ၾကားသိရသမွ်

လေလံဆွဲပြီး လှူပေးပါဆိုတဲ့ ကိုကျားပေါက်ရဲ့ UKulele ဂစ်တာလေးကို စတင်လေလံဆွဲ ရောင်းချပေးနေပြီဖြစ်တဲ့ ပန်ဆယ်လို

လေလံဆွဲပြီး လှူပေးပါဆိုတဲ့ ကိုကျားပေါက်ရဲ့ UKulele ဂစ်တာလေးကို စတင်လေလံဆွဲ ရောင်းချပေးနေပြီဖြစ်တဲ့ ပန်ဆယ်လို

ကိုကျားရဲ့ Ukulele ဂစ်တာပေါ်မှာ Doodle Art ဆွဲထားတဲ့လက်ရာပိုစ့်ကို မြင်တော့ ဟာကွာ… ကြိုက်လိုက်တာ၊ လိုချင်လိုက်တာပေါ့။ သိပ်မကြာဘူး… ကိုယ့်ဆီ

ရောက်လာတယ်။ လက်ဆောင်တော့ မဟုတ်ဘူး၊ ပန်ဆယ်လိုရေ… လေလံဆွဲပြီး လှူပေးကွာတဲ့။ 😁

ကိုကျားရဲ့ ဒီလက်ရာလေးကို လေလံဆွဲပြီး ရရှိငွေအားလုံးကို NUG အစိုးရထံ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ လေလံအောင်သူအလှူရှင်ထံလည်း NUG မှ

အသိအမှတ်ပြုအလှူရှင်မှတ်တမ်း ပြန်လည်ပေးပို့သွားမှာ ဖြစ်ပါတယ်။ အနုပညာပစ္စည်းလေးကိုလည်း ကမ္ဘာရဲ့ မည်သည့်နေရာဖြစ်စေ၊ ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှ

ဖြစ်စေ လုံခြုံစိတ်ချစွာ ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။

လေလံချိန်ကို ယခုမှ အစပြုပြီး မနက်ဖြန် တနင်္ဂနွေည (၉)နာရီမှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ ကောမန့်တွင်ဖြစ်စေ၊ လုံခြုံရေးအရ မက်ဆင်ဂျာမှ ဖြစ်စေ လေလံဈေး

ပေးနိုင်ပါတယ်။ ကြမ်းခင်းဈေး USD 1000 ဖြစ်ပါတယ်။

အရမ်းလန်းတဲ့ အနုပညာလက်ရာလေးနဲ့ ကိုကျားရဲ့ လက်မှတ်နှစ်ခုကိုပါ သိမ်းဆည်းခွင့် ရမှာဖြစ်တဲ့အပြင် ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့ကြောင်း အမှတ်တရမှတ်တမ်း

ကိုပါ ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ရရှိငွေဟာလည်း အားလုံးရောက်စေချင်တဲ့နေရာကို တစ်ပြားတစ်ချပ်မကျန် ရောက်ရှိမှာ ဖြစ်တာမို့ ပါဝင်လှူဒါန်း လေလံဆွဲပေး

ကြဖို့ ဖိတ်ခေါ်ပါတယ်။

အရေးတော်ပုံ အောင်ကိုအောင်ရမယ်။

ပန်ဆယ်လို

———–

ေလလံဆြဲၿပီး လႉေပးပါဆိုတဲ့ ကိုက်ားေပါက္ရဲ႕ UKulele ဂစ္တာေလးကို စတင္ေလလံဆြဲ ေရာင္းခ်ေပးေနၿပီျဖစ္တဲ့ ပန္ဆယ္လို

ကိုက်ားရဲ႕ Ukulele ဂစ္တာေပၚမွာ Doodle Art ဆြဲထားတဲ့လက္ရာပိုစ့္ကို ျမင္ေတာ့ ဟာကြာ… ႀကိဳက္လိုက္တာ၊ လိုခ်င္လိုက္တာေပါ့။ သိပ္မၾကာဘူး… ကိုယ့္ဆီေရာက္လာ

တယ္။ လက္ေဆာင္ေတာ့ မဟုတ္ဘူး၊ ပန္ဆယ္လိုေရ… ေလလံဆြဲၿပီး လႉေပးကြာတဲ့။ 😁

ကိုက်ားရဲ႕ ဒီလက္ရာေလးကို ေလလံဆြဲၿပီး ရရွိေငြအားလုံးကို NUG အစိုးရထံ ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ေလလံေအာင္သူအလႉရွင္ထံလည္း NUG မွ

အသိအမွတ္ျပဳအလႉရွင္မွတ္တမ္း ျပန္လည္ေပးပို႔သြားမွာ ျဖစ္ပါတယ္။ အႏုပညာပစၥည္းေလးကိုလည္း ကမာၻရဲ႕ မည္သည့္ေနရာျဖစ္ေစ၊ ျပည္တြင္း

မွ ျဖစ္ေစ၊ ျပည္ပမွျဖစ္ေစ လုံၿခဳံစိတ္ခ်စြာ ေပးပို႔ေပးသြားမွာ ျဖစ္ပါတယ္။

ေလလံခ်ိန္ကို ယခုမွ အစျပဳၿပီး မနက္ျဖန္ တနဂၤေႏြည (၉)နာရီမွာ ပိတ္သိမ္းမွာ ျဖစ္ပါတယ္။ ေကာမန႔္တြင္ျဖစ္ေစ၊ လုံၿခဳံေရးအရ မက္ဆင္ဂ်ာမွ ျဖစ္ေစ

ေလလံေဈးေပးႏိုင္ပါတယ္။ ၾကမ္းခင္းေဈး USD 1000 ျဖစ္ပါတယ္။

အရမ္းလန္းတဲ့ အႏုပညာလက္ရာေလးနဲ႔ ကိုက်ားရဲ႕ လက္မွတ္ႏွစ္ခုကိုပါ သိမ္းဆည္းခြင့္ ရမွာျဖစ္တဲ့အျပင္ ဒီေတာ္လွန္ေရးမွာ ပါဝင္ခဲ့ေၾကာင္း အမွတ္တ

ရမွတ္တမ္းကိုပါ ပိုင္ဆိုင္ခြင့္ရမွာ ျဖစ္ပါတယ္။ ရရွိေငြဟာလည္း အားလုံးေရာက္ေစခ်င္တဲ့ေနရာကို တစ္ျပားတစ္ခ်ပ္မက်န္ ေရာက္ရွိမွာ ျဖစ္တာမို႔ ပါဝင္လႉဒါန္း ေလ

လံဆြဲေပးၾကဖို႔ ဖိတ္ေခၚပါတယ္။

အေရးေတာ္ပုံ ေအာင္ကိုေအာင္ရမယ္။

ပန္ဆယ္လို