Live လွှင့်ကာ တေးသရုပ်ဖော်နေတဲ့ ခင်ပွန်းဖြစ်သူပြေတီဦးကြောင့် အားရပါးရ ရယ်မောသဘောကျနေတဲ့ အူဝဲရဲ့ ဗီဒီယိုဖိုင်လေး..
ပရိသတ်ကြီးရေ ထိပ်တန်းသရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံထားရပြီး အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရပါတယ်နော်။ ပရိသတ်များကလည်း သူတို့ရဲ့ အိုင်ဒေါလင်မယားအတွက်ပူဆွေးနေကြရပါတယ်နော်။

အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမယ့် သူတို့နှစ်ယောက်တော့ ပါမလာခဲ့ပါဘူးနော်။ သားနဲ့ သမီးကို ခွဲပြီး ထောင်ထဲမှာ နေနေရတဲ့ နာမည်ကြီး သရုပ်ဆောင်နှစ်ဦးအတွက် တကယ်ကိုဝမ်းနည်းစရာပါပဲနော်။

အိန္ဒြာကျော်ဇင်ကို ချစ်ကြတဲ့ ပရိသတ်များကလည်း သူတို့ရဲ့ အိုင်ဒေါလင်မယားပျော်ရွှင်စွာ ပွဲတက်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်တစ်ခု ပြန်တင်ပြီး သတိတရရှိနေကြပါတယ်နော်။ ထောင်ထဲမှာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးကြပါဦးပရိသတ်ကြီးရေ…
Crd

Crd



