ၾကားသိရသမွ်

ဖုန်း အစိတ်အပိုင်းတွေကို အသစ်လဲလှယ် တပ်ဆင်နိုင်တဲ့ နည်းပညာလာပြီ

ဖုန်း အစိတ်အပိုင်းတွေကို အသစ်လဲလှယ် တပ်ဆင်နိုင်တဲ့ နည်းပညာ လာပြီ

ဖုန်း အသစ် ဝယ်စရာ မလိုတော့ပါဘူး 👍👍👍

Massachusetts Institute of Technology မှ အင်ဂျင်နီယာတွေက စမတ်ဖုန်း အစိတ်အပိုင်းတွေကို အသစ် လဲလှယ် တပ်ဆင်နိုင်တဲ့ Chip အသစ်ကို တီထွင်လိုက်ပါတယ်။ Lego နဲ့ တူတဲ့ Chip ဒီဇိုင်း ဖြစ်ပြီး အလွှာ ၂ ခု ပါပါတယ်။

၁ ခုက Alternating Sensing အလွှာနဲ့ နောက် ၁ ခုက အလင်းထုတ်လွှင့်တဲ့ Diode အလွှာ ဖြစ်ပါတယ်။

ဖုန်း အစိတ်အပိုင်းတွေ ဟောင်းနွမ်းသွားရင် အသစ်လဲလှယ် တပ်ဆင်နိုင်အောင် အဲဒီ Chip က စွမ်းဆောင်ပေးနိုင်ပါတယ်။

ဥပမာအနေနဲ့ Processor နဲ့ ကင်မရာ ဆန်ဆာတွေ ဒိတ်အောက်သွားရင် အသစ်လဲလှယ် တပ်ဆင်လိုက်ရုံပါပဲ။

အဲဒီအတွက် ဖုန်း အသစ် ဝယ်စရာ မလိုတော့ပါဘူး။ အီလက်ထရောနစ် ပစ္စည်း အမှိုက်တွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Google က ဘက်ထရီ၊ ကင်မရာ ၊ စပီကာနဲ့ တခြား အစိတ်အပိုင်းတွေကို လဲလှယ်နိုင်တဲ့ Modular ဖုန်း စီမံကိန်း ဖြစ်တဲ့ Project Ara ကို အရင်က ပြုလုပ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် Google က Project Ara ကို ရပ်နားခဲ့ပြီး အကြောင်းအရင်းကို မပြောပါဘူး။

MIT ရဲ့ AI Chip ကိုသာ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်မယ် ဆိုရင် ဖုန်း အသစ်တွေ ဝယ်ယူစရာ မလိုတော့ဘဲ ဟောင်းနွမ်းသွားတဲ့ အစိတ်အပိုင်းတွေကိုပဲ အသစ် လဲလှယ် တပ်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။

Ref : gizchina

Zawgyi ဖြင့် ဖတ်ရန်

ဖုန္း အစိတ္အပိုင္းေတြကို အသစ္လဲလွယ္ တပ္ဆင္နိုင္တဲ့ နည္းပညာ လာၿပီ ဖုန္း အသစ္ ဝယ္စရာ မလိုေတာ့ပါဘူး

Massachusetts Institute of Technology မွ အင္ဂ်င္နီယာေတြက စမတ္ဖုန္း အစိတ္အပိုင္းေတြကို အသစ္ လဲလွယ္ တပ္ဆင္နိုင္တဲ့ Chip အသစ္ကို တီထြင္လိုက္ပါတယ္။ Lego နဲ႕ တူတဲ့ Chip ဒီဇိုင္း ျဖစ္ၿပီး အလႊာ ၂ ခု ပါပါတယ္။ ၁ ခုက Alternating Sensing အလႊာနဲ႕ ေနာက္ ၁ ခုက အလင္းထုတ္လႊင့္တဲ့ Diode အလႊာ ျဖစ္ပါတယ္။

ဖုန္း အစိတ္အပိုင္းေတြ ေဟာင္းႏြမ္းသြားရင္ အသစ္လဲလွယ္ တပ္ဆင္နိုင္ေအာင္ အဲဒီ Chip က စြမ္းေဆာင္ေပးနိုင္ပါတယ္။

ဥပမာအေနနဲ႕ Processor နဲ႕ ကင္မရာ ဆန္ဆာေတြ ဒိတ္ေအာက္သြားရင္ အသစ္လဲလွယ္ တပ္ဆင္လိုက္႐ုံပါပဲ။

အဲဒီအတြက္ ဖုန္း အသစ္ ဝယ္စရာ မလိုေတာ့ပါဘူး။ အီလက္ထေရာနစ္ ပစၥည္း အမွိုက္ေတြကိုလည္း ေလွ်ာ့ခ်ေပးနိုင္မွာ ျဖစ္ပါတယ္။

Google က ဘက္ထရီ၊ ကင္မရာ ၊ စပီကာနဲ႕ တျခား အစိတ္အပိုင္းေတြကို လဲလွယ္နိုင္တဲ့ Modular ဖုန္း စီမံကိန္း ျဖစ္တဲ့ Project Ara ကို အရင္က ျပဳလုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ Google က Project Ara ကို ရပ္နားခဲ့ၿပီး အေၾကာင္းအရင္းကို မေျပာပါဘူး။

MIT ရဲ႕ AI Chip ကိုသာ စီးပြားျဖစ္ ထုတ္လုပ္ေရာင္းခ်နိဳင္မယ္ ဆိုရင္ ဖုန္း အသစ္ေတြ ဝယ္ယူစရာ မလိုေတာ့ဘဲ ေဟာင္းႏြမ္းသြားတဲ့ အစိတ္အပိုင္းေတြကိုပဲ အသစ္ လဲလွယ္ တပ္ဆင္နိုင္ေတာ့မွာ ျဖစ္ပါတယ္။

Ref : gizchina