ယတြာအစွမ်းပြခဲ့တဲ့ ဗေဒင်ဆရာ . . တည်ခိုခန်းထဲမှာ
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊မုတ္တမနယ်မြေရဲစခန်းပိုင် ဥတ္တံတားကျေရွာနေ ဗေဒင်ဆရာဆိုသူကို ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ပုဒ်မ ၃၇၆ မုဒိန်းမှုဖြင့် အမှုဖွင့်တိုင်တန်းထားရှိခဲ့ရတယ်လို့ ကျူးလွန်ခံရတဲ့ ကာယကံရှင် အသိုင်းအဝိုင်းထံက သိရတယ်။
ကျိုက်မရောမြို့နယ်၊ကျုံဝမ်းကျေးရွာနေမ***(၂၂)နှစ်ဟာ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပေါင်မြို့နယ် ဥတ္တံတားကျေရွာနေ ဗေဒင်ဆရာဖြစ်သူ ဆရာမင်းသား(ခ)ဖိုးပျော့(၄၉)နှစ်ထံမှာ သွားရောက်ဗေဒင်တွက်ခဲ့တာဖြစ်ကြောင်း ယတြာချေရန် ဇူလိုင်လ ၁၂ ရက်နေ့ တွင် ထပ်မံလာရောက်ရန် ဗေဒင်ဆရာက ချိန်းဆိုကာ

တိတ်ဆိတ်ပြီး လူရှင်းလင်းသော အခန်းအတွင်းတွင် ယတြာချေရမည်ဟုဆိုကာ မုတ္တမကျေးရွာရှိ “လန်း”တည်ခိုခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ပြုကျင့်ခဲ့တာဖြစ်တယ်လို့ ကျူးလွန်ခံရသူ ကာယကံရှင် အသိုင်းအဝိုင်းဘက်က ပြောဆိုချက်အရ သိရပါတယ်။
လက်ရှိမှာတော့ ဗေဒင်ဆရာဆိုသူ ဆရာမင်းသား(ခ)ဖိုးပျော့(၄၉)နှစ်၊ (ဘ)ဦးဒူးဒူးအား မုတ္တမနယ်မြေရဲစခန်းက (ပ) ၄၅ /၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အမှုကြီး အမှတ်စဉ် ၄/၂၀၂၁ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။
Mawlamyine Weekly News
ယၾတာအစြမ္းျပခဲ့တဲ့ ေဗဒင္ဆရာ . . တည္ခိုခန္းထဲမွာ
မြန္ျပည္နယ္၊ေပါင္ၿမိဳ့နယ္၊မုတၱမနယ္ေျမရဲစခန္းပိုင္ ဥတၱံတားေက်ရြာေန ေဗဒင္ဆရာဆိုသူကို ဇူလိုင္လ ၃၀ ရက္ေန႔ ညေန ၃ နာရီအခ်ိန္ခန႔္က ပုဒ္မ ၃၇၆ မုဒိန္းမွုျဖင့္ အမွုဖြင့္တိုင္တန္းထားရွိခဲ့ရတယ္လို့ က်ဴးလြန္ခံရတဲ့ ကာယကံရွင္ အသိုင္းအဝိုင္းထံက သိရတယ္။
က်ိဳက္မေရာၿမိဳ့နယ္၊က်ဳံဝမ္းေက်းရြာေနမ***(၂၂)ႏွစ္ဟာ ဇူလိုင္လ ၁၁ ရက္ေန႔တြင္ ေပါင္ၿမိဳ့နယ္ ဥတၱံတားေက်ရြာေန ေဗဒင္ဆရာျဖစ္သူ ဆရာမင္းသား(ခ)ဖိုးေပ်ာ့(၄၉)ႏွစ္ထံမွာ သြားေရာက္ေဗဒင္တြက္ခဲ့တာျဖစ္ေၾကာင္း ယၾတာေခ်ရန္ ဇူလိုင္လ ၁၂ ရက္ေန႔ တြင္ ထပ္မံလာေရာက္ရန္ ေဗဒင္ဆရာက ခ်ိန္းဆိုကာ
တိတ္ဆိတ္ၿပီး လူရွင္းလင္းေသာ အခန္းအတြင္းတြင္ ယၾတာေခ်ရမည္ဟုဆိုကာ မုတၱမေက်းရြာရွိ “လန္း”တည္ခိုခန္းသို့ ေခၚေဆာင္သြားခဲ့ၿပီး ျပဳက်င့္ခဲ့တာျဖစ္တယ္လို့ က်ဴးလြန္ခံရသူ ကာယကံရွင္ အသိုင္းအဝိုင္းဘက္က ေျပာဆိုခ်က္အရ သိရပါတယ္။
လက္ရွိမွာေတာ့ ေဗဒင္ဆရာဆိုသူ ဆရာမင္းသား(ခ)ဖိုးေပ်ာ့(၄၉)ႏွစ္၊ (ဘ)ဦးဒူးဒူးအား မုတၱမနယ္ေျမရဲစခန္းက (ပ) ၄၅ /၂၀၂၁၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆၊ အမွုႀကီး အမွတ္စဥ္ ၄/၂၀၂၁ ျဖင့္အမွုဖြင့္အေရးယူေဆာင္ရြက္ထားရွိတယ္လို့ သိရပါတယ္။
Mawlamyine Weekly News



