ၾကားသိရသမွ်

အမှိုက်ကောက်သမားဖြစ်ပေမဲ့လည်း သမီးဖြစ်သူဘွဲ့ရတဲ့အထိ ကျောင်းထားပေးခဲ့တဲ့ ရင်နင့်ဖွယ်ဖခင်တစ်ဦးရဲ့အဖြစ် (ရုပ်သံ)

အမှိုက်ကောက်သမားဖြစ်ပေမဲ့လည်း သမီးဖြစ်သူဘွဲ့ရတဲ့အထိ ကျောင်းထားပေးခဲ့တဲ့ ရင်နင့်ဖွယ်ဖခင်တစ်ဦးရဲ့အဖြစ် (ရုပ်သံ)

မိဘတွေဟာ သားသမီးတွေအတွက်ဆိုရင် သူတို့နောင်တရခဲ့မဲ့ အဖြစ်မျိုးနဲ့ကြုံတွေ့ရမယ်ဆိုရင်တောင် အတတ်နိုင်ဆုံး ကြိုးစားရုန်းကန်ပြီး ပေးဆပ်နေကြသူတွေပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံမှ အမှိုက်ကောက်သမားအဖြစ်အလုပ်လုပ်ကိုင်နေတဲ့ အသက် 51 နှစ်အရွယ် Cristito Quimado အမည်ရှိတဲ့အမျိုးသားဟာ မိသားစုအတွက် အံ့အားသင့်လောက်အောင်ကြိုးစားကာ သားသမီးတွေကို ပညာသင်ကြားပေးခဲ့လို့ပါပဲ ။

Cristito ရဲ့ပြောပြချက်အရ ‘ ကျွန်တော့်ရဲ့အလုပ်က မလွယ်ကူပါဘူး ၊ အမှိုက်တိုင်းကို လက်နဲ့ကိုင်ရပါတယ် ၊အမြဲတမ်းဖန်ကွဲစတွေနဲ့လက်ကိုခြစ်မိပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ဒါ့အပြင် Cristito ဟာ လွန်ခဲ့တဲ့ နှစ် 20 ခန့်လောက်ကတည်းက မနက် 3 နာရီအချိန် အိပ်ယာကထပြီး 4 နာရီတွင်အလုပ်သွားရကာ အမှိုက်တွေလိုက်လံကောက်ယူနေခဲ့ရတာပါ ။

ဖခင်တစ်ယောက်အနေနဲ့ ‘ ကျွန်တော့်ရဲ့ မိသားစု နဲ့ သားသမီးတွေအတွက် လုပ်နေတာပါ ‘ ဆိုပြီးတော့လည်း ပြောပြခဲ့ပါတယ် ။ တစ်ရက်ကို $1 ဝန်းကျင်ခန့်သာ ဝင်ငွေရရှိပေမဲ့လည်း ၊ သားသမီး 4 ယောက်ကို ကျောင်းထားနိုင်ခဲ့တဲ့ ဖခင်တစ်ဦးပါ ။ တစ်ခါတစ်လေ စားစရာဝယ်ဖို့တောင် ပိုက်ဆံမရှိတဲ့အချိန်မျိုး ရှိခဲ့ဖူးကြောင်း မျက်ရည်လေးတွေနဲ့ Cristito က ရင်ဖွင့်ခဲ့ပါတယ် ။

အခုအချိန်မှာတော့ သမီးကြီးဖြစ်သူက ကောလိပ်ကနေ ဘွဲ့ရရှိခဲ့ပြီဖြစ်ပါတယ် ။ သမီးဖြစ်သူကတော့ဖခင်ရဲ့အလုပ်ဟာဝင်ငွေနဲပေမဲ့လည်းတရားမဝင်တဲ့အလုပ်မျိုးမဟုတ်တာကြောင့် ဂုဏ်ယူမိကြောင်း ၊ သူမအလုပ်ရရှိခဲ့တဲ့အချိန်ရောက်ရင်တော့ ဖခင်ကိုကျေးဇူးပြန်ဆပ်မှာ ဖြစ်ကြောင်းပြောပြခဲ့ပါတယ် ။သမီးဖြစ်သူကလည်း ငိုကြွေးစွာဖြင့် ‘ အဖေ့ကို စားသောက်ဆိုင်ကြီးတစ်ခုကို ခေါ်သွားချင်တယ် ၊ အဝတ်အစားကောင်းတွေ ဝယ်ပေးချင်တယ် ၊ ကျွန်မရဲ့မောင်နှမတွေရဲ့ ပညာရေးကိုပြန်ထောက်ပံ့ပေးချင်လို့ အလုပ်အရမ်းလုပ်ချင်နေပါပြီ ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Cristito ကလည်း သမီးကြီးရဲ့စိတ်ဓာတ်ပုံစံကို ‘ ကျွန်တော့်အလုပ်ကဘာလဲဆိုပြီးလူတွေကသမီးကိုမေးလိုက်ရင်သမီးကအမှိုက်ကောက်သမားလို့ အမြဲတမ်းပြန်ဖြေလေ့ရှိပါတယ် ၊ ကျွန်တော့်ရဲ့အလုပ်နဲ့ပက်သက်ပြီး သူတစ်ခါးမှ အရှက်ရမိတာမျိုး မဖြစ်ဖူးပါဘူး ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ သားသမီးတွေအတွက် ချန်ထားပေးနိုင်တာ ပညာ တစ်ခုရှိလို့ ယခုလို ကြိုးစားနေရတာဖြစ်ကြောင်း လည်းပြောပြသွားခဲ့ပါတယ် ။

Zawgyi

အမှိုက်ကောက်သမားဖြစ်ပေမဲ့လည်း သမီးဖြစ်သူဘွဲ့ရတဲ့အထိ ကျောင်းထားပေးခဲ့တဲ့ ရင်နင့်ဖွယ်ဖခင်တစ်ဦးရဲ့အဖြစ် (ရုပ်သံ)

မိဘတွေဟာ သားသမီးတွေအတွက်ဆိုရင် သူတို့နောင်တရခဲ့မဲ့အဖြစ်မျိုးနဲ့ကြုံတွေ့ရမယ်ဆိုရင်တောင် အတတ်နိုင်ဆုံးကြိုးစားရုန်းကန်ပြီး ပေးဆပ်နေကြသူတွေပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံမှ အမှိုက်ကောက်သမားအဖြစ်အလုပ်လုပ်ကိုင်နေတဲ့ အသက် 51 နှစ်အရွယ် Cristito Quimadoအမည်ရှိတဲ့အမျိုးသားဟာ မိသားစုအတွက် အံ့အားသင့်လောက်အောင်ကြိုးစားကာ သားသမီးတွေကို ပညာသင်ကြားပေးခဲ့လို့ပါပဲ ။

Cristito ရဲ့ပြောပြချက်အရ ‘ ကျွန်တော့်ရဲ့အလုပ်က မလွယ်ကူပါဘူး ၊ အမှိုက်တိုင်းကို လက်နဲ့ကိုင်ရပါတယ် ၊ အမြဲတမ်း ဖန်ကွဲစတွေနဲ့ လက်ကိုခြစ်မိပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ဒါ့အပြင် Cristito ဟာ လွန်ခဲ့တဲ့ နှစ် 20 ခန့်လောက်ကတည်းက မနက် 3 နာရီအချိန် အိပ်ယာကထပြီး 4 နာရီတွင်အလုပ်သွားရကာ အမှိုက်တွေလိုက်လံကောက်ယူနေခဲ့ရတာပါ ။

ဖခင်တစ်ယောက်အနေနဲ့ ‘ ကျွန်တော့်ရဲ့ မိသားစု နဲ့ သားသမီးတွေအတွက် လုပ်နေတာပါ ‘ ဆိုပြီးတော့လည်း ပြောပြခဲ့ပါတယ် ။ တစ်ရက်ကို $1 ဝန်းကျင်ခန့်သာ ဝင်ငွေရရှိပေမဲ့လည်း ၊ သားသမီး 4 ယောက်ကို ကျောင်းထားနိုင်ခဲ့တဲ့ ဖခင်တစ်ဦးပါ ။ တစ်ခါတစ်လေ စားစရာဝယ်ဖို့တောင် ပိုက်ဆံမရှိတဲ့အချိန်မျိုး ရှိခဲ့ဖူးကြောင်း မျက်ရည်လေးတွေနဲ့ Cristito က ရင်ဖွင့်ခဲ့ပါတယ် ။

အခုအချိန်မှာတော့ သမီးကြီးဖြစ်သူက ကောလိပ်ကနေ ဘွဲ့ရရှိခဲ့ပြီဖြစ်ပါတယ် ။ သမီးဖြစ်သူကတော့ ဖခင်ရဲ့အလုပ်ဟာ ဝင်ငွေနဲပေမဲ့လည်း တရားမဝင်တဲ့အလုပ်မျိုးမဟုတ်တာကြောင့် ဂုဏ်ယူမိကြောင်း ၊ သူမအလုပ်ရရှိခဲ့တဲ့အချိန်ရောက်ရင်တော့ ဖခင်ကို ကျေးဇူးပြန်ဆပ်မှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ သမီးဖြစ်သူကလည်း ငိုကြွေးစွာဖြင့် ‘ အဖေ့ကို စားသောက်ဆိုင်ကြီးတစ်ခုကို ခေါ်သွားချင်တယ် ၊အဝတ်အစားကောင်းတွေ ဝယ်ပေးချင်တယ် ၊ ကျွန်မရဲ့မောင်နှမတွေရဲ့ ပညာရေးကိုပြန်ထောက်ပံ့ပေးချင်လို့ အလုပ်အရမ်းလုပ်ချင်နေပါပြီ ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Cristito ကလည်း သမီးကြီးရဲ့စိတ်ဓာတ်ပုံစံကို ‘ ကျွန်တော့်အလုပ်ကဘာလဲဆိုပြီး လူတွေက သမီးကိုမေးလိုက်ရင် သမီးက အမှိုက်ကောက်သမားလို့ အမြဲတမ်းပြန်ဖြေလေ့ရှိပါတယ် ၊ ကျွန်တော့်ရဲ့အလုပ်နဲ့ပက်သက်ပြီး သူတစ်ခါးမှ အရှက်ရမိတာမျိုး မဖြစ်ဖူးပါဘူး ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ သားသမီးတွေအတွက် ချန်ထားပေးနိုင်တာ ပညာ တစ်ခုရှိလို့ ယခုလို ကြိုးစားနေရတာဖြစ်ကြောင်း လည်းပြောပြသွားခဲ့ပါတယ် ။

crd