ယခင် UEC ၏ မဲစာရင်းများအား အပြီးသတ်စစ်ဆေးချက်အရ မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီထုတ်ပြန်
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေအထွေ ရွေးကောက်ပွဲတွင် ယခင်အရပ်သားအစိုးရ ခန့်အပ်သည့် UEC ၏ မဲစာရင်းများအား အပြီးသတ်စစ်ဆေးချက်အရ မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီ မီဒီယာက ဇူ လိုင်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။…
အာဏာသိမ်းစစ်ကောင်စီ၏ အသစ်ဖွဲ့စည်းသည့် UEC မှ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ၆ လ ကျော်ကြာ မဲစာရင်းများစစ်ဆေးပြီး မဲမသမာမှု ၁၁ သန်းကျော် မဲပေးပိုင်ခွင့် ရှိသူ၏ ၂၉.၅၄ ရာခိုင်နှုန်းခန့်အား ရည်ရွယ်ချက်ရှိရှိ မဲမသမာမှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထုတ်ပြန်ထားသည်။…
နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၂ ကြိမ် ၃ ကြိမ် ပါဝင်ခြင်း၊ အသက် ၁၀၀ နှစ်နှင့်အထက်များ မဲစာရင်းတွင်ပါဝင်ခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်မပြည့်သေးသူများ မဲစာရင်းတွင်ပါဝင်နေခြင်း စသည့်…
စွပ်စွဲချက်များဖြင့် ထုတ်ပြန်ထားသည့် မဲမသမာမှု မှာ ၁၁ သန်းကျော်ထိ ရှိကြောင်း စစ်ကောင်စီမီဒီယာတွင် ဖော်ပြသည်။၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲသည် ရွေးကာက်ပွဲမတိုင်ခင် အငြင်းပွားမှုများကြောင့် အမှားအယွင်းအနည်းငယ်ရှိသည်မှလွဲ၍ လွပ်လပ်ပြီးတရားမျှတကြောင်း အ ရပ်ဘက်…
ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ ၁၀၀ ကျော်က ထုတ်ပြန်ထားသည်။ထို့ပြင် မြန်မာနိုင်ငံ၏ယခင် ရွေး ကောက်ပွဲများကို လေ့လာစောင့်ကြည့်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံတွင် လာရောက်လေ့လာစောင့်ကြည့်ခဲ့သည့် အာရှတိုက်၏ လွတ်လပ်သော ရွေးကောက်ပွဲကွန်ရက် – ANFREL ကလည်း…
၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ပြသနိုင်သည့် လွတ်လပ်မျှတသော ရွေး ကော က်ပွဲဖြစ်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ကြေညာခဲ့သ ည်။ရွေးကောက်ပွဲရလာဒ်များ အပြီးသတ်ထွက်ပေါ်ခဲ့ချိန်တွင်လည်း နိုင်ငံတကာသံရုံးများမှ ၂၀၂၀ ရွေး ကောက်ပွဲရလာဒ်သည် လွတ်လပ်ပြီးတရားမျှတမှုရှိသည်ဟု…
ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။လက်ရှိအာ ဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းနေမှုအပေါ် တာဝန်ရှိသူများမှ ဖြေရှင်းရန်ပျက်ကွက်ခဲ့ခြင်းကြောင့် ဒီမိုကရေစီစနစ် အားယိမ်းယိုင်စေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ အရပ်သားအစိုးရအားဖမ်းဆီးကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။..