဖြစ်လို့ မိမိကို မိမိအားမလိုအားမရ ဒေါသထွက်ခြင်း၊ မကြာခဏ ဖြစ် တတ်ပါသည်။အကျိုးပေးဂဏန်း ၅/၇/၀အထူးဟော အနည်းငယ်ပင်ပန်းမယ်။ယတြာ ဖရဲသီးစိပ်ဘုရားကပ်ပေးပါ

၇ရက်သားသမီးအပေါင်းစိတ်ချမ်းသာ၊ကိုယ်ကျန်းမာနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09775555695…

Zawgyi

21.April.2022 မွ 27.April..2022 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ႀကီးႀကီးမားမားေတြႀကံစည္လုပ္ကိုင္လို႔မရတဲ့ကာလပါပဲ။ အႀကံႀကီးေလ ပ်က္လြယ္ေလပါပဲ။ ျဖစ္ေပၚလာ တဲ့အေျခအေနကိုမီးစင္ၿပီးကရမဲ့ ကာလပဲျဖစ္ပါတယ္။ လူႀကီးေတြနဲ႔ သေဘာတာမတူတာေလးေတြရွိေနတတ္ပါ တယ္။ အတိုက္အခံမလုပ္ဘဲ ညႇိယူရင္ေတာ့ေကာင္းစြာအဆင္ေျပႏိုင္ပါတယ္။ လူခ်စ္လူခင္မ်ားေနတဲ့ကာလျဖစ္လို႔ ကူညီမဲ့သူေတြလဲေပါမ်ားပါလိမ့္မယ္။ တစ္ခုသတိထားရမွာက မိမိကိုယ္တိုင္က ဟိုဟာလုပ္ရႏိုး၊ဒီဟာလုပ္ရႏိုးဆို တာမ်ိဳးျဖစ္ေနတတ္ပါတယ္။ တစ္ခုခုကိုေဇာက္ခ်ၿပီး အာ႐ုံမပ်ံ႕လြင့္ဖို႔လိုအပ္ပါတယ္။ ေငြကံက ဝင္လိုက္၊ျပန္ထြက္ လိုက္ျဖစ္ေနတဲ့ကာလပဲျဖစ္ပါတယ္။

အလွအပကိစၥ၊ဘဏ္ကိစၥမ်ားေဆာင္႐ြက္လို႔အဆင္ေျပတဲ့ကာလပါပဲ။အခ်စ္ေရးေကာင္းသည္။ အင္တာနက္ေပၚကေန ခ်စ္သူအသစ္ထပ္ေတြ႕မည္။ ခရီးယာယီထြက္ျဖစ္မည္။ ဖုန္း ဒါမွမဟုတ္ စက္ပစၥည္းတစ္ခုခုဝင္မည္။ လက္ေဆာင္လည္းရမည္။အိမ္ေထာင္ေရးကေတာ့ ဒီကာလညံ့မည္။ အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပျဖစ္ရလိမ့္မယ္။ က်န္းမာေရးေတာ့ဂ႐ုစိုက္ဖို႔လိုသည္။ အားနည္းေအာင္မေနပါႏွင့္။ ေရာဂါကူးစက္လြယ္ပါသည္။ စာေမးပြဲကံ၊အင္တာဗ်ဴးကံအထူးေကာင္းေနမည္။အက်ိဳးေပးဂဏန္း ၁/၅/၂ အထူးေဟာ ကံအေကာင္းအဆိုးမွ်ပါတယ္။ယၾတာ ေျပာင္းဖူးေၾကာ္စားသြားပါ

တနလၤာ

ဒီလိုကာလမ်ိဳးကေတာ့နာမည္ႀကီးထမင္းငတ္ဆိုတာမ်ိဳးျဖစ္ေနတဲ့ကာလပဲျဖစ္ပါတယ္။ေငြေၾကးကရွိရဲ႕သားနဲ႔ကို အလုပ္ေၾကာင့္ေငြေၾကးအၾကပ္အတည္းယာယီျဖစ္တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ အလုပ္ထဲမွာေငြေတြျမဳပ္ ၿပီးျပန္မေပၚတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ပညာဉာဏ္ႀကီးသူေတြရဲ႕အကူအညီေတြရလာတတ္ပါတယ္။ ဒီအပတ္ ထဲမွာ တစ္ဦးတစ္ေယာက္ပညာရပ္တစ္ခုခုလာသင္ေပးရင္ ခံယူလိုက္ပါ။ ဒီအပတ္ထဲရတဲ့ပညာက ဘဝအတြက္ အက်ိဳးရွိပါလိမ့္မယ္။

စီးပြားေရးနဲ႔ ပတ္သက္ၿပီးသင့္တင့္စြာ ေကာင္းမြန္ေနေပမဲ့ အလုပ္သစ္ခ်ဲ႕တာမ်ိဳးေတြ၊ကုန္ ေလွာင္တာမ်ိဳးေတြကိုေတာ့ တတ္ႏိုင္သ၍ ဆင္ဆင္ျခင္ျခင္လုပ္ေစခ်င္ပါတယ္။လူငယ္စီးပြားေရးသမားမ်ား အေပ်ာ္ အပ်က္ဘက္ကိုအားသန္ေနတဲ့ကာလပဲျဖစ္ပါတယ္။ခ်စ္သူေျပာစကားႏွင့္ အေပါင္းအသင္းေျပာစကားတို႔ကိုလည္း ဆင္ျခင္ၿပီးမွ ယုံပါ။

မိဘသေဘာမတူသည့္ၾကားမွ ခ်စ္သူႏွင့္ခိုးေျပးရတဲ့အျဖစ္ ေရာက္ကိန္းရွိသည္။က်န္းမာေရးကေတာ့ အားအနည္းဆုံးလို႔ ေျပာရပါလိမ့္မယ္။ ကိုယ္ခံအားနည္းေနတဲ့သေဘာပါ။ပညာေရးကေတာ့ မိမိရဲ႕ ဝီရိယအေပၚအေျခခံတယ္လို႔ပဲ ေျပာရမွာပါ။ အရင္ကထက္ ပိုမိုအားထည့္
သင့္ပါတယ္။အက်ိဳးေပးဂဏန္း ၃/၆/၉/အထူးေဟာ ရင္းႏွီးျမဳပ္ႏွံမႈထက္ လက္ရွိအလုပ္ကိုပဲပိုေကာင္းေအာင္လုပ္ပါယၾတာ သေျပပန္းဘုရားလႉပါ။

အဂၤါ

အလုပ္ထဲတြင္ အျမင္မေတာ္တာေတြ႕တိုင္း လုပ္မိေျပာမိေန၍ မိမိပဲစိတ္ပန္းလူပန္းျဖစ္ေနရမည္။ အခ်စ္ေရးမွာ မိမိကၾကားစကားေတြကို ယုံမိေနတတ္သည္။ အိမ္ေထာင္ေရး မွာေတာ့ အတိုက္အခံမေျပာဘဲေနတာအေကာင္းဆုံးျဖစ္ပါလိမ့္မယ္။ တစ္ခြန္းစ ႏွစ္ခြန္းစ စကားမ်ားရာကေန လက္ပါသည္အထိျဖစ္တတ္တယ္။ပညာေရး အထူးေကာင္းေနပါမည္။ ႀကိဳးစားပါ။ထြန္းေပါက္လာလိမ့္မည္။လုပ္ငန္းတို႔အၿပီးမသတ္ တစ္ပိုင္းတစ္စျဖစ္မည္။ အတိုအထြာ ခရီးေဝး ယာယီေတြေရာက္မည္။ က်န္းမာေရးအနည္းငယ္ ခ်ဳခ်ာတတ္သည္။

အစာအိမ္ေရာဂါ ျဖစ္တတ္သည္။ ဂ႐ုစိုက္ပါ။ လက္ထဲမွာရွိေသာ စက္ပစၥည္းေတြ ပ်က္စီးတတ္ပါတယ္။တစ္ေယာက္ႏွင့္တစ္ေယာက္ အေျပာမွား၊ အထင္အျမင္လြဲမွားမႈ၊ သေဘာထားကြဲလြဲမႈေတြ႕ေၾကာင့္ ခ်စ္သူအခ်င္းခ်င္း၊ သို႔မဟုတ္ လုပ္ငန္းတူအခ်င္းခ်င္း ၊ မိဘသားခ်င္းခ်င္း ၊ အရင္းႏွီးဆုံးသူငယ္ခ်င္းမ်ားႏွင့္ စိတ္ဝမ္းကြဲပါလိမ့္မည္။ ရန္ျဖစ္တတ္ပါသည္။ ဝါးအစီးေျပေလ်ာ့သလို စည္းလုံးမႈပ်က္ ျပားတဲ့ကာလပဲျဖစ္ပါတယ္။ သံသယရွိေနရင္ ဒီကာလအတြင္း ခဏဆိုင္းငံ့ထားၿပီး မေျဖရွင္းတာအေကာင္းဆုံးပါအက်ိဳးေပးဂဏန္း ၁/၀/၇အထူးေဟာ ကံအညံ့မ်ားတယ္ဗ် ယၾတာ ဘုရားကို ေန႔စဥ္ ယပ္ေတာ္သြင္း ကုသိုလ္ယူပါ

ဗုဒၶဟူး/ရာဟု

အလုပ္ကိစၥမွာ ေစတနာကို ေဝဒနာဟု မွတ္ထင္ခံရမည္။ မိဘသားခ်င္းအတြက္ ငဲ့ညႇာမႈရွိလာသလို အကူအညီလဲေပးေနမိလိမ့္မည္။ ျဖစ္ခ်င္တာေလးေတြ ေႏွာင့္ေႏွးေနမည္။ ဘာသာေရး လိုက္စားသူမ်ား အသိထူးရတတ္သည္။ စိတ္ရွည္သည္းခံပါက ေအာင္ျမင္မႈေတြ ရလာလိမ့္မည္။ က်န္းမာေရး အထူးေကာင္းမြန္လာလိမ့္မည္။ သို႔ေသာ္ေရာဂါေဟာင္းေဝဒနာေဟာင္းေတြကေတာ့ ေဆးမတိုးသလိုျဖစ္ေနပါလိမ့္မယ္။ ပညာေရးလဲ မွန္းထားတာထက္သာလြန္ၿပီး ေအာင္ျမင္မႈရလာမည္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ဘက္ကို ဂ႐ုစိုက္ပါ။ အလုပ္အေပၚပဲ အခ်ိန္ျပည့္စိတ္ႏွစ္ထားတာမ်ိဳးေလ်ာ့ပါ။

စိတ္ေတြေလမည္။ စိတ္ပင္ပန္း၊ လူပင္ပန္းျဖစ္ေနမည္။ ျဖစ္ခ်င္တာေတြမ်ားၿပီး ျဖစ္မလာေသးေသာေၾကာင့္ စိတ္ေမာ လူေမာေတြျဖစ္ေနမည္။ ေငြကေတာ့ အဝင္ၾကမ္း အထြက္ၾကမ္းျဖစ္ေနရတတ္ပါတယ္။ ခရီးယာယီ အတိုအထြာမ်ား မရည္႐ြယ္ဘဲ သြားရလိမ့္မည္။ လမ္းမ်ားရတယ္ေပါ့ဗ်ာ။အခ်စ္ေရးမွာ စိတ္ရႈပ္စရာေတြ ႀကဳံမည္။ ခ်စ္သူကမိမိအေပၚ နားလည္မႈလြဲေနမည္။သူ႔ကို ေအးေဆးရွင္းျပပါ။အက်ိဳးေပးဂဏန္း ၈/၁/၅အထူးေဟာ စိတ္ရႈပ္စရာေလးေတြေတာ့ ေရာပါေနတတ္ပါတယ္။ယၾတာ ဖိနပ္ျပတ္/ထီးပ်က္ရွိရင္ စြန႔္ပစ္လိုက္ပါ

ၾကာသပေတး

ေကာင္းေသာကံေတြေပၚထြန္းေနပါတယ္။ ဘာသာေရးမေမ့သူေတြပိုကံေကာင္းမယ္။မိမိကိုေစာင့္ေရွာက္တဲ့ ပုဂၢိဳလ္ထူးေတြရဲ႕ မစျခင္းကိုရရွိမယ္။ေငြရစရာကိစၥေၾကာင့္ ခရီးသြားရတတ္သည္။ ေငြဝင္ကိန္းရွိသည္။ လုပ္ငန္း ေအာင္ျမင္မႈ ရမည္။ ငယ္႐ြယ္သူတို႔အတြက္ စိတ္ရႈပ္ရမည္။ ခ်စ္သူေၾကာင့္ စိတ္ညစ္စရာေတြႀကဳံရမည္။ စီးပြားေရးလုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္ျခင္း၊ စပ္တူရွယ္ယာ လုပ္ရျခင္းတို႔ ျဖစ္လာမည္။ စကားေျပာဆင္ျခင္ပါ။ အထင္လြဲမွားခံရမည္။

ေစတနာနဲ႔ ေျပာတဲ့ စကား ေဝဒနာျဖစ္ရတတ္သည္။ က်န္းမာေရးကံ အရမ္းမညံ့ပါ။ ႏွာေစးေခ်ာင္းဆိုးေလာက္ေတာ့ ျဖစ္ေနမည္။ ပညာေရးကံ အထူးေကာင္းပါတယ္။မိမိမွန္းထားသလိုျဖစ္လာတတ္ပါတယ္။ ပညာရပ္အသစ္မ်ား စတင္သင္ၾကားလို႔အထူးေကာင္းပါတယ္။ဝမ္းသာစရာ၊ ဂုဏ္ယူစရာ ပီတိျဖစ္စရာေတြ ရလာမည္၊ ေတြ႕လာမည္၊ ျမင္လာမည္။ မိသားစုအတြက္ စိတ္ခ်မ္းသာမႈရမည္။ စက္ပစၥည္းအသစ္ဝယ္ျဖစ္မည္။ ေ႐ႊကေတာ့ မဝင္သင့္ေသးပါဘူး။ ေျခ၊ လက္တို႔ အနာတရျဖစ္တတ္သည္။ သတိထားပါ။အက်ိဳးေပးဂဏန္း ၅/၂/၉အထူးေဟာ ကံျမင့္မားမည္ ယၾတာ ညဘက္မွာ ၿခံထဲ အေမႊးတိုင္ထြန္းၿပီး ပုဂၢိဳလ္ေတြကို ေမတၱာပို႔ပါ။သူတို႔ေမတၱာခံယူပါ

ေသာၾကာ

အခ်စ္ေရး ႏွင့္ စီးပြားေရး ႏွစ္ခု စလုံး ၿပိဳင္ဝင္ေသာကာလပဲ ျဖစ္ပါတယ္။ ခ်စ္သူ ခင္သူေပါမ်ားျခင္း၊ အေႁခြအရံ တပည့္ေကာင္းမ်ားတိုးပြားျခင္း၊ မိမိ အလုပ္ကို ကူညီ မစ ေစာင့္ေရွာက္မည့္သူမ်ား အလိုအေလ်ာက္ ေပၚေပါက္လာျခင္းမ်ိဳးရွိတတ္ပါတယ္။ အခ်စ္ ေရးတြင္ မိမိကိုခ်စ္ႀကိဳက္ေသာသူမ်ားေပၚမည္။ အိမ္ေထာင္ေရးတြင္ သားသမီးရွိသူမ်ားအေနျဖင့္ သားသမီးမ်ားမွတဆင့္ သတင္းေကာင္းၾကားရျခင္းမ်ား ျဖစ္ေစ တတ္ပါသည္။ မိမိအိမ္ေထာင္သည္၏ အလိုလိုက္မႈခ်စ္ခင္မႈ အျပည့္အဝရရွိၿပီး အိမ္ေထာင္ေရးသုခေကာင္းမြန္ စြာ ရရွိေသာ ရက္ပိုင္းေလးပဲ ျဖစ္ပါတယ္။ က်န္းမာေရးအေနျဖင့္ ရံဖန္ရံခါ ေခါင္းမူးျခင္းအေၾကာတတ္ျခင္း၊ ေျခေထာက္ထုံျခင္း၊ ေလးလံျခင္းမ်ား ျဖစ္ေစတတ္ပါတယ္။

စီးပြားေရးတြင္လည္း ေအာင္ျမင္မႈလမ္းစ ေရာင္နီသန္းလာသျဖင့္ ဒီရက္ပိုင္းအတြင္း မိမိလုပ္ခ်င္တဲ့ အလုပ္၊ တိုးခ်ဲ႕ခ်င္ေသာ အလုပ္မ်ားရွိပါက ဒီရက္ေလးအတြင္းမွာ အစပ်ိဳးေပး ပါ။ ေအာင္ျမင္ပါလိမ့္မည္။စိတ္ကို တစ္ခုတည္းတြင္ အာ႐ုံစိုက္ပါ။ မိမိစိတ္ ဟိုေရာက္၊ ဒီေရာက္ ဒီအလုပ္ေကာင္းႏိုးႏိုး၊ ဟိုအလုပ္ေကာင္းႏိုးႏိုး မလုပ္ပါနဲ႔။ အလုပ္တစ္ခုဆိုတစ္ခု တစိုက္မတ္မတ္လုပ္ခ်င္အားျဖင့္ ေအာင္ျမင္ႀကီးပြားခ်မ္းသာရရွိႏိုင္ပါသည္။အက်ိဳးေပးဂဏန္း ၃/၀/၆အထူးေဟာ စိတ္ခ်မ္းသာရမယ္ ယၾတာ အခင္ဆုံးမိတ္ေဆြတစ္ဦးကို သူႀကိဳက္တတ္တာတစ္ခုခု ဝယ္ေကြၽးလိုက္ပါ

စေန
လူမႈေရးနဲ႔ႏြယ္ေသာ အမႈေဟာင္း ျပႆနာေဟာင္းမ်ားေပၚတတ္ပါတယ္။အလုပ္နဲ႔ပတ္သက္၍ အဆင္ေျပေခ်ာေမြ႕မႈမ်ား ရရွိႏိုင္သည့္ အရိပ္အေယာင္ေပၚေပမယ့္ တကယ္တမ္း လက္ေတြ႕တြင္အထစ္အေငါ့ေလးမ်ား ရွိေနတတ္ပါသည္။ ၿပိဳင္ဆိုင္သူမ်ားျခင္း၊အတိုက္အခိုက္မ်ား ျခင္းတို႔ေၾကာင့္ စိတ္ညစ္စရာမ်ားႀကဳံႀကိဳက္ေသာ္လည္းထိုအရာမ်ားကို ရင္ဆိုင္ေျဖရွင္းသည္းခံႏိုင္လွ်င္ ေအာင္ျမင္မႈ မ်ားရႏိုင္ပါသည္။အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ျပတ္သြားေသာ ရည္းစားေဟာင္းက ေႏွာင့္ယွက္ေနလိမ့္မည္။ မိမိခ်စ္သူအသစ္ရေသာ္လည္း အဆင္မ ေျပျဖစ္တတ္သည္။

က်န္းမာေရးနဲ႔ပတ္သက္၍ ေလနာ ဗိုက္နာ သတိထားပါ။ စီးပြားေရး ပတ္သက္ၿပီး မိမိလူရင္းမ်ား က အျမတ္ပိုတင္ျခင္း၊ေကာက္က်စ္ျခင္းကို ခံရတတ္သည္။အိမ္ေထာင္ေရးတြင္ မိမိအိမ္ေထာင္သည္နဲ႔ နားလည္မႈအနည္းငယ္လြဲတတ္ ပါတယ္။မိသားစုေၾကာင့္ အနည္းငယ္ စိတ္ေသာက ေရာက္တတ္ပါတယ္။ အဖုအထစ္ အနည္းငယ္ရွိပါတယ္။စိတ္ သြားတိုင္း ကိုယ္မပါသလိုျဖစ္ေနေသာ ရက္ပိုင္းေတြျဖစ္လို႔ မိမိကို မိမိအားမလိုအားမရ ေဒါသထြက္ျခင္း၊ မၾကာခဏ ျဖစ္ တတ္ပါသည္။အက်ိဳးေပးဂဏန္း ၅/၇/၀အထူးေဟာ အနည္းငယ္ပင္ပန္းမယ္။ယၾတာ ဖရဲသီးစိပ္ဘုရားကပ္ေပးပါ

၇ရက္သားသမီးအေပါင္းစိတ္ခ်မ္းသာ၊ကိုယ္က်န္းမာႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 09775555695…