Source :May Kabyar
Emily ( Cele Gabar)
unicode,
ဇာတ်လမ်းတွဲတွေနဲ့ Music ဗီဒီယိုတွေ ၊ ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာမှာ ပါဝင်ခဲ့ပြီး ပရိသတ်အားပေးလက်ခံမှုရရှိထားတဲ့ မေကဗျာကတော့ အနုပညာအလုပ်အပြင် သူမရဲ့ စီးပွားရေးတစ်ခုအနေနဲ့ အထည်တွေ Live လွှင့်ပြီး အွန်လိုင်းကနေတဆင့် ရောင်းချနေခဲ့တာပါ ။ သူမရဲ့စီးပွားရေးအပြင် တခြားလုပ်ငန်းရှင်တွေ အပ်ထားတဲ့ အလုပ်တွေကိုလည်း Live လွှင့်ပြီးရောင်းချပေးနေတာပါ
လတ်တလောမှာတော့ ရိုးမ center (၂) မှာ မေကဗျာနဲ့ လုပ်ငန်းရှင်များ ၊ Fan များရဲ့ စုပေါင်းအလှူလေးအဖြစ် အလှူငွေ ၅ သိန်း ၊ အဖျားတိုင်းစက် ၃ လုံး (၇၅၀၀၀) ၊ Vital အားဆေး ဘူး ၅၀ ( ၃၂၅၀၀၀) ၊
ပတ္တမြားရောင်ခြည် ငှက်ကျွန်းငှက်သိုက် ဘူး ၅၀ ( ၃၀၀၀၀၀) ၊ စုစုပေါင်း ၁၁၉၅၀၀၀ ဖိုးကို ပါဝင်လှူဒါန်းခဲ့ပါတယ် ။ မနေ့က ငှက်သိုက်Live လေးမှာပါဝင်လှူဒါန်းပေးကြသော ငှက်သိုက်အလှူရှင်များ အားလုံးကျေးဇူးပါလို့လည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အလှူမှာပါဝင်ကြသူ အားလုံးကို ကျေးဇူတင်စကားဆိုထားပါသေးတယ်
မေကဗျာက သူမရဲ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့အတွက် အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မျှဝေပေးထားပါသေးတယ် ။ ကဗျာတစ်ယောက် စီးပွားရေးတွေ အောင်မြင်ပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ ပရိသတ်ကြီးနဲ့အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ..
Source :May Kabyar
Emily ( Cele Gabar)