📌ကြင်စိုးတို့အဖွဲ့ကြည့်ရတာ
ငယ်ငယ်ကသင်ခဲ့ရတဲ့ မျက်မမြင်
ပုဏ္ဏားတွေဆင်ကိုစမ်းနေသလိုပဲ
📌ဆင်ဂွေးစမ်းမိတာကို
ဒုံးကျည်ကြီးထင်ပြီး
ဖျင်ထဲထည့်သူကထည့် အခုထိ တိုင်းပြည်က ကမောက်ကမ ဆီဈေးနဲ့
အခြေခံစားကုန်ကတက်တာ
ဗြမ္မာပြည်ကျော်ပြီး
နိဗ္ဗာန်တောင်ရောက်နေပြီ
📌အရင်လူတွေလုပ်တာမဟုတ်လို့
ငါလုပ်မှဖြစ်မယ်ဆိုပြီး
အာဏာသာသိမ်းတာ ငါလုပ်မှ
တိုင်းပြည်လဲပျက်ရော
မပျက်တာဆိုလို့ ဆူလေဘိုးဘိုးကြီးလက်ညိုးပဲရှိတယ်
သူကတော့ထိုးထားတုန်းပဲ
📌မီးကလဲတစ်ရက် ၅ခါလောက်လာတော့ ရေကမရ ရေမရတော့မချိုးရ မချိုးရတော့နံ ကိုယ်နံသလားမှတ်တယ်
တွေ့သမျှလူလဲ နံနေတော့ မနံတဲ့သူကပဲ လူရာမဝင်သလိုလိုကိုဖြစ်နေတာ
📌ကြင်စိုးတို့များ
ဘယ်ဘဝကဘုန်းကံလဲ မသိဘူး
လုပ်သမျှလွှဲနေတာ တိုင်းပြည်အုပ်ချုပ်တာဘယ်လောက်အောင်မြင်သလဲဆိုလဲ လူဖမ်းတာနဲ့ သတ်နေတာကလွံပြီး
ကျန်တာဘာမှကို မလုပ်တတ်တာ
အဲ့တာကြောင့်ပြောပါတယ် အာဏာသိမ်းမယ့်အစား ကြက်သတ်ရောင်းတာမှ အလုပ်ဖြစ်အုံးမယ်
📌ICJ သွားပြီး Yes နဲ့ No နှစ်လုံးအလွတ်ကျက်သွားတော့
ဟိုကပြောပြီးသားတွေထပ်မပြောပါနဲ့ ပြောယူရသည်ထိ
မဟာအရှက်ကြီး ပက်လက်ကြီးကွဲပေမယ့် ရှက်တတ်ဖို့ထိ ဉာဏ်ရည်မမှီတော့ အိုး…..ရက်စ် နဲ့ ပြန်ခဲ့ရတယ်လေ
📌ယူကရိန်း ဝင်သိမ်းတဲ့ ရုရှ ကို
ထောက်ခံပါတယ် ထလုပ်တော့
ငဖျင့်က သားကြီးမင်းကို
ငါဝင်သိမ်းရင်လဲ အိုးးရက်စ် ပေးပါလို့ ထပြောတော့ ဘုတ်ဘုတ် ဘက်ဘက်
ကြပါဟလို့ ဖြစ်လာတော့မယ်
📌အင်းစိန်မှာတော့ နေရာချိန်းပြန်ပါပြီ လွှတ်သူလွှတ်ဖမ်းသူဖမ်းနဲ့ ရိုးရာမပျက် လူလဲပွဲကမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ
စေတနာကောင်းလို့ မင်းသွားတော့
ပြောတယ်ဆိုရင် ဘုရားစူးမှာစိုးလို့
မဝင်ရသေးသူထပ်ဖမ်းနေတာတော့
ခွေးမြီးကို ဖြောင့်စက်နဲ့ စက်ဆွဲသလိုပါပဲ
📌ပြေတီးဦးတို့လွတ်တယ်
ဝမ်းသာပါတယ် ဘယ်သူလွတ်လွတ်ပျော်ပါတယ် ဒါပေမယ့်
တစ်ချိန်ထဲမှာ ပိုင်သက်ကျော်ကို
“လက်သုံးချောင်းထောင်မူ့”နဲ့
ဖမ်းတာတော့
မဖြစ်သင့်ဖူးလို့ ပြောချင်တယ်
ပိုင်သက်ကျော်က သုံးချောင်း
ဘယ်လိုထောင်မလဲ ထောင်လို့ရရင်
လွန်ရောကျွံရော တစ်ချောင်းထဲလေ 🙄
( ဒီတခါလဲ လွဲပြန်ပြီ ကြင်စိုးရယ် )
unicode
📌ၾကင္စိုးတို႔အဖြဲ႕ၾကည့္ရတာ
ငယ္ငယ္ကသင္ခဲ့ရတဲ့ မ်က္မျမင္
ပုဏၰားေတြဆင္ကိုစမ္းေနသလိုပဲ
📌ဆင္ေဂြးစမ္းမိတာကို
ဒုံးက်ည္ႀကီးထင္ၿပီး
ဖ်င္ထဲထည့္သူကထည့္ အခုထိ တိုင္းျပည္က ကေမာက္ကမ ဆီေဈးနဲ႔
အေျခခံစားကုန္ကတက္တာ
ျဗမၼာျပည္ေက်ာ္ၿပီး
နိဗၺာန္ေတာင္ေရာက္ေနၿပီ
📌အရင္လူေတြလုပ္တာမဟုတ္လို႔
ငါလုပ္မွျဖစ္မယ္ဆိုၿပီး
အာဏာသာသိမ္းတာ ငါလုပ္မွ
တိုင္းျပည္လဲပ်က္ေရာ
မပ်က္တာဆိုလို႔ ဆူေလဘိုးဘိုးႀကီးလက္ညိဳးပဲရွိတယ္
သူကေတာ့ထိုးထားတုန္းပဲ
📌မီးကလဲတစ္ရက္ ၅ခါေလာက္လာေတာ့ ေရကမရ ေရမရေတာ့မခ်ိဳးရ မခ်ိဳးရေတာ့နံ ကိုယ္နံသလားမွတ္တယ္
ေတြ႕သမွ်လူလဲ နံေနေတာ့ မနံတဲ့သူကပဲ လူရာမဝင္သလိုလိုကိုျဖစ္ေနတာ
📌ၾကင္စိုးတို႔မ်ား
ဘယ္ဘဝကဘုန္းကံလဲ မသိဘူး
လုပ္သမွ်လႊဲေနတာ တိုင္းျပည္အုပ္ခ်ဳပ္တာဘယ္ေလာက္ေအာင္ျမင္သလဲဆိုလဲ လူဖမ္းတာနဲ႔ သတ္ေနတာကလြံၿပီး
က်န္တာဘာမွကို မလုပ္တတ္တာ
အဲ့တာေၾကာင့္ေျပာပါတယ္ အာဏာသိမ္းမယ့္အစား ၾကက္သတ္ေရာင္းတာမွ အလုပ္ျဖစ္အုံးမယ္
📌ICJ သြားၿပီး Yes နဲ႔ No ႏွစ္လုံးအလြတ္က်က္သြားေတာ့
ဟိုကေျပာၿပီးသားေတြထပ္မေျပာပါနဲ႔ ေျပာယူရသည္ထိ
မဟာအရွက္ႀကီး ပက္လက္ႀကီးကြဲေပမယ့္ ရွက္တတ္ဖို႔ထိ ဉာဏ္ရည္မမွီေတာ့ အိုး…..ရက္စ္ နဲ႔ ျပန္ခဲ့ရတယ္ေလ
📌ယူကရိန္း ဝင္သိမ္းတဲ့ ႐ုရွ ကို
ေထာက္ခံပါတယ္ ထလုပ္ေတာ့
ငဖ်င့္က သားႀကီးမင္းကို
ငါဝင္သိမ္းရင္လဲ အိုးးရက္စ္ ေပးပါလို႔ ထေျပာေတာ့ ဘုတ္ဘုတ္ ဘက္ဘက္
ၾကပါဟလို႔ ျဖစ္လာေတာ့မယ္
📌အင္းစိန္မွာေတာ့ ေနရာခ်ိန္းျပန္ပါၿပီ လႊတ္သူလႊတ္ဖမ္းသူဖမ္းနဲ႔ ႐ိုးရာမပ်က္ လူလဲပြဲကၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ပါပဲ
ေစတနာေကာင္းလို႔ မင္းသြားေတာ့
ေျပာတယ္ဆိုရင္ ဘုရားစူးမွာစိုးလို႔
မဝင္ရေသးသူထပ္ဖမ္းေနတာေတာ့
ေခြးၿမီးကို ေျဖာင့္စက္နဲ႔ စက္ဆြဲသလိုပါပဲ
📌ေျပတီးဦးတို႔လြတ္တယ္
ဝမ္းသာပါတယ္ ဘယ္သူလြတ္လြတ္ေပ်ာ္ပါတယ္ ဒါေပမယ့္
တစ္ခ်ိန္ထဲမွာ ပိုင္သက္ေက်ာ္ကို
“လက္သုံးေခ်ာင္းေထာင္မူ႔”နဲ႔
ဖမ္းတာေတာ့
မျဖစ္သင့္ဖူးလို႔ ေျပာခ်င္တယ္
ပိုင္သက္ေက်ာ္က သုံးေခ်ာင္း
ဘယ္လိုေထာင္မလဲ ေထာင္လို႔ရရင္
လြန္ေရာကြၽံေရာ တစ္ေခ်ာင္းထဲေလ 🙄
( ဒီတခါလဲ လြဲျပန္ၿပီ ၾကင္စိုးရယ္ )



