ၾကားသိရသမွ်

ဟမ်ဘာဂါ မှာစားရာကနေ လက်ချောင်းအပြတ်ကြီး ပါလာတဲ့အဖြစ်

အစားအသောက် ဝယ်စားတဲ့အခါ သန့်ရှင်းလတ်ဆတ်မှုနဲ့ အရသာ ကောင်းမွန်မှုတို့က အဓိကကျပါတယ်။ စားသောက်ဆိုင် တစ်ဆိုင်မှာ မှာစားတဲ့အခါ ဆံပင်ပါလာရင်တောင် အတော့်ကို စိတ်ပျက်စရာ ကောင်းနေပါပြီ။ ဒါပေမယ့် စားစရာထဲမှာ လူသား လက်ချောင်းပြတ်ကြီး ပါလာမယ် ဆိုရင်တော့ လုံးဝကို အန်ထွက်မိမှာပါ။

ဘိုလီဗီးယားနိုင်ငံက Estefany Benitez က အမြန်ပြင် စားသောက်ဆိုင် တစ်ဆိုင်မှာ ဟမ်ဘာဂါတစ်လုံး ဝယ်စားတဲ့အခါ လူသားလက်ချောင်း တစ်ချောင်းပါလာခဲ့ပါတယ်။ အဲဒီ လက်ချောင်းကလည်း ပုပ်နေပါပြီ။

သူမက အဲဒီလက်ချောင်းပုံကို facebook မှာတင်ပြီး စားသောက်ဆိုင်ရဲ့ တာဝန်ရှိသူနဲ့ စကားပြောဖို့စောင့်နေပါပြီ။ အဲဒီဘာဂါ စတိုးဆိုင်ကနေ အသင့်ရောက် လာတာဖြစ်ပြီး အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးကြောင်း Hot Burger စားသောက်ဆိုင်ရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

သူမက ဒီအကြောင်းကို facebook မှာ တင်လိုက်ရာကနေ social media တစ်ခွင်မှာ ပျံ့နှံ့သွားပါတယ်။ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူက ဒီကိစ္စက မမျှော်လင့်ဘဲ ဖြစ်သွားကြောင်း၊ ကုမ္ပဏီက အလုပ်သမား တစ်ယောက်က အသားကို လှီးရင်း လက်ညှိုးပြတ်သွားကြောင်း ရှင်းပြခဲ့ပါတယ်။

ကုမ္ပဏီရဲ့ အလုပ်သမားတစ်ယောက်က လက်ညှိုးပြတ်သွားတာ မှန်တဲ့အကြောင်း အမျိုးသားရဲဌာနရဲ့ ပြစ်မှုတပ်ဖွဲ့ညွှန်ကြားရေးမှူး Edson Claure က မီဒီယာတွေကို အတည်ပြု ပေးခဲ့ပါတယ်။

စားသုံးသူ အခွင့်အရေးနဲ့ ကာကွယ်ရေး ဒုဝန်ကြီးကတော့ ဆိုင်ကို ခဏပိတ်ထားဖို့နဲ့ ဒဏ်ငွေဆောင်ဖို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။

Zombie (Lovemedia)

for zawgyi

ဟမ္ဘာဂါ မွာစားရာကေန လက္ေခ်ာင္းအျပတ္ႀကီး ပါလာတဲ့အျဖစ္

အစားအေသာက္ ဝယ္စားတဲ့အခါ သန႔္ရွင္းလတ္ဆတ္မႈနဲ႔ အရသာ ေကာင္းမြန္မႈတို႔က အဓိကက်ပါတယ္။ စားေသာက္ဆိုင္ တစ္ဆိုင္မွာ မွာစားတဲ့အခါ ဆံပင္ပါလာရင္ေတာင္ အေတာ့္ကို စိတ္ပ်က္စရာ ေကာင္းေနပါၿပီ။ ဒါေပမယ့္ စားစရာထဲမွာ လူသားလက္ေခ်ာင္းျပတ္ႀကီး ပါလာမယ္ ဆိုရင္ေတာ့ လုံးဝကို အန္ထြက္မိမွာပါ။

ဘိုလီဗီးယားႏိုင္ငံက Estefany Benitez က အျမန္ျပင္ စားေသာက္ဆိုင္ တစ္ဆိုင္မွာ ဟမ္ဘာဂါတစ္လုံး ဝယ္စားတဲ့အခါ လူသားလက္ေခ်ာင္း တစ္ေခ်ာင္းပါလာခဲ့ပါတယ္။

အဲဒီ လက္ေခ်ာင္းကလည္း ပုပ္ေနပါၿပီ။ သူမက အဲဒီလက္ေခ်ာင္းပုံကို facebook မွာတင္ၿပီး စားေသာက္ဆိုင္ရဲ႕ တာဝန္ရွိသူနဲ႔ စကားေျပာဖို႔ေစာင့္ေနပါၿပီ။

အဲဒီဘာဂါ စတိုးဆိုင္ကေန အသင့္ေရာက္ လာတာျဖစ္ၿပီး အရင္က ဒီလိုမ်ိဳး တစ္ခါမွ မျဖစ္ဖူးေၾကာင္း Hot Burger စားေသာက္ဆိုင္ရဲ႕ ကိုယ္စားလွယ္က ေျပာပါတယ္။ သူမက ဒီအေၾကာင္းကို facebook မွာ တင္လိုက္ရာကေန social media တစ္ခြင္မွာ ပ်ံ႕ႏွံ႔သြားပါတယ္။

ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ ရွိသူက ဒီကိစၥက မေမွ်ာ္လင့္ဘဲ ျဖစ္သြားေၾကာင္း၊ ကုမၸဏီက အလုပ္သမား တစ္ေယာက္က အသားကို လွီးရင္း လက္ညႇိဳးျပတ္သြားေၾကာင္း ရွင္းျပခဲ့ပါတယ္။

ကုမၸဏီရဲ႕ အလုပ္သမားတစ္ေယာက္က လက္ညႇိဳးျပတ္သြားတာ မွန္တဲ့အေၾကာင္း အမ်ိဳးသားရဲဌာနရဲ႕ ျပစ္မႈတပ္ဖြဲ႕ၫႊန္ၾကားေရးမႉး Edson Claure က မီဒီယာေတြကို အတည္ျပဳ ေပးခဲ့ပါတယ္။

စားသုံးသူ အခြင့္အေရးနဲ႔ ကာကြယ္ေရး ဒုဝန္ႀကီးကေတာ့ ဆိုင္ကို ခဏပိတ္ထားဖို႔နဲ႔ ဒဏ္ေငြေဆာင္ဖို႔ ဆုံးျဖတ္ေပးလိုက္ပါတယ္။

Zombie (Lovemedia)