အသိပညာ

စိတ်ကုန်ခြင်း အနုပညာ

လူတစ်ယောက်ကိုတကယ်စိတ်ကုန်သွားပြီဆိုရင်သူနဲ့ပတ်သက်တာမှန်သမျှ

စိတ်လည်းမဝင်စားတော့သလိုလာပြောလည်း ရင်ကိုမတုန်တော့တာပုံမြင်ရင်လည်း မထူးဆန်းသလိုခံစားရပြီးလူတွေ့ရင်လည်း ဘာမှကိုမတုန်လှုပ်တော့တာ..

မုန်းသွားတာလည်းမဟုတ်ဘူး

နာကြဉ်းနေတာလည်းမဟုတ်ဘူးကြောက်နေတာမျိုးလည်းမဟုတ်ပြန်ဘူးကိုယ့်စိတ်ထဲမှာသူကတစ်ခါမှမမြင်ဘူးမပေါင်းသင်းဘူးတဲ့လူလိုဖြစ်သွားတော့တာ

ချစ်ခြင်းမုန်းခြင်းတွေမရှိတော့တဲ့ခံစားချက်ကစိတ်ကုန်သွားခြင်းပါ

သူ့ကိုထိခိုက်အောင်လုပ်တာမျိုးလည်းစိတ်ထဲမရှိတော့သလိုသူ့ကိုတမ်းတလွမ်းဆွတ်နေတာမျိုးလည်းမရှိတော့ဘူး

လူတွေကသူ့အကြောင်းမကောင်းကြောင်းတွေလာလာပြောတဲ့အခါတိုင်းမှာစိတ်ကုန်ခြင်း အနုပညာ

လူတစ်ယောက်ကိုတကယ်စိတ်ကုန်သွားပြီဆိုရင်

သူနဲ့ပတ်သက်တာမှန်သမျှစိတ်လည်းမဝင်စားတော့သလိုလာပြောလည်း ရင်ကိုမတုန်တော့တာပုံမြင်ရင်လည်း မထူးဆန်းသလိုခံစားရပြီးလူတွေ့ရင်လည်း ဘာမှကိုမတုန်လှုပ်တော့တာ..

မုန်းသွားတာလည်းမဟုတ်ဘူး

နာကြဉ်းနေတာလည်းမဟုတ်ဘူးကြောက်နေတာမျိုးလည်းမဟုတ်ပြန်ဘူးကိုယ့်စိတ်ထဲမှာသူကတစ်ခါမှမမြင်ဘူးမပေါင်းသင်းဘူးတဲ့လူလိုဖြစ်သွားတော့တာ

ချစ်ခြင်းမုန်းခြင်းတွေမရှိတော့တဲ့ခံစားချက်ကစိတ်ကုန်သွားခြင်းပါ

သူ့ကိုထိခိုက်အောင်လုပ်တာမျိုးလည်းစိတ်ထဲမရှိတော့သလိုသူ့ကိုတမ်းတလွမ်းဆွတ်နေတာမျိုးလည်းမရှိတော့ဘူး

လူတွေကသူ့အကြောင်းမကောင်းကြောင်းတွေလာလာပြောတဲ့အခါတိုင်းမှာဝင်မပြောချင်တော့သလိုကောင်းကြောင်းတွေနဲ့ချီးမွမ်းခန်းဖွင့်နေတဲ့အခါတွေမှာလည်း ဘာမှဝင်မပြောတော့ဘဲပြုံးပြီးသာနားထောင်နေတာမျိုးပါ…

စိတ်ကုန်သွားခြင်းဟာရေစက်ကုန်သွားတာပါပဲ

လင်မယားတွေသမီးရည်းစားတွေအရမ်းခင်မင်ရတဲ့မိတ်ဆွေတွေဟာအကြောင်းတရားမျိုးစုံကြောင့်စိတ်ကုန်သွားနိုင်ကြပါတယ်

စိတ်ဆိုးတာဟာ အကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်ပြီး….

စိတ်ကုန်တာကတော့အကြောင်းအရာတွေအားလုံးဟာတဖြေးဖြေးနဲ့အဆင်မပြေမှုတွေစိတ်သဘောထားခြင်းမတိုက်ဆိုင်မှုတွေစုလာပြီးနောက်ဆုံးဖြစ်လာတဲ့အကြောင်းကိစ္စတစ်ခုကြောင့်လမ်းခွဲလိုက်တာမျိုးပါ

ဒါ့ကြောင့်

လူတစ်ယောက်စိတ်ဆိုးသွားတယ်ဆိုရင်သူစိတ်ပြေလည်ချိန်မှာပြန်လည်ရှင်းပြတောင်းပန်ညှိနှိုင်းလို့ရနိုင်ပေမယ့်စိတ်ကုန်သွားပြီဆိုရင်တော့သင်ဘာမှမတတ်နိုင်တော့ပါဘူး

ဘာမှဆက်လုပ်လို့မရတော့ဘဲစိတ်ကုန်သွားတဲ့သူကိုထပ်တလဲလဲတောင်းပန်နေခြင်းထပ်ခါထပ်ခါရှင်းပြနေခြင်းကြားလူတွေပါဝင်ညှိနှိုင်းစေခြင်းကပြဿနာကိုပိုမိုဆိုးရွားစေတယ်ဆိုတာသတိပြုပါ

လောကမှာလူနှစ်ဦးဟာရေစက်ရှိသလောက်ပဲဆုံတွေ့ခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့

ရေစက်ကုန် စိတ်ကုန်သွားတဲ့အခါဘာမှဆက်လုပ်လို့မရတော့တာမို့အဲဒီအခြေအနေကိုဒီအတိုင်းသာထားလိုက်ပါ

ရေစက်ကုန်သွားတဲ့အခြေအနေကိုထပ်မံဆိုးရွားအောင်ဖန်တီးနေခြင်းကသင့်ကိုအန္တရာယ်ဖြစ်စေတယ်သူ့ကိုလည်းအနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတာသတိပြုပါ

ဒါ့ကြောင့်အကယ်၍များရေစက်တွေကုန်သွားခဲ့ကြရင်ဖြင့်..

သင်လည်း သင့်လမ်းသင်ဆက်လျှောက်သူလည်း သူ့လမ်းသူဆက်လျှောက်ကြရင်းအတူတူဆုံတွေ့ခဲ့ဖူးတဲ့အတိတ်ဟာ အတိတ်အတိုင်းပဲလှပစွာကျန်ရစ်ခဲ့ပါစေ……

Credit

Zawgyi



















ဒါ့ကြောင့်








Credit