ယုံကြည်မှုတစ်ခုကြောင့် ညာဖက်လက်ကို အပေါ်သို့မြှောက်ထားပြီး ၄၅နှစ်ကြာသည်ထိ အောက်မချခဲ့သည့် အဖိုးအိုတစ်ဦး
အိန္ဒိယနိုင်ငံမှ အသက်၈၀အရွယ် အဖိုးအိုတစ်ဦးသည် ဇနီးနှင့် သားသမီးသုံးယောက်ရှိရာ ဒေသရှိ ဘဏ်တစ်ခုတွင် အလုပ်လုပ်ရင်း စားဝတ်နေရေးအတွက် ထောက်ပံ့ခဲ့သည်။
အဖိုးအိုသည် သားသမီးတွေ အရွယ်ရောက်လာသောအခါ အနားယူပြီးနောက် ဘာသာရေးကိုင်းရှိုင်းမှုတို့ကြောင့် သူ့ဘဝတစ်လုံးကို ဟိန္ဒူနတ်ဘုရားဆီ အပ်နှံရန်အတွက် အရာအားလုံးကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ယုံကြည်မှုတစ်ခုအနေနှင့် အဖိုးအိုသည် သူ့ရဲ့ညာဖက်လက်ကို မြှောက်ကာ ဘယ်တော့အခါမှ မချဖို့ရန်အတွက် သတ်မှတ်ခဲ့ပြီး လောကကြီးရှိ လူသားတွေမှာ အချင်းချင်း ပြိုင်ဆိုင်တာတွေ မုန်းတီးတာတွေမရှိပဲ အေးအေးချမ်းချမ်း နေထိုင်လိုကြောင်း ဆိုခဲ့သည်။
အဖိုးအိုသည် လက်ကိုတစ်ခါမှ မချပဲ မြှောက်ကာထားသည့်အတွက် နာကျင်ကိုက်ခဲတာတွေ ခံစားခဲ့ရသော်လည်း ဇွဲမလျှော့ခဲ့သောကြောင့် ၂နှစ်အကြာတွင် လက်ကသွေးလည်ပတ်မှုမရှိတော့ပဲ အကြောသေသွားခဲ့ရာ နာကျင်မှုတွေလည်း မခံစားခဲ့ရတော့ပေ။
အဖိုးအိုဧ။်အဖြစ်ကြောင့် မြင်တွေ့သူများမှာ အံ့အားသင့်ခဲ့ကြရပြီး အဖိုးအိုကတော့ သေသည်ထိ လက်ကိုအောက်ချဖို့စိတ်ကူးမရှိကြောင်း သိရသည်။
Hlaing (Love Feeling)
zawgyi
Hlaing (Love Feeling)
Credit