မိဘတွေအနားမရှိတဲ့ ပြေသုဒြာလေးရဲ့မွေးနေ့လေးကို အလိုချင်ဆုံးဆုလေးကိုပေးလိုက်တဲ့ ခိုင်သင်းကြည်
အနုပညာလောကမှာအကောင်းဆုံး ဖျော်ဖြေမှုေ လးတွေနဲ့ ပရိသတ်တွေကိုအမြဲပျော်ရွှင်စေခဲ့သူကတော့ နိုင်ငံကျော်မင်းသမီးခိုင်းသင်းကြည်ပဲ ဖြစ်ပါတယ်။ဖြူစင်ပြီးရိုးသားတဲ့စိတ်ထားလေးတွေကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေ ယနေ့တိုင် ချစ်မဝကာ အားပေးနေကြတာဆိုလည်း မမှားပါဘူး။
မခိုင်လေးကလည်း သူ့ကိုချစ်တဲ့ ပရိသတ်တွေကို ယနေ့တိုင် တက်စွမ်းသမျှအနုပညာတွေနဲ့ ဖျော်ဖြေပေးနေဆဲပါပဲနော်။အခုလည်း မခိုင်လေးက ဒီနေ့မှာကျရောက်တဲ့ အူဝဲရဲ့ သမီးလေး သုသု ရဲ့ မွေးနေ့လေးကို အမှတ်တရ ပုံရိပ်လေးတွေနဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်းေ ပးလာတာကိုတွေ့ရပါတယ် ။
မိဘနဲ့ ခွဲခွာနေရရှာတဲ့ သုသုလေးကို ချစ်ရတဲ့ မေမေဖေဖေနဲ့ အတူ ပြန်ဆုံနိုင်ဖို့ ဆုတောင်းစကားလေး ဆိုထားပါသေးတယ် ။မွေးနေ့ ဆုတောင်းလေးကတော့ ” Happy Birthday သမီးလေးသုသုရေ ပညာတက်ကြီးဖြစ်ပါစေ၊ဖေဖေမေမေတို့နဲ့လည်းအမြန်ဆုံးပျော်ရွှင်စွာပြန်လည်ဆုံစည်းနိုင်ပါစေနော်” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit