နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ရာမှာ မရှုမလှရှုံးနိမ့်လာတဲ့ အာဏာသိမ်းစစ်တပ် ခေါင်းဆောင်က နှစ်သစ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ပြန်
ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရမှာဖြစ်ပြီး သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးငြိမ်းချမ်းရေးအတွက် ဆွေးနွေး နိုင်ဖို့ ဖိတ်ခေါ်ပါတယ်လို့
စစ်ကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်မှာ ထပ်မံပြော ပါတယ်။
ယင်းက “ ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် ယခုနှစ်ဟာ စိန်ရတု အကြိုကာလ ဖြစ်ပါတယ်။
ဒါကြောင့် ၇၅ နှစ်တာ ကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ခြင်း အသီးအပွင့်များနဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ်။
ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြ ထားပြီးဖြစ်လို့ သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးငြိမ်းချမ်းရေးအတွက် ဆွေးနွေး နိုင်ဖို့ ဖိတ်ခေါ်ပါတယ်”လို့ဆိုပါတယ်။
ယင်းအပြင် ၂၀၂၂ ခုနှစ်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်စည်ပင်သာယာဝပြောရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့
ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးတို့အတွက် အစိုးရ အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်သလိုပြည်သူတစ်ရပ်လုံး ကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်လို့လည်း ပြောပါသေးတယ်။
ါပေမယ့် NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့ စာချုပ်ပါစည်းကမ်းများအား လိုက်နာရန် စစ်ကောင်စီက ထုတ်ပြန်လိုက်ပါသေးတယ်။ဒီဇင်ဘာလ ၃၀ရက်
နေ့ရက်စွဲဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ စစ်ကောင်စီက အသိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့ သဘောတူစာချုပ်ပါ ကတိကဝတ်များကို အလေးထား လိုက်နာဆောင်ရွက်ရန်လည်း ဆိုပါတယ်။စာချုပ်ပါစည်းကမ်းများကို
ချိုးဖောက်မှုများနဲ့ပတ်သက်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယင်းတို့အနေနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် NCA သဘောတူညီချက်များကို လိုက်နာလျက်ရှိပြီး အပစ်ရပ်ကာလကို ၂၀၂၂ခုနှစ် ဖော်ဖော်ဝါရီလ ၂၈ရက်နေ့အထိ သက်တမ်းတိုး
မြှင့်ထားတာဖြစ်တယ်လို့ အသိပေးချက်မှာထည့်သွင်းထားတာဖြစ်ပါတယ်။သတင်းထူး သတင်းဦးများကို ပိုမိုသိရှိရအောင် ကျွန်တော်တို့ Pageလေးကို followလေးလုပ်သွားကြပါအုံးနော်။
Credit