ၾကားသိရသမွ်

ဒေါက်တာဇော်မြင့်မောင်ကို စွဲချက်တင်အမိန့်ချ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးစွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သက်လို့ ဇူလိုင် ၉ ရက်နေ့က စွဲချက်တင်အမိန့်ချခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားကာ တရားလိုနဲ့ တရားလိုပြ သက်သေတွေ စစ်ဆေးပြီးဖြစ်တာကြောင့် စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ပဲ စွဲချက်တင်ခဲ့တာပါ။

“ဝန်ကြီးချုပ်ကြီး အနေနဲ့ ထောင်ထဲမှာ အရင်ရက်တွေက ရာသီဥတု အရမ်းပူတော့ ကျန်းမာရေး မကောင်းတာတော့ဖြစ်တယ်။ အရမ်းတော့ စိုးရိမ်စရာအခြေအနေမရှိပါဘူး။” လို့ ရှေ့နေ တစ်ဦး က ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာဝေဒနာ ခံစားနေရတဲ့ လူနာ တစ်ဦးလည်းဖြစ်ပါတယ်.

သူ့ရဲ့ အမှုနဲ့ ပတ်သက်လို့ ဇူလိုင် ၃၀ ရက်နေ့မှာ ဆက်လက်ရုံးချိန်းပေးခဲ့ပြီး ပြန်ခေါ်သက်သေစစ်ဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

———————–

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို စစ္ေကာင္စီက ဖမ္းဆီးစြဲဆိုထားတဲ့အမႈေတြနဲ႔ ပတ္သက္လို႔ ဇူလိုင္ ၉ ရက္ေန႔က စြဲခ်က္တင္အမိန႔္ခ်ခဲ့ပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ကို ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅ (ခ) ၊ သဘာဝေဘးစီမံခန႔္ခြဲေရးဥပေဒ ပုဒ္မ ၂၅ / ၃၀ (က) တို႔နဲ႔ စစ္ေကာင္စီက တရားစြဲဆိုထားကာ တရားလိုနဲ႔ တရားလိုျပ သက္ေသေတြ စစ္ေဆးၿပီးျဖစ္တာေၾကာင့္ စြဲဆိုထားတဲ့ ပုဒ္မေတြနဲ႔ပဲ စြဲခ်က္တင္ခဲ့တာပါ။

“ဝန္ႀကီးခ်ဳပ္ႀကီး အေနနဲ႔ ေထာင္ထဲမွာ အရင္ရက္ေတြက ရာသီဥတု အရမ္းပူေတာ့ က်န္းမာေရး မေကာင္းတာေတာ့ျဖစ္တယ္။ အရမ္းေတာ့ စိုးရိမ္စရာအေျခအေနမရွိပါဘူး။” လို႔ ေရွ႕ေန တစ္ဦး က ေျပာပါတယ္။

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေသြးကင္ဆာေဝဒနာ ခံစားေနရတဲ့ လူနာ တစ္ဦးလည္းျဖစ္ပါတယ္.

သူ႔ရဲ႕ အမႈနဲ႔ ပတ္သက္လို႔ ဇူလိုင္ ၃၀ ရက္ေန႔မွာ ဆက္လက္႐ုံးခ်ိန္းေပးခဲ့ၿပီး ျပန္ေခၚသက္ေသစစ္ဖို႔ တင္ျပထားတယ္လို႔ သိရပါတယ္။