“အီတလီမှာ ကျနော် ကွဲပြီထင်”
မသောက်မိသောမိုးခါးရေ ပြပွဲအတွက်မနေ့ညက သန်းခေါင်ကျော် အီတလီကိုရောက်သွားခဲ့တယ်။
အိပ်ချင်မူးတူးနဲ့ ပရိသတ်တွေကို ရီစရာတွေပြောတော့သူတို့တွေ မရီကြဘူး။
ပွဲတက်တဲ့တောက်လျှောက် ရီစရာပြောရင်ရီကြပါတယ်။
ဒီနိုင်ငံကျမှ မရီတော့ ငါတော့ကွဲပြီနဲ့တူတယ်ပေါ့။
ကျနော်ထပ်ပြောပါတယ်။
ထပ်ပြောလည်းမရီကြပါဘူး..။
သေချာသွားပြီ။
နွှဲလာသမျှအောင်ပွဲခံလာတာ အီတလီမှာ ကိုပေါက်ကွဲပြီပေါ့။
ဒါနဲ့ခပ်တည်တည် မှင်သတ်ပြီး အမေးအဖြေ အစီအစဉ်သွားလိုက်တယ်။
အမေးအဖြေအစီအစဉ်ရောက်တော့မှ မရီကြခြင်းရဲ့အဖြေကထွက်တော့တယ်။မေးတဲ့သူတွေအကုန်လုံးက မြန်မာစကားနားမလည်တဲ့အီတလီလူမျိုးတွေပဲ ဖြစ်နေတာကိုး။
တော်ပါသေးရဲ့..ဟူး…,
ကိုပေါက်
(ဇာတ်ကားမှာ အင်္ဂလိပ်ဂျပန်တရုတ်ပြင်သစ်ဂျာမန်အီတလီစာတန်းထိုးထည့်ထားပါတယ်)
Zawgyi(version)
ကျနော်ထပ်ပြောပါတယ်။
သေချာသွားပြီ။
တော်ပါသေးရဲ့..ဟူး…
ကိုပေါက်
ကျနော်ထပ်ပြောပါတယ်။
သေချာသွားပြီ။
တော်ပါသေးရဲ့..ဟူး..;
ကိုပေါက်crd