အသိပညာ

နာကျင်ဖူးတဲ့မိန်းကလေးတစ်ယောက် ရင့်ကျက်သွားတဲ့အခါမှာ ပြောင်းလဲသွားတဲ့အရာများ

နာကျင်ဖူးတဲ့မိန်းကလေးတစ်ယောက် ရင့်ကျက်သွားတဲ့အခါမှာ ပြောင်းလဲသွားတဲ့အရာများ

ဘဝမှာ အချစ်ရေးကြောင့်ပဲဖြစ်ဖြစ်၊ တခြားအကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ် ပြင်းပြင်းထန်ထန် နာကျင်ဖူးတဲ့အခါမှာတော့ သူ့တို့ရဲ့စိတ်တွေ၊ အတွေးအခေါ်တွေအားလုံးဟာ အရင်နဲ့လုံးဝမတူတော့အောင်ကို ပြောင်းလဲသွားပါတယ်။

ဒီလိုနာကျင်ဖူးတဲ့မိန်းကလေးတစ်ယောက် ရင့်ကျက်သွားတဲ့အခါမှာတော့ ဘာတွေပြောင်းလဲသွားလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ဘဝမှာ အရေးကြီးတာနဲ့ အရေးမကြီးတာတွေကို ကွဲကွဲပြားပြားသိလာပြီး ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့ ရည်မှန်းချက်တွေ မြင့်တက်လာပါတယ်။

အောင်မြင်ချင်စိတ်တွေ၊ ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုသာ အားကိုးရာဖြစ်တယ်လို့ ထင်လာပြီး စိတ်ဓာတ်တွေကြံ့ခိုင်လာပါလိမ့်မယ်။

လူတစ်ယောက်ပေါ်မှာလည်း လွယ်လွယ်နဲ့သံယောဇဉ်မထားတတ်တော့ပဲ သွေးအေးလာပါလိမ့်မယ်။ ဒေါသထွက်စရာ၊ စိတ်ရှုပ်စရာတွေနဲ့ ကြုံတွေ့လာခဲ့ရင်တောင် အရင်လို စိတ်လိုက်မာန်ပါနဲ့ ဒေါသမဖြစ်ပဲ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်တတ်လာပါလိမ့်မယ်။

ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို လွယ်လွယ်နဲ့စွန့်လွှတ်တတ်ပြီး၊ ကိုယ့်အပေါ်ချစ်တဲ့သူ၊ ကောင်းတဲ့သူတွေနဲ့ ကိုယ့်မိသားစုတွေကိုပဲ အရင်ထက်ပိုတန်ဖိုးထားပြီး အလေးပေးတတ်လာပါလိမ့်မယ်။ လူတိုင်းအပေါ်မှာလည်း ကိုယ်ချင်းစာတတ်လာပါလိမ့်မယ်။

အချစ်ကိစ္စကိုစိတ်မဝင်စားတော့ပဲ တစ်ယောက်ထဲနေရတာကို ပိုကြိုက်လာပါတယ်။ ဘယ်လောက်ပဲချစ်ပါတယ်လို့ လာပြောပြော ဂရုမစိုက်တတ်တော့ပါဘူး။

လွယ်လွယ်နဲ့လည်း ပြန်မချစ်တတ်တော့ပါဘူး။ သူများထက် ကိုယ့်ကိုယ်ကိုပဲ ပိုပြီးချစ်လာပါလိမ့်မယ်။

အရင်ကလို လူတွေအများကြီးနဲ့နေရတာ၊ လျှောက်သွားရတာတွေကို မကြိုက်တော့ပဲ တစ်ယောက်ထဲပဲနေချင်လာမယ်။

အားလပ်ရက်တွေမှာလည်း အရင်လိုအပေါင်းအသင်းနဲ့ လျှောက်သွားမယ့်အစား စာအုပ်လေးဖတ်တာမျိုး၊ အိမ်မှာဖုန်းသုံးနေရတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးတွေပဲ လုပ်ချင်လာပါလိမ့်မယ်။

ဒီလိုအချက်တွေတော်တော်များများနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ဘဝမှာတစ်ခုခုကိုခံစားခဲ့ရလို့ ရင့်ကျက်လာတာပဲ ဖြစ်ပါတယ်။

Zawgyi

နာက်င္ဖူးတဲ့မိန္းကေလးတစ္ေယာက္ ရင့္က်က္သြားတဲ့အခါမွာ ေျပာင္းလဲသြားတဲ့အရာမ်ား

ဘဝမွာ အခ်စ္ေရးေၾကာင့္ပဲျဖစ္ျဖစ္၊ တျခားအေၾကာင္းအရာေတြေၾကာင့္ပဲျဖစ္ျဖစ္ ျပင္းျပင္းထန္ထန္ နာက်င္ဖူးတဲ့အခါမွာေတာ့ သူ႔တို႔ရဲ႕စိတ္ေတြ၊ အေတြးအေခၚေတြအားလုံးဟာ အရင္နဲ႔လုံးဝမတူေတာ့ေအာင္ကို ေျပာင္းလဲသြားပါတယ္။

ဒီလိုနာက်င္ဖူးတဲ့မိန္းကေလးတစ္ေယာက္ ရင့္က်က္သြားတဲ့အခါမွာေတာ့ ဘာေတြေျပာင္းလဲသြားလဲဆိုတာကို ေျပာျပေပးလိုက္ပါတယ္။

ဘဝမွာ အေရးႀကီးတာနဲ႔ အေရးမႀကီးတာေတြကို ကြဲကြဲျပားျပားသိလာၿပီး ကိုယ့္ဘဝကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသြားဖို႔ ရည္မွန္းခ်က္ေတြ ျမင့္တက္လာပါတယ္။

ေအာင္ျမင္ခ်င္စိတ္ေတြ၊ ကိုယ့္အားကိုယ္ကိုးခ်င္စိတ္ေတြ ျဖစ္လာပါလိမ့္မယ္။ ဘဝမွာ ကိုယ့္ကိုယ္ကိုသာ အားကိုးရာျဖစ္တယ္လို႔ ထင္လာၿပီး စိတ္ဓာတ္ေတြႀကံ့ခိုင္လာပါလိမ့္မယ္။

လူတစ္ေယာက္ေပၚမွာလည္း လြယ္လြယ္နဲ႔သံေယာဇဥ္မထားတတ္ေတာ့ပဲ ေသြးေအးလာပါလိမ့္မယ္။ ေဒါသထြက္စရာ၊ စိတ္ရႈပ္စရာေတြနဲ႔ ႀကဳံေတြ႕လာခဲ့ရင္ေတာင္ အရင္လို စိတ္လိုက္မာန္ပါနဲ႔ ေဒါသမျဖစ္ပဲ ကိုယ့္စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္တတ္လာပါလိမ့္မယ္။

ကိုယ့္အေပၚမေကာင္းတဲ့သူေတြကို လြယ္လြယ္နဲ႔စြန႔္လႊတ္တတ္ၿပီး၊ ကိုယ့္အေပၚခ်စ္တဲ့သူ၊ ေကာင္းတဲ့သူေတြနဲ႔ ကိုယ့္မိသားစုေတြကိုပဲ အရင္ထက္ပိုတန္ဖိုးထားၿပီး အေလးေပးတတ္လာပါလိမ့္မယ္။ လူတိုင္းအေပၚမွာလည္း ကိုယ္ခ်င္းစာတတ္လာပါလိမ့္မယ္။

အခ်စ္ကိစၥကိုစိတ္မဝင္စားေတာ့ပဲ တစ္ေယာက္ထဲေနရတာကို ပိုႀကိဳက္လာပါတယ္။ ဘယ္ေလာက္ပဲခ်စ္ပါတယ္လို႔ လာေျပာေျပာ ဂ႐ုမစိုက္တတ္ေတာ့ပါဘူး။

လြယ္လြယ္နဲ႔လည္း ျပန္မခ်စ္တတ္ေတာ့ပါဘူး။ သူမ်ားထက္ ကိုယ့္ကိုယ္ကိုပဲ ပိုၿပီးခ်စ္လာပါလိမ့္မယ္။

အရင္ကလို လူေတြအမ်ားႀကီးနဲ႔ေနရတာ၊ ေလွ်ာက္သြားရတာေတြကို မႀကိဳက္ေတာ့ပဲ တစ္ေယာက္ထဲပဲေနခ်င္လာမယ္။

အားလပ္ရက္ေတြမွာလည္း အရင္လိုအေပါင္းအသင္းနဲ႔ ေလွ်ာက္သြားမယ့္အစား စာအုပ္ေလးဖတ္တာမ်ိဳး၊ အိမ္မွာဖုန္းသုံးေနရတာမ်ိဳး၊ ႐ုပ္ရွင္ၾကည့္တာမ်ိဳးေတြပဲ လုပ္ခ်င္လာပါလိမ့္မယ္။

ဒီလိုအခ်က္ေတြေတာ္ေတာ္မ်ားမ်ားနဲ႔ တိုက္ဆိုင္ေနၿပီဆိုရင္ေတာ့ ဘဝမွာတစ္ခုခုကိုခံစားခဲ့ရလို႔ ရင့္က်က္လာတာပဲ ျဖစ္ပါတယ္။