ပြောပါတယ်။
အောက်တိုဘာ ၂၉.၂၀၂၁
unicode
တစ်မြို့လုံးပြာကျသွားသည်အထိ ဆက်တိုက်ပစ်နေတဲ့သဘော ရှိပါတယ်။
ထပ်မပစ်ရင်တောင်မှ မီးငြိမ်းမဲ့လူမရှိတော့ တစ်မြို့လုံး လောင်သွားမဲ့အနေအထားပါ။
နောက်ဆုံးရရှိတဲ့ အချက်အလက်အရ ထန်တလန်မြို့အိမ်ခြေ ၁၀၀ ကျော် မီးလောင်သွားပြီလို့ သိရပါတယ်။
တစ်မြို့လုံးထွက်ပြေး တိမ်းရှောင်နေရတာဆိုတော့ မီးငြိမ်းမဲ့သူ မရှိဘူး။
မီးစတာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခြင်းကနေ စလောင်တယ်လို့ဆိုပါတယ်။
အခု အကြီးမားဆုံး ဘုရားကျောင်း ဖြစ်တဲ့ ထန်တလန်နှစ်ခြင်းအသင်းတော်ဘေးနားမှာလည်း လက်နက်ကြီးများ ကျရောက်ပြီး မီးလောင်နေပြီလို့ ပြောပါတယ်။
တစ်မြို့လုံး ပြာ မဖြစ်မခြင်း မီးလောင်အောင် ဆက်တိုက်လုပ်နေတဲ့သဘောဖြစ်ပါတယ်။
ဒီလိုမီးရှို့ခြင်လို့ ပြီးခဲ့တဲ့အပတ်က အိမ်တွေကို လိုက်ဖောက်ပြီး အဖိုးတန်ပစ္စည်းများကို သယ်ယူသွားတယ်လို့လဲဆိုကြပါတယ်။
ချင်းပြည်နယ် ထန်တလန်အတွက် ဆုတောင်းပေးနေပါတယ် ဆိုတာနဲ့တော့ မလုံလောက်တာ အားလုံးအသိဖြစ်နေပါပြီ။
နစ်နာသူတွေအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပူးပေါင်းပါဝင်ကြဖို့လဲ မေတ္တာရပ်ခံချင်ပါတယ်။
အောက်တိုဘာ ၂၉.၂၀၂၁
Post Credit: Thang Deih Tuang