ၾကားသိရသမွ်

တောင်းရမ်းလို့ ရသမျှ ငွေများကို စုဆောင်းကာ အာရုဏ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို See more…..

တောင်းရမ်းလို့ ရသမျှ ငွေများကို စုဆောင်းကာ အာရုဏ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့တဲ့ ရေနံချောင်းမြို့က ဗိုလ်ကြည်မောင်

ရေနံချောင်းမြို့က ဦးမောင်မောင်ကြည် (ခ)ဗိုလ်ကြည်မောင်သည် တောင်းရမ်းလို့ ရသမျှ ငွေများကို စုဆောင်းကာ ရေနံချောင်းမြို့ရှိ ရွှေကြာငုံ ဓမ္မဗိမာန်တော်၌

သံဃာတော်များနှင့် သီလရှင်များအား ပင့်ဖိတ်ပြီးတော့ နံနက် အာရုဏ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

ဦမောင်မောင်ကြည်သည် ယခင်ကလည်း တောင်းရမ်းလို့ ရသမျှ ငွေကြေးများထဲမှ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ငွေပဒေသာပင် ငွေကျပ် ၃၇၀၀၀၊

လွတ်လပ်ရေးနေ့ စာရေးတံမဲ ငွေကျပ်တသိန်းခွဲနှင့် ပဒေသာပင် ငွေကျပ်တသိန်းခွဲ၊ ကျမ်းကိုင်ဘုရား ပြုပြင်ရန် ငွေကျပ်ငါးသောင်း၊ ဆွမ်းလောင်းအသင်းအတွက်

ငွေကျပ်တသိန်း၊ ရေနံချောင်းမြို့ အောက်စီဂျင် စက်ရုံဖြစ်မြောက်ရေး ငွေကျပ်သုံးသောင်းကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ အလှူရှင်၏ ဆုတောင်းမှာ ဘဝဆက်တိုင်း

တောင်းရမ်းသူ မဖြစ်ပါစေနဲ့ဟု ဖြစ်ပြီး ယခု လှူဒါန်းမှုအပေါ် ပြည်သူများကလည်း အံ့အားသင့် ဝမ်းမြောက်စွာ သာဓုအကြိမ်ကြိမ် ခေါ်ဆိုပေးလျက် ရှိကြပါတယ်။

“ရေနံချောင်းမြို့မ ဈေးကြီးတဝိုက်မှာ သူ့ကိုတွေ့နိုင်တယ်။ အမြဲပြုံးရွှင်တဲ့ မျက်နှာထားနဲ့ လူတွေ့ရင် အကိုအကိုနဲ့။ လောဘလည်းမရှိ ဒေါသလည်းမရှိ မောဟလည်း မရှိ။

အတိတ်ဘဝက ကုသိုလ်ကံ မကောင်းခဲ့လို့သာ ခုလိုဘဝ ရောက်ရပေမယ့် ရေနံချောင်းမြို့နယ်ဆိုင်ရာ အလှူပွဲတွေမှာ သူတောင်းရသမျှ ပိုက်ဆံလေးတွေနဲ့ လှူရှာတယ်။ သူ့အလှူလေးတွေ မြင်ရတိုင်း ကြည်နူးစွာနဲ့ သာဓုခေါ်ပါတယ်”ဟု မြို့ခံတဦးက ဆိုပါတယ်။

Zawgyi








