ဆိုင်ဝန်ထမ်းကောင်လေးများသည် ဖောက်သည်များအပေါ်တွင် အလွန်ဖော်ရွေစွာ ဆက်ဆံပြီး သူတို့ကိုယ်တိုင် ဆံပင်ညှပ်ခြင်း ခေါင်းလျှော်ခြင်းများပြုလုပ်ပေးသည့်အပြင် ၁၀ရာခိုင်နှုန်းလျှော့ဈေးလည်း ရှိတာကြောင့် ဆိုင်သို့လာရောက်သော ဖောက်သည်များမှာ နေ့စဉ် စည်ကားလျက်ရှိသည်။
Rain (For Ialinks)
Unicode
ကြွက်သားအလှရှိတဲ့ ကောင်လေးတွေကိုမှ စိတ်ဝင်စားတတ်သော မိန်းကလေးများအနေနှင့် သွားရောက်ပြီး ဆံပင်ညှပ်သင့်သည့် အလှပြင်ဆိုင်
မိန်းကလေးတိုင်းက အလှအပရေးရာနှင့်ပက်သက်ပြီး အထူးစိတ်ဝင်စား နှစ်သက်ကြကာ အလှပြင်သည့်အခါမှာရော ဆံပင်ညှပ်သည့်အခါမှာရော ပုံကောင်းကောင်းလေး ထွက်လာဖို့ကို မျှော်လင့်ကြသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံ Chanthanimitခရိုင်တွင် ဖွင့်လှစ်ထားသော Suthaneerak Hair Salonအမည်ရှိ အလှပြင်ဆိုင်လေးတစ်ခုသည် ထူးခြားစွာဖြင့် ဆိုင်ဝန်ထမ်းများအား အားကစားရုံရှိ ဗလတောင့်တောင့် ကြွက်သားတွေအပြည့်ရှိသော ကောင်လေးတွေကိုသာ ခန့်အပ်ထားသည်။
ဆိုင်ပိုင်ရှင်သည် ဆိုင်သို့လာရောက်သော ဖောက်သည်များအား နည်းပါးနေ၍ မြှင့်တင်ရန်အတွက် Gymကောင်လေးတွေကို ခန့်ထားပြီး အမျိုးသမီးတွေအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုမျိုးကို ပေးထားသည်။
ဆိုင်ဝန်ထမ်းကောင်လေးများသည် ဖောက်သည်များအပေါ်တွင် အလွန်ဖော်ရွေစွာ ဆက်ဆံပြီး သူတို့ကိုယ်တိုင် ဆံပင်ညှပ်ခြင်း ခေါင်းလျှော်ခြင်းများပြုလုပ်ပေးသည့်အပြင် ၁၀ရာခိုင်နှုန်းလျှော့စျေးလည်း ရှိတာကြောင့် ဆိုင်သို့လာရောက်သော ဖောက်သည်များမှာ နေ့စဥ် စည်ကားလျက်ရှိသည်။
Rain (For Ialinks)