ရန်ကုန်ရှိ မြို့နယ်အချို့မှာ လျှပ်စစ်မီတာခ မပေးဆောင်ပါက မီးဖြတ်မည်ဟု လိုက်လံသတိပေးနေ
ယခုရက်ပိုင်းအတွင်းမှာ လျှပ်စစ်မီတာခများ ပေးဆောင်ရန် ရန်ကုန်မြို့နယ်အတွင်းရှိ စမ်းချောင်း၊ အလုံ စသည့် သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများသည် နေအိမ်များသို့ လိုက်လံကာ သတိပေးမှုများ ပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။
“ဒီနေ့ စမ်းချောင်း ချမ်းသာလမ်းထဲကို မြို့နယ်လျှပ်စစ်ရုံးက ဝန်ထမ်း ၃ယောက် သွားတယ်။ ၂လပိုင်းကတည်းက မီတာမဆောင်ထားဘူးဆိုတာနဲ့ မီးဖြတ်မယ်ဆိုတာ လာ သတိပေးသွားတယ်”လို့ စမ်းချောင်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဆက်လက်ပြီး အလုံမြို့နယ်အတွင်းမှာလည်း မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းအချို့သည် နေအိမ်တိုက်ခန်းများသို့ လျှပ်စစ်မီတာခပေးဆောင်ရန် အတင်းအကျပ် ပြောဆိုခြင်း များရှိတယ်လို့လည်း သိရပါတယ်။
“စစ်သားတွေ ရဲတွေတော့မပါဘူး၊ မီတာရုံးကဝန်ထမ်းတွေချည်းပဲ၊ တံခါးဖွင့်ထားတဲ့ တိုက်ခန်းတွေဆိုရင် မီးဖြတ်မယ်ဆိုပြီး ဝင်ပြောသွားတာ၊ တံခါးပိတ်ထားရင်တော့ ကျော်သွားတယ်”လို့ အလုံမြို့နယ်နေသူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့သည့်လပိုင်းကစပြီး လျှပ်စစ်မီတာခများ ပေးဆောင်ရန်အတွက် မြို့နယ် လျှပ်စစ်ရုံး အသီးသီးမှ မီတာစာရွက်များ လိုက်လံဖြန့်ဝေခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီလက်ထက် မီတာခနှုန်းထားများသည် ယခင်ကာလများထက် ပိုမိုကျသင့်နေခြင်းများရှိကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလကစတင်ပြီး စစ်ကောင်စီကို ဆန့်ကျင်သည့်အနေနဲ့ ပြည်သူများသည် မီတာခ ပေးဆောင်ခြင်းမရှိသလို ရန်ကုန်ရှိ မြို့နယ်လျှပ်စစ်ရုံးများမှာလည်း ဗုံးပေါက်ကွဲမှု များ ဖြစ်ပွားနေတာဖြစ်ပါတယ်။
——————————-
ရန္ကုန်ရွိ မြို့နယ်အခို့မွာ လ်ွပ္စစ္မီတာခ မေပးဆောင္ပါက မီျးဖတ္မည်ဟု လိုက္လံသတိပေးနေ
ရန္ကုန္တိုင်းဒေသကြီးအတြင်းရွိ မြို့နယ်အခို့မွာ လ်ွပ္စစ်ဝန္ထမ်းမ်ားက မီတာခ မေပးဆောင္ပါက မီျးဖတ္မည်ဟုဆိုကာ လိုက္လံသတိပေးမှုမ်ားရွိနေကြာင်း စမ်းခော်င်းမြို့နယ်နျေပည်သူမ်ားရဲ့ျေပာဆိုခ်က်အရ သိရပါတယ်။
ယခုရက္ပိုင်းအတြင်းမွာ လ်ွပ္စစ္မီတာခမ်ား ပေးဆောင်ရန် ရန္ကုန်မြို့နယ်အတြင်းရွိ စမ်းခော်င်း၊ အလုံ စသည့် သက္ဆိုင်ရာမြို့နယ္လ်ွပ္စစ်ရုံးမွ ဝန္ထမ်းမ်ားသည် နေအိမ္မ်ားသို့ လိုက္လံကာ သတိပေးမှုမ်ာျးပုလုပ္လ်က်ရွိတျာဖစ္ပါတယ်။
“ဒီနေ့ စမ်းခော်င်း ခ်မ်းသာလမ်းထဲကို မြို့နယ္လ်ွပ္စစ်ရုံးက ဝန္ထမ်း ၃ယောက် သြားတယ်။ ၂လပိုင်းကတည်းက မီတာမေဆာင္ထားဘူးဆိုတာနဲ့ မီျးဖတ္မယ္ဆိုတာ လာ သတိပေးသြားတယ်”လို့ စမ်းခော်င်းမြို့နယ်အတြင်း နေထိုင်သူတစ်ဦးကျေပာပါတယ်။
ဆက္လက်ပြီး အလုံမြို့နယ်အတြင်းမွာလည်း မြို့နယ္လ်ွပ္စစ်ရုံးမွ ဝန္ထမ်းအခို့သည် နေအိမ္တိုက္ခန်းမ်ားသို့ လ်ွပ္စစ္မီတာခေပးဆောင်ရန် အတင်းအက်ပ်ျေပာဆျိုခင်း မ်ားရွိတယ္လို့လည်း သိရပါတယ်။
“စစ်သားတြေ ရဲတြေတာ့မပါဘူး၊ မီတာရုံးကဝန္ထမ်းတြေခ်ည်းပဲ၊ တံခါးဖြင့္ထားတဲ့ တိုက္ခန်းတြေဆိုရင် မီျးဖတ္မယ္ဆိုပြီး ဝင်ျေပာသြားတာ၊ တံခါးပိတ္ထားရင်တော့ ကော််သြားတယ်”လို့ အလုံမြို့နယ်နေသူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့သည့္လပိုင်းကစပြီး လ်ွပ္စစ္မီတာခမ်ား ပေးဆောင်ရန်အတြက် မြို့နယ် လ်ွပ္စစ်ရုံး အသီးသီးမွ မီတာစာရက္မြ်ား လိုက္လျံဖန့်ဝေချဲ့ခင်ျးဖစ္ကာ စစ်ကောင္စီလက္ထက် မီတာခနှုန်းထားမ်ားသည် ယခင္ကာလမ်ားထက် ပိုမိုက်သင့်နျေခင်းမ်ားရွိကြောင်း သိရပါတယ်။
ဖေဖ်ာဝါရီလကစတင်ပြီး စစ်ကောင္စီကို ဆန့္က်င်သည့်အေနနျဲ့ပည်သူမ်ားသည် မီတာခ ပေးဆောင်ျခင်းမရွိသလို ရန္ကုန်ရွိ မြို့နယ္လ်ွပ္စစ်ရုံးမ်ားမွာလည်း ဗုံးပေါက္ကြဲမှု မ်ာျးဖစ္ပြားနေတျာဖစ္ပါတယ်။



