ၾကားသိရသမွ်

အရပ် (၅)ပေ မပြည့်တပြည့် မိန်းကလေးတွေပဲ ပိုင်ဆိုင် ထားနိုင်ခွင့်ရှိမယ့် အားသာချက် (၇)မျိုး

အရပ် (၅)ပေ မပြည့်တပြည့် မိန်းကလေးတွေပဲ ပိုင်ဆိုင် ထားနိုင်ခွင့်ရှိမယ့် အားသာချက် (၇)မျိုး

အရပ် (၅)ပေ မပြည့်တပြည့်နဲ့ ကောင်မလေးတွေလောက် ချစ်စရာကောင်းတာ မရှိဘူးလို့ ပြောရင် ငြင်းမှာလား။ဘယ်သူတွေ ဘယ်လိုပဲ ငြင်းငြင်း သူတို့လေးတွေသာ

ပိုင်ဆိုင်နိုင်တဲ့ အားသာချက်လေးတွေ ကတော့ ဒီလိုလေးတွေ ရှိပါတယ်နော်။

(၁) ရှိရင်းစွဲ အသက်ထက် ပိုနုတယ်

ရွယ်တူတွေကသာ အသက်တွေ ကြီးသွားတာ ကိုယ်တွေကတော့ တက်လာသမျှ သလေးတွေနဲ့ ယှဉ်လို့ ရနေတုန်း ။

(၂) အဝတ်အစားအတွက် အကုန်အကျ သက်သာတယ်

အဝတ်အစား ဝယ်တဲ့အခါ small size က ဈေးအနည်းဆုံး ဖြစ်သလို၊ ချုပ် ဝတ်မယ် ဆိုရင်လည်း ပိတ်စတွေ အများကြီး မကုန်ပါဘူးနော် ။

(၃) ကလေးတွေ ချစ်တာ ပိုခံရတယ်

ကလေးတွေနဲ့ ကိုယ်တွေနဲ့ သိပ်မကွာသလို ဖြစ်နေတာကြောင့် သူတို့လေးတွေနဲ့ အမြဲတမ်း တရင်းတနှီး ဖြစ်နေတာမျိုး ပေါ့ ။

(၄) လူတွေရဲ့ကူညီရိုင်းပင်းမှုကို ပိုရတယ်

လောရှည်တွေ Bus ပေါ် တက်လာရင် ဘယ်သူမှ လမ်းမဖယ် ပေးကြပေမယ့် ကိုယ်တွေ တက်လာရင်တော့ မီမယ့်နေရာကို ပေးကြတယ်လေ ။

(၅) “ချစ်စရာလေး” ဆိုတဲ့ စကား အမြဲ ကြားရတယ်

အဝတ်အစား အသစ် ဝတ်ထားတဲ့အခါ၊ ပွဲတစ်ခုခု သွားတဲ့ အခါတွေမှာ ချစ်စရာလေး ဆိုတဲ့စကားကို အမြဲ ကြားရတာလည်း ကိုယ်တွေ ပါပဲနော် ။

(၆) ဖိနပ်အမြင့်တွေ စိတ်ကြိုက် စီးလို့ရတယ်

ဖိနပ်အမြင့် စီးလို့ တခြားသူတွေထက် ရှည်ထွက်ပြီး တစ်ယောက်တည်း မိုးထိုး နေမှာမျိုး ပူစရာ မလိုဘူး။ဒေါက်ဖိနပ်တွေ ကြိုက်သလောက်မြင့် ကိုယ်တွေက စီးလို့ ရ

တယ်လေ ။

(၇) ချစ်သူ ကောင်လေးထက် အရပ်ရှည်နေမှာ စိတ်မပူရဘူး

အရပ်ရှည်တဲ့ မိန်းကလေးတွေအတွက် သူတို့ထက် အရပ်ပိုရှည်တဲ့ ဘဲလေးတွေ ရှားပါး နေချိန်မှာ ၊ ကိုယ်တွေလို ငါးပေ မပြည့် တပြည့်လေးတွေ ကတော့ ဒီလို ဒုက္ခ

တွေ မရှိပါဘူးနော် ။

Credit