ပိုင်ဖြိုးသုကို မူစလင်မျိုးနွယ်ဆိုပြီး ပုတ်ခတ်ပြောဆိုနေကြသူတွေကို ဘာသာရေးမှိုင်းတွေ မမိစေဖို့အတွက် ပြန်လည်ရှင်းပြလိုက်တဲ့ ပြည်သူတစ်ဦး
သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်အများကမမြဝင်းဆိုတဲ့ဇာတ်ကောင်နဲ့စသင်သိလာခဲ့ကြပြီးအခုဆိုရင်အကယ်ဒမီတစ်ခုပါပိုင်ဆိုင်ထားတဲ့ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်၊
သုသုက ဟာသဇာတ်ကားတွေအပြင်ဇာတ်ကားပေါင်းအမြောက်အများကိုရိုက်ကူးထားတဲ့ပိုင်ဖြိုးသုကတော့ဆရာဝန်တစ်ဦးလဲဖြစ်ပါသေးတယ်၊ယခုလက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာလဲပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်ခဲ့ပြီးစစ်အာဏာရှင်ကိုအမြစ်ဖြုတ်ဖို့ရဲရဲဝံ့ဝံ့တော်လှန်ခဲ့သူလဲဖြစ်ပါတယ်။
ဒီလိုတော်လှန်ရေးကြီးရဲ့လှုပ်ဆော်မှုတွေမှာလဲအားတက်တရောပါဝင်ခဲ့တာကြောင့်၅၀၅ကနဲ့အမှုဖွင့်အရေးယူထားခြင်းခံရပါတယ်၊မတရားအရေးယူထားခြင်းခံရတာကြောင့်ဘေးလွှတ်ရာကိုတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်၊တိမ်းရှောင်နေစဥ်အတောအတွင်းမှာလဲသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်ခဲ့ပြီးပြည်သူတွေခွန်အားဖြစ်စေမယ့်စာသားတွေကိုလဲတင်လေ့ရှိပါတယ်။
အခုတစ်ခါမှာလဲပိုင်ဖြိုးသုကိုချစ်တဲ့ပရိတ်သတ်ကပိုင်ဖြိုးသုတို့မျိုးနွယ်ကမူစလင်မလို့ဆဲဆိုနေကြတဲ့သူကိုအချက်ကျကျ အခုလိုမျိုး ပြန်ပြောလိုက်တာပဲဖြစ်ပါတယ်။
“ပိုင်ဖြိုးသုတို့မျိုးနွယ်ကမူစလင်မို့လို့အံ့သြနေတာလား၊အနုပညာလောကမှာတင်မဟုတ်ဘူးအဆိုတော်လောကမှာရော၊ရိုးရာလက်ဝှေ့လောကမှာပါမြန်မာရုပ်ပီပီကြီးတွေနဲ့မြန်မာမူစလင်တွေအများကြီးရှိနေတယ်၊အစွန်းရောက်တစ်ချို့ရဲ့ပုတ်ခတ်မှုဒဏ်တွေကြောင့်သူတို့လျှောက်နေတဲ့လမ်းခရီးမှာအနှောင့်အယှက်ဖြစ်မှာမို့ဖွင့်မပြောကြတာပါ၊ရိုးရာလက်ဝှေ့လောကမှာဆိုရင်လည်းမြန်မာမူစလင်တွေအများကြီးရှိနေပါတယ်၊
သူတို့မပြောရင်သူတို့ရုပ်တွေအရမူစလင်မှန်းသိဖို့မလွယ်ပါဘူး၊အချို့ရိုးရာလက်ဝှေ့ကျော်ကြီးတွေကတော့သူတို့နဲ့အင်တာဗျူးချိန်မှာ၊ကိုသားကြီးရပါတယ်ကျွန်တော်အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းထည့်ရေးနိုင်ပါတယ်၊လို့ခွင့်ပြုပေမဲ့ဒီလောကမှာစာဝင်ရေးနေတဲ့ကျွန်တော့်အနေနဲ့စာရေးသူစည်းအရမဖော်ပြခဲ့ပါဘူး။
စိတ်မကောင်းတာတစ်ခုကစစ်ခေါင်းဆောင်တွေအနေနဲ့1989မတိုင်ခင်ကာလတုန်းကမြန်မာမူစလင်တွေကိုတိုင်းရင်းသားအဖြစ်မပယ်ဖျက်ခင်မှာမြန်မာမူစလင်တွေဟာမိမိတို့ကိုယ်မိမိတို့မြန်မာမူစလင်တွေပါဆိုပြီးနိုင်ငံ့ရဲ့အစိုးရယန္တရား၊အားကစားလောက၊အနုပညာလောက၊နိုင်ငံရေးလောက၊ပညာရေး၊ကျန်းမာရေးအစရှိတဲ့တာဝန်အသီးသီး ကဏ္ဍအသီးသီးမှာနိုင်ငံ့အကျိုးကိုထူးချွန်ထက်မြက်စွာဖြင့်ပေါ်ပေါ်ထင်ထင်ထမ်းရွက်နိုင်ခဲ့ကြပါတယ်၊
တိုင်းပြည်ကိုလူမျိုးရေး၊ဘာသာရေးမှိုင်းတွေနဲ့နလံမထူနိုင်အောင်၊ခွဲခြားယုတ်မာခဲ့ကြသူတွေရဲ့လက်ထက်မှာတော့မြန်မာမူစလင်တွေဟာမိမိတို့မည်သူမည်ဝါဆိုသည်ကိုအထူးတစ်လည်မပြောကြတော့ပဲမိမိတို့လုပ်စရာရှိတာကိုသာတည်တည်ငြိမ်ငြိမ်နဲ့အောင်မြင်အောင်လုပ်ဆောင်သွားကြတာယနေ့ထက်တိုင်ပါပဲဗျာ ”
ဆိုပြီးတော့ရေးသားဖော်ပြထားတာကို စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြလိုက်ပါတယ်။
Zawgyi
ပိုင္ၿဖိဳးသုကို မူစလင္မ်ိဳးႏြယ္ဆိုၿပီး ပုတ္ခတ္ေျပာဆိုေနၾကသူေတြကို ဘာသာေရးမႈိင္းေတြ မမိေစဖို႔အတြက္ ျပန္လည္ရွင္းျပလိုက္တဲ့ ျပည္သူတစ္ဦး
သ႐ုပ္ေဆာင္ပိုင္ၿဖိဳးသုကေတာ့ခ်စ္စရာေကာင္းတဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူပရိတ္သတ္အမ်ားကမျမဝင္းဆိုတဲ့ဇာတ္ေကာင္နဲ႔စသင္သိလာခဲ့ၾကၿပီးအခုဆိုရင္အကယ္ဒမီတစ္ခုပါပိုင္ဆိုင္ထားတဲ့ပရိတ္သတ္ေတြရဲ႕အခ်စ္ေတာ္မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္၊
သုသုက ဟာသဇာတ္ကားေတြအျပင္ဇာတ္ကားေပါင္းအေျမာက္အမ်ားကို႐ိုက္ကူးထားတဲ့ပိုင္ၿဖိဳးသုကေတာ့ဆရာဝန္တစ္ဦးလဲျဖစ္ပါေသးတယ္၊ယခုလက္ရွိျဖစ္ေပၚေနတဲ့လူထုလႈပ္ရွားမႈေတြမွာလဲျပည္သူေတြနဲ႔အတူတစ္သားတည္းပါဝင္ခဲ့ၿပီးစစ္အာဏာရွင္ကိုအျမစ္ျဖဳတ္ဖို႔ရဲရဲဝံ့ဝံ့ေတာ္လွန္ခဲ့သူလဲျဖစ္ပါတယ္။
ဒီလိုေတာ္လွန္ေရးႀကီးရဲ႕လႈပ္ေဆာ္မႈေတြမွာလဲအားတက္တေရာပါဝင္ခဲ့တာေၾကာင့္၅၀၅ကနဲ႔အမႈဖြင့္အေရးယူထားျခင္းခံရပါတယ္၊မတရားအေရးယူထားျခင္းခံရတာေၾကာင့္ေဘးလႊတ္ရာကိုတိမ္းေရွာင္ေနရတာပဲျဖစ္ပါတယ္၊တိမ္းေရွာင္ေနစဥ္အေတာအတြင္းမွာလဲသူမတတ္ႏိုင္တဲ့ဘက္ကေနပါဝင္ေတာ္လွန္ခဲ့ၿပီးျပည္သူေတြခြန္အားျဖစ္ေစမယ့္စာသားေတြကိုလဲတင္ေလ့ရွိပါတယ္။
အခုတစ္ခါမွာလဲပိုင္ၿဖိဳးသုကိုခ်စ္တဲ့ပရိတ္သတ္ကပိုင္ၿဖိဳးသုတို႔မ်ိဳးႏြယ္ကမူစလင္မလို႔ဆဲဆိုေနၾကတဲ့သူကိုအခ်က္က်က် အခုလိုမ်ိဳး ျပန္ေျပာလိုက္တာပဲျဖစ္ပါတယ္။
“ပိုင္ၿဖိဳးသုတို႔မ်ိဳးႏြယ္ကမူစလင္မို႔လို႔အံ့ၾသေနတာလား၊အႏုပညာေလာကမွာတင္မဟုတ္ဘူးအဆိုေတာ္ေလာကမွာေရာ၊႐ိုးရာလက္ေဝွ႔ေလာကမွာပါျမန္မာ႐ုပ္ပီပီႀကီးေတြနဲ႔ျမန္မာမူစလင္ေတြအမ်ားႀကီးရွိေနတယ္၊အစြန္းေရာက္တစ္ခ်ိဳ႕ရဲ႕ပုတ္ခတ္မႈဒဏ္ေတြေၾကာင့္သူတို႔ေလွ်ာက္ေနတဲ့လမ္းခရီးမွာအေႏွာင့္အယွက္ျဖစ္မွာမို႔ဖြင့္မေျပာၾကတာပါ၊႐ိုးရာလက္ေဝွ႔ေလာကမွာဆိုရင္လည္းျမန္မာမူစလင္ေတြအမ်ားႀကီးရွိေနပါတယ္၊
သူတို႔မေျပာရင္သူတို႔႐ုပ္ေတြအရမူစလင္မွန္းသိဖို႔မလြယ္ပါဘူး၊အခ်ိဳ႕႐ိုးရာလက္ေဝွ႔ေက်ာ္ႀကီးေတြကေတာ့သူတို႔နဲ႔အင္တာဗ်ဴးခ်ိန္မွာ၊ကိုသားႀကီးရပါတယ္ကြၽန္ေတာ္အစၥလာမ္ဘာသာဝင္ျဖစ္ေၾကာင္းထည့္ေရးႏိုင္ပါတယ္၊လို႔ခြင့္ျပဳေပမဲ့ဒီေလာကမွာစာဝင္ေရးေနတဲ့ကြၽန္ေတာ့္အေနနဲ႔စာေရးသူစည္းအရမေဖာ္ျပခဲ့ပါဘူး။
စိတ္မေကာင္းတာတစ္ခုကစစ္ေခါင္းေဆာင္ေတြအေနနဲ႔1989မတိုင္ခင္ကာလတုန္းကျမန္မာမူစလင္ေတြကိုတိုင္းရင္းသားအျဖစ္မပယ္ဖ်က္ခင္မွာျမန္မာမူစလင္ေတြဟာမိမိတို႔ကိုယ္မိမိတို႔ျမန္မာမူစလင္ေတြပါဆိုၿပီးႏိုင္ငံ့ရဲ႕အစိုးရယႏၲရား၊အားကစားေလာက၊အႏုပညာေလာက၊ႏိုင္ငံေရးေလာက၊ပညာေရး၊က်န္းမာေရးအစရွိတဲ့တာဝန္အသီးသီး က႑အသီးသီးမွာႏိုင္ငံ့အက်ိဳးကိုထူးခြၽန္ထက္ျမက္စြာျဖင့္ေပၚေပၚထင္ထင္ထမ္း႐ြက္ႏိုင္ခဲ့ၾကပါတယ္၊
တိုင္းျပည္ကိုလူမ်ိဳးေရး၊ဘာသာေရးမႈိင္းေတြနဲ႔နလံမထူႏိုင္ေအာင္၊ခြဲျခားယုတ္မာခဲ့ၾကသူေတြရဲ႕လက္ထက္မွာေတာ့ျမန္မာမူစလင္ေတြဟာမိမိတို႔မည္သူမည္ဝါဆိုသည္ကိုအထူးတစ္လည္မေျပာၾကေတာ့ပဲမိမိတို႔လုပ္စရာရွိတာကိုသာတည္တည္ၿငိမ္ၿငိမ္နဲ႔ေအာင္ျမင္ေအာင္လုပ္ေဆာင္သြားၾကတာယေန႔ထက္တိုင္ပါပဲဗ်ာ ”
ဆိုၿပီးေတာ့ေရးသားေဖာ္ျပထားတာကို စာဖတ္ပရိတ္သတ္ႀကီးအတြက္ျပန္လည္ေဖာ္ျပလိုက္ပါတယ္။