မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်တာ၊ သယ်ယူပို့ဆောင်ရေးခက်ခဲတာတွေကြောင့် ဈေးမြင့်တက်နေပြီးတော့ စားအုန်းဆီဟာ ပြည်တွင်းကထုတ်တဲ့ ပဲဆီစျေးနီးပါး ဖြစ်နေတယ်လို့ ရန်ကုန်မြို့ ကုန်မျိုးစုံ လက်လီရောင်းဝယ်သူတစ်ဦးကပြောပါတယ်။
“စျေးတွေကတက်တော့ မနက်စျေးနဲ့ ညနေစျေးမတူတဲ့တော့ဘူး၊ စားဆီကို ဆိုင်မှာရောင်းဖို့တောင် အခက်အခဲ ဖြစ်နေတယ် “လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက ဈေးမြင့်တက်နေသလို ပြည်တွင်းထုတ်လုပ်တဲ့ မြေပဲဆီ နှမ်းဆီတွေက လည်း ကုန်ကြမ်းကုန်ပြီး ကုန် အသစ် ထပ်မရသေးတဲ့ ကြားကာလဖြစ်နေတာကြောင့် ကုန်ကြမ်းရှားပါးတာတွေဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးပြတ်တောက်တာတွေများတာကြောင့် ဆီစက်တွေဟာ ပုံမှန်လည်ပတ်နိုင်ဖို့လည်း အခက်အခဲတွေရှိနေတယ်လို့ မုံရွာက ဆီစက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မုံရွာမှာလည်း ကုန်ကြမ်းရှားလို့ မြေပဲဆန်တွေစျေးတက်နေပြီးတော့ စားအုံးဆီ တပိသာစျေးက ၇၂၀၀ စျေးဖြစ်နေပြီးတော့ ပဲဆီက တပိသာ ၆၅၀၀ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင် ဆီကုန်သည်များအသင်းက မြို့အနှံမှာကိုယ်စားလှယ်တွေချပြီး သတ်မှတ်စျေးနဲ့ စားအုန်းဆီ တင်သွင်းရောင်းချဖို့ ချထားပေမဲ့ မုံရွာမြို့မှာ ရောင်းချတာမရှိကြောင်းလည်း မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်
ပြီးခဲ့တဲ့နှစ် မတ်လက စားအုန်းဆီတစ်ပိဿာကို ကျပ် ၂၀၀၀ ဝန်းကျင်သာရှိရာကနေ အခု နှစ်အတွင်း တစ်ပိဿာကို ၇၀၀၀ ကျော်အထိ ဖြစ်လာပါတယ်။ ဈေးကွက်မှာ လူသုံးများတဲ့ နေကြာဆီ၊ ပဲပိစပ်ဆီတွေမှာလည်း သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် တစ်လီတာ ဝန်းကျင် တစ်ဗူးကို ၃၀၀၀ ဝန်းကျင် ဈေးတက်နေပါတယ်။
အခုလို လျှပ်စစ်မီး မမှန်တာကြောင့်လည်း ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှုက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ဆီစက် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
စားသုံးဆီဈေးတွေ မြင့်တက်နေသလို တစ်ဖက်မှာလည်း နေ့စဉ် ဆီအသုံးပြု ပြီး ဟင်းချက်နေရတဲ့ အိမ်ရှင်မတစ်ဦးက ဆီလျှော့ချသုံးရမယ့် အခြေအနေမှာရှိတယ်လို့ ပြောပါတယ်။
ရန်ကုန် ဈေးကွက်မှာ စားအုန်းဆီ တစ်ပိဿာကို ၇၂၀၀၊ ပဲဆီတစ်ပိဿာကို ၈၅၀၀ ဝန်းကျင် အထိရှိနေပြီး ပြည်ပက မှာယူရတဲ့ နေကြာဆီတို့ ပဲပိစပ်ဆီတို့ကလည်း တစ်ဘူးကို ၉၀၀၀ ဝန်းကျင်အထိ ရှိလာနေတဲ့အတွက် စားသုံးသူတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက် တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စားအုန်းဆီ တန်ချိန် ၆ သိန်းကနေ ရှစ်သိန်းအထိ ဒေါ်လာ သန်း ၅၀၀ ဖိုးခန့်နှစ်စဥ်တင်သွင်းလေ့ရှိပါတယ်။
စားအုန်းဆီ စျေး အဓိကတက်တာဟာ မြန်မာနိုင်ငံမှာလုပ်ငန်းသုံး နဲ့ အခြေခံ အများစု အသုံးများတာကြောင့်ဖြစ်တယ်လို့လည်း မုံရွာမြို့က လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ဆီစက်အလုံးရေ ၃,၀၀၀ခန့် ရှိတဲ့အထဲက ဆီစက်အချို့သာ ထုတ်လုပ် လည်ပတ်နေပြီး အရင်က ပြည်ပကနေ တင်သွင်းလာတဲ့ စားအုန်းဆီတွေကို ရောနှောပြီး ရောင်းချမှုတွေ ရှိခဲ့ပါတယ်။
Crd
zawgyi
ျမန္မာႏိုင္ငံကို တင္သြင္းေနတဲ့ စားသုံးဆီအမ်ိဳးမ်ိဳးက ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း ျမင့္တက္တာ၊ သယ္ယူပို႔ေဆာင္ေရးခက္ခဲတာေတြေၾကာင့္ ေဈးျမင့္တက္ေနၿပီးေတာ့ စားအုန္းဆီဟာ ျပည္တြင္းကထုတ္တဲ့ ပဲဆီေစ်းနီးပါး ျဖစ္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ ကုန္မ်ိဳးစုံ လက္လီေရာင္းဝယ္သူတစ္ဦးကေျပာပါတယ္။
“ေစ်းေတြကတက္ေတာ့ မနက္ေစ်းနဲ႔ ညေနေစ်းမတူတဲ့ေတာ့ဘူး၊ စားဆီကို ဆိုင္မွာေရာင္းဖို႔ေတာင္ အခက္အခဲ ျဖစ္ေနတယ္ “လို႔ သူကေျပာပါတယ္။
ျမန္မာႏိုင္ငံကို တင္သြင္းေနတဲ့ စားသုံးဆီအမ်ိဳးမ်ိဳးက ေဈးျမင့္တက္ေနသလို ျပည္တြင္းထုတ္လုပ္တဲ့ ေျမပဲဆီ ႏွမ္းဆီေတြက လည္း ကုန္ၾကမ္းကုန္ၿပီး ကုန္ အသစ္ ထပ္မရေသးတဲ့ ၾကားကာလျဖစ္ေနတာေၾကာင့္ ကုန္ၾကမ္းရွားပါးတာေတြျဖစ္ေနတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ လွ်ပ္စစ္မီးျပတ္ေတာက္တာေတြမ်ားတာေၾကာင့္ ဆီစက္ေတြဟာ ပုံမွန္လည္ပတ္ႏိုင္ဖို႔လည္း အခက္အခဲေတြရွိေနတယ္လို႔ မုံ႐ြာက ဆီစက္လုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။
မုံ႐ြာမွာလည္း ကုန္ၾကမ္းရွားလို႔ ေျမပဲဆန္ေတြေစ်းတက္ေနၿပီးေတာ့ စားအုံးဆီ တပိသာေစ်းက ၇၂၀၀ ေစ်းျဖစ္ေနၿပီးေတာ့ ပဲဆီက တပိသာ ၆၅၀၀ ျဖစ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။
စစ္တပ္အာဏာသိမ္းၿပီး ျမန္မာႏိုင္ ဆီကုန္သည္မ်ားအသင္းက ၿမိဳ႕အႏွံမွာကိုယ္စားလွယ္ေတြခ်ၿပီး သတ္မွတ္ေစ်းနဲ႔ စားအုန္းဆီ တင္သြင္းေရာင္းခ်ဖို႔ ခ်ထားေပမဲ့ မုံ႐ြာၿမိဳ႕မွာ ေရာင္းခ်တာမရွိေၾကာင္းလည္း မုံ႐ြာၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္
ၿပီးခဲ့တဲ့ႏွစ္ မတ္လက စားအုန္းဆီတစ္ပိႆာကို က်ပ္ ၂၀၀၀ ဝန္းက်င္သာရွိရာကေန အခု ႏွစ္အတြင္း တစ္ပိႆာကို ၇၀၀၀ ေက်ာ္အထိ ျဖစ္လာပါတယ္။ ေဈးကြက္မွာ လူသုံးမ်ားတဲ့ ေနၾကာဆီ၊ ပဲပိစပ္ဆီေတြမွာလည္း သယ္ယူပို႔ေဆာင္ေရးအခက္အခဲေတြေၾကာင့္ တစ္လီတာ ဝန္းက်င္ တစ္ဗူးကို ၃၀၀၀ ဝန္းက်င္ ေဈးတက္ေနပါတယ္။
အခုလို လွ်ပ္စစ္မီး မမွန္တာေၾကာင့္လည္း ျပည္တြင္း စားသုံးဆီ ထုတ္လုပ္မႈက အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာလို႔ဆီစက္ ပိုင္ရွင္တစ္ဦးက ေျပာပါတယ္။
စားသုံးဆီေဈးေတြ ျမင့္တက္ေနသလို တစ္ဖက္မွာလည္း ေန႔စဥ္ ဆီအသုံးျပဳ ၿပီး ဟင္းခ်က္ေနရတဲ့ အိမ္ရွင္မတစ္ဦးက ဆီေလွ်ာ့ခ်သုံးရမယ့္ အေျခအေနမွာရွိတယ္လို႔ ေျပာပါတယ္။
ရန္ကုန္ ေဈးကြက္မွာ စားအုန္းဆီ တစ္ပိႆာကို ၇၂၀၀၊ ပဲဆီတစ္ပိႆာကို ၈၅၀၀ ဝန္းက်င္ အထိရွိေနၿပီး ျပည္ပက မွာယူရတဲ့ ေနၾကာဆီတို႔ ပဲပိစပ္ဆီတို႔ကလည္း တစ္ဘူးကို ၉၀၀၀ ဝန္းက်င္အထိ ရွိလာေနတဲ့အတြက္ စားသုံးသူေတြအေနနဲ႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ အရပ္သား အစိုးရလက္ထက္ တရားဝင္ထုတ္ျပန္တဲ့ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ စားအုန္းဆီ တန္ခ်ိန္ ၆ သိန္းကေန ရွစ္သိန္းအထိ ေဒၚလာ သန္း ၅၀၀ ဖိုးခန႔္ႏွစ္စဥ္တင္သြင္းေလ့ရွိပါတယ္။
စားအုန္းဆီ ေစ်း အဓိကတက္တာဟာ ျမန္မာႏိုင္ငံမွာလုပ္ငန္းသုံး နဲ႔ အေျခခံ အမ်ားစု အသုံးမ်ားတာေၾကာင့္ျဖစ္တယ္လို႔လည္း မုံ႐ြာၿမိဳ႕က လုပ္ငန္းရွင္တစ္ဦးကေျပာပါတယ္။
ျမန္မာတစ္ႏိုင္ငံလုံးမွာ ဆီစက္အလုံးေရ ၃,၀၀၀ခန႔္ ရွိတဲ့အထဲက ဆီစက္အခ်ိဳ႕သာ ထုတ္လုပ္ လည္ပတ္ေနၿပီး အရင္က ျပည္ပကေန တင္သြင္းလာတဲ့ စားအုန္းဆီေတြကို ေရာေႏွာၿပီး ေရာင္းခ်မႈေတြ ရွိခဲ့ပါတယ္။
Crd