သီတင္းကြၽတ္ပိတ္ရက္အတြက္ ေခ်ာင္းသာ ေငြေဆာင္တြင္ ဟိုတယ္အခန္းအားလုံးနီးပါး ဘိုကင္ျပည့္ေနဟုဆို…
(အျပည့္အစုံဖတ္ရန္ ပုံကိုႏွိပ္ပါ…)
သတင္းကြၽတ္ပိတ္ရက္အတြက္ ေခ်ာင္းသာ ေငြေဆာင္တြင္ ဟိုတယ္အခန္းအားလုံးနီးပါး ဘိုကင္ျပည့္ေနဟုဆို
ေခ်ာင္းသာကမ္းေျခမွာေတာ့ ေအာက္တိုဘာလဆန္းပိုင္းက စတင္ကာ ေဒသတြင္းခရီးသြားဝင္ေရာက္လည္ပတ္မႈျပန္လည္မ်ားျပားလာတာျဖစ္ၿပီး စေန
နဲ႔တနဂၤေႏြေန႔ေတြဟာ ဧည့္သည္လာေရာက္မႈ အမ်ားဆုံးရက္ေတြျဖစ္တယ္လို႔ဆိုပါတယ္။
ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕နယ္ရွိ ေခ်ာင္းသာကမ္းေျခနဲ႔ေငြေဆာင္ကမ္းေျခေတြမွာ လာမယ့္ သီတင္းကြၽတ္႐ုံးပိတ္ရက္ဧည့္သည္လာေရာက္ဖို႔ ဟိုတယ္ႀကိဳ
တင္အခန္းမွာယူထားတာ အခန္းအားလုံးကုန္လုနီးပါးျဖစ္ေနၿပီလို႔ဆိုပါတယ္။ေခ်ာင္းသာကမ္းေျခေဒသကဟိုတယ္ေတြျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ ဝန္ထ
မ္းေတြကို ကိုဗစ္-ကာကြယ္ေဆးထိုးၿပီးမွျပန္ဖြင့္တာျဖစ္သလို တစ္လတစ္ႀကိမ္ ကိုဗစ္ေရာဂါ ရွိမရွိ စစ္ေဆးတာေတြျပဳလုပ္ၿပီးမွဖြင့္လွစ္ရတာျဖစ္တယ္လို႔ ေခ်ာ
င္းသာဟိုတယ္ဝန္ထမ္းတဦးကေျပာပါတယ္။
ေခ်ာင္းသာကမ္းေျခနဲ႔ေငြေဆာင္ကမ္းေျခေတြမွာရွိတဲ့ဟိုတယ္ေတြမွာ ခရီးသြားကာလပုံမွန္အေျခအေနမွာအခန္းခေဈးတက္တာမရွိေပမယ့္ သီတင္း
ကြၽတ္တန္ေဆာင္တိုင္စတဲ့ အခါႀကီး ေန႔ႀကီးေတြမွာေတာ့ ပုံမွန္ထက္ႏွဆပိုၿပီး အခန္းကေဈးေတာင္းယူေလ့ရွိတယ္လို႔ဆိုပါတယ္။
ပြင့္လင္းရာသီေရာက္လာတာနဲ႔ ႏိုင္ငံတဝန္း ခရီးသြားလာမႈျပန္လည္ျမင့္တက္လာေလ့ ရွိပါတယ္။ဧရာဝတီတိုင္းကကမ္းေျခေတြကို ကိုဗစ္ပထမလႈိင္းစတ
င္ျဖစ္ပြားခ်ိန္ကတည္းကပိတ္ထားခဲ့တာျဖစ္ၿပီး အာဏာသိမ္းၿပီး ၂ လအၾကာမွာျပန္လည္ဖြင့္လွစ္ေပးခဲ့တာလို႔ေဒသခံေတြကေျပာပါတယ္။
ကမ္းေျခေတြပိတ္ထားရတာၾကာၿပီျဖစ္တဲ့အတြက္ေဒသခံျပည္သူေတြရဲ႕စားဝတ္ေနေရးအတြက္ ျပန္ဖြင့္လွစ္ေပးတာမ်ိဳးကိုလက္ခံလို႔ရေပမယ့္ ေပ်ာ္
ပြဲ႐ႊင္ပြဲပုံစံအစုလိုက္အၿပဳံလိုက္ လာေရာက္လည္ပတ္တာဟာက်န္းမာေရးအရေရာ ေခတ္ကာလအရပါ ေကာင္းတဲ့လကၡဏာမဟုတ္ဘူးလို႔ ႏိုင္ငံေရးသမားေတြက
သုံးသပ္ပါတယ္။
Ref:DVB
Unicode
သီတင်းကျွတ်ပိတ်ရက်အတွက် ချောင်းသာ ငွေဆောင်တွင် ဟိုတယ်အခန်းအားလုံးနီးပါး ဘိုကင်ပြည့်နေဟုဆို…
(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ…)
သတင်းကျွတ်ပိတ်ရက်အတွက် ချောင်းသာ ငွေဆောင်တွင် ဟိုတယ်အခန်းအားလုံးနီးပါး ဘိုကင်ပြည့်နေဟုဆို
ချောင်းသာကမ်းခြေမှာတော့ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ဒေသတွင်းခရီးသွားဝင်ရောက်လည်ပတ်မှုပြန်လည်များပြားလာတာဖြစ်ပြီး စနေနဲ့တနင်္ဂနွေနေ့
တွေဟာ ဧည့်သည်လာရောက်မှု အများဆုံးရက်တွေဖြစ်တယ်လို့ဆိုပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနဲ့ငွေဆောင်ကမ်းခြေတွေမှာ လာမယ့် သီတင်းကျွတ်ရုံးပိတ်ရက်ဧည့်သည်လာရောက်ဖို့ ဟိုတယ်ကြိုတင်အခန်းမှာ
ယူထားတာ အခန်းအားလုံးကုန်လုနီးပါးဖြစ်နေပြီလို့ဆိုပါတယ်။ချောင်းသာကမ်းခြေဒေသကဟိုတယ်တွေပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဝန်ထမ်းတွေကို ကိုဗစ်-
ကာကွယ်ဆေးထိုးပြီးမှပြန်ဖွင့်တာဖြစ်သလို တစ်လတစ်ကြိမ် ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးတာတွေပြုလုပ်ပြီးမှဖွင့်လှစ်ရတာဖြစ်တယ်လို့ ချောင်းသာဟိုတယ်ဝန်ထမ်း
တဦးကပြောပါတယ်။
ချောင်းသာကမ်းခြေနဲ့ငွေဆောင်ကမ်းခြေတွေမှာရှိတဲ့ဟိုတယ်တွေမှာ ခရီးသွားကာလပုံမှန်အခြေအနေမှာအခန်းခဈေးတက်တာမရှိပေမယ့် သီတင်းကျွတ်
တန်ဆောင်တိုင်စတဲ့ အခါကြီး နေ့ကြီးတွေမှာတော့ ပုံမှန်ထက်နှဆပိုပြီး အခန်းကဈေးတောင်းယူလေ့ရှိတယ်လို့ဆိုပါတယ်။
ပွင့်လင်းရာသီရောက်လာတာနဲ့ နိုင်ငံတဝန်း ခရီးသွားလာမှုပြန်လည်မြင့်တက်လာလေ့ ရှိပါတယ်။ဧရာဝတီတိုင်းကကမ်းခြေတွေကို ကိုဗစ်ပထမလှိုင်းစတင်ဖြစ်ပွား
ချိန်ကတည်းကပိတ်ထားခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီး ၂ လအကြာမှာပြန်လည်ဖွင့်လှစ်ပေးခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
ကမ်းခြေတွေပိတ်ထားရတာကြာပြီဖြစ်တဲ့အတွက်ဒေသခံပြည်သူတွေရဲ့စားဝတ်နေရေးအတွက် ပြန်ဖွင့်လှစ်ပေးတာမျိုးကိုလက်ခံလို့ရပေမယ့် ပျော်ပွဲရွှင်ပွဲပုံစံ
အစုလိုက်အပြုံလိုက် လာရောက်လည်ပတ်တာဟာကျန်းမာရေးအရရော ခေတ်ကာလအရပါ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ နိုင်ငံရေးသမားတွေကသုံးသပ်ပါ
တယ်။
Ref:DVB