ရေပေါ်ဆီ ဖြူဖြူတို့ဆယ်လီတွေဆိုတာ ရေပေါ်ဆီတွေပါ၊ပြည်သူပရိသတ်ကသာ စူပါ ပါဝါ ရေပြင်ကြီးပါ။ပရိသတ်အားပေးထားလို့ ရေပေါ်မှာ ဝေ့ဝဲ မမြုပ်ပဲ ပေါ်နေနိုင်တာ။ တခဏပွက်တဲ့ ရေပွက်တောင်မဟုတ်၊ ရေပေါ်မှာ မတုန်မလှုပ် မရှုပ်မပြုတ် သီးသန့်တင်ကျန်နေနိုင်တဲ့ ဆီစက်တွေပါ။ရေဘယ်လောက်နောက်နောက်၊ ရေဘယ်လောက်ကြည်ကြည်၊ ရေဘယ်လောက်နက်နက်၊ ရေဘယ်လောက်တိမ်တိမ်၊ ရေဘယ်လောက်နည်းနည်း၊ ရေဘယ်လောက်များများ…ရေကရေ၊ ဆီကဆီ…တစ်လွှာစီသက်သက်ရယ်ပါ။
ပရိသတ်တွေ မီးပျက်ထဲ ချွေးထွက် ယပ်ခပ်နေချိန်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ အိမ်မှာ မီးစက်နှိုးထားနိုင်တာ၊ လိုင်းကြေးပေးထားနိုင်တာ၊ မီတာ ၁ ယူနစ် ထောင်ချီပေးရတဲ့ လပ်ဆူရီကွန်ဒိုကြီးတွေပေါ် အဲကွန်းဖွင့်နေနိုင်တာ။ပရိသတ်တွေ တစ်နေ့လုပ်ခ ခက်ခဲနေချိန်…
ဖြူဖြူတို့ ဆယ်လီတွေဆိုတာ ကြော်ငြာတစ်ခု၊ ဇာတ်လမ်းတစ်ပုဒ်၊ Live sale တစ်ခု၊ ပွဲတစ်ပွဲလက်ခံရုံနဲ့တင် သာမန်ပြည်သူတွေရဲ့ တစ်လလုပ်ခထက်အများကြီးပိုနေတာ။ပရိသတ်တွေ စားဖို့သောက်ဖို့ တွက်ချက်နေရချိန်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ အာဟာရပြည့်အောင်စားနိုင်ရုံမက၊ နေ့စဉ် ဘား ကလပ် စားသောက်ဆိုင် ဟိုတယ်နဲ့ ပွဲလမ်းသဘင်တွေမှာ ကုန်အောင်တောင်မစားနိုင်တဲ့အပြင်၊ အလှူလုပ်ပြီးကျေးဇူးရှင်ဖြစ်ချင်လို့ရသေးတာ။
ပရိသတ်တွေအတွက် အရာရာခက်ခဲနေချိန်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ မျက်နှာလေးပြလိုက်ရုံနဲ့ ချစ်သူ ခင်သူ ကူသူ ကယ်သူ တွေကြောင့် အတော်များများ လွယ်ကူအဆင်ပြေသွားတာ။ပြေးရလွှားရအချုပ်ကျရင်တောင်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ သီးသန့်ဆက်ဆံခံရတာမို့ ဘဝတူသာမန်ပြည်သူပရိသတ်တွေ ဖြတ်သန်းရတဲ့ ငရဲခန်းဒုက္ခတွေလောက်တော့ မဆိုးပါ။အရင်လောက် အဆင်မပြေတော့ဘူးဆိုရင်တောင်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ ဆင်ပိန်ကျွဲတွေပါ။
ဘယ်အစိုးရတက်တက်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ တစ်ချက်လေးပြုံးပြရုံ၊ ခေါင်းညိတ်ရုံ၊ လက်ရှိတ်ရုံနဲ့ ကိုယ်လုပ်မှကိုယ်စားရတာလို့ ရှောင်ထွက်ပြီး အပေါ်စီးက အေးဆေးရှာစားလို့ရတဲ့သူတွေပါ။ဖြူဖြူတို့ ဆယ်လီတွေ ဘာလို့ အဲ့လိုလုပ်နေလို့ရလဲသိလား။အားပေးထားကြတဲ့ ပရိသတ်ပြည်သူတွေရဲ့ စူပါ ပါဝါ ကြောင့်ပါ။ public figure ဆိုဆို၊ ဆယ်လီခေါ်ခေါ် ဒီလူတွေဟာ ဘယ်လောက်တော်တော်တတ်တတ် တခြားဘယ်လုပ်ငန်းနဲ့မှ မတူတာက…ပရိသတ်အားမပေးရင် လုံးဝရပ်တည်လို့မရပါ။
ရေပေါ်ဆီဆိုတာ ရေပေါ်မှာပဲရှိတာ၊ ရေရှိမှရှိနိုင်တာ။အောက်က ဘာရေပဲဖြစ်နေနေ၊ အဲ့ဒီရေပေါ်မှာ သီးသန့်တစ်လွှာ၊ အောက်ကရေက ပင့်ထားပေးလို့ ရှိနေတာ။ ဒါကြောင့်…ပရိသတ်တွေ ငိုနေချိန်…ဖြူဖြူတို့ ဆယ်လီတွေ ကြွယ်နေမိတဲ့အခါ…ပရိသတ်တွေ ဆင်းရဲနေချိန်…ဖြူဖြူတို့ ဆယ်လီတွေ ဖြုန်းနေမိတဲ့အခါ…ပရိသတ်တွေ နာကျင်နေချိန်…ဖြူဖြူတို့ ဆယ်လီတွေ အလိုက်ကန်းဆိုးမသိတဲ့အခါ…
ပရိသတ်တွေ လောင်ကျွမ်းပြာကျနေချိန်…ဖြူဖြူတို့ ဆယ်လီတွေ အေးချမ်းသာယာပြနေတဲ့အခါ…ပရိသတ်တွေ ဘဝပျက်နေချိန်…ဖြူဖြူတို့ ဆယ်လီတွေ အချိုးမပြေတဲ့အခါ…
ဆူပါ။ ဆုံးမပါ။ သတိပေးပါ။ ထောက်ပြပါ။ ကဲ့ရဲ့ပါ။ ပြစ်တင်ပါ။ ဝေဖန်ပါ။ ပဲ့ပြင်ပါ။အပြစ်ပေးပါ။ စွန့်ပယ်ပါ။ ဘာလို့ဆို…ဖြူဖြူတို့ ဆယ်လီတွေကို အားပေးဖို့ ပရိသတ်ကို ဘယ်သူကမှ နားထင်တေ့ပြီး အကျပ်ကိုင် အားပေးခိုင်းထားတာမှ မဟုတ်တာ။ ပရိသတ်ရဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားငဲ့ကွက်တတ်ဖို့ ဖြူဖြူတို့ဆယ်လီတွေကို ပရိသတ်ကပဲ သွန်သင်ပေးပါ။
ဟုတ်ကဲ့…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ ရေပေါ်ဆီတွေပါ။ပြည်သူပရိသတ်မှာသာ ပါဝါရိန်းဂျားလို စူပါ ပါဝါ တကယ်ရှိတာပါ။
Please don’t forget to use your super power 🫶
ေရေပၚဆီ ျဖဴျဖဴတို႔ဆယ္လီေတြဆိုတာ ေရေပၚဆီေတြပါ၊ျပည္သူပရိသတ္ကသာ စူပါ ပါဝါ ေရျပင္ႀကီးပါ။ပရိသတ္အားေပးထားလို႔ ေရေပၚမွာ ေဝ့ဝဲ မျမဳပ္ပဲ ေပၚေနႏိုင္တာ။ တခဏပြက္တဲ့ ေရပြက္ေတာင္မဟုတ္၊ ေရေပၚမွာ မတုန္မလႈပ္ မရႈပ္မျပဳတ္ သီးသန္႔တင္က်န္ေနႏိုင္တဲ့ ဆီစက္ေတြပါ။ေရဘယ္ေလာက္ေနာက္ေနာက္၊ ေရဘယ္ေလာက္ၾကည္ၾကည္၊ ေရဘယ္ေလာက္နက္နက္၊ ေရဘယ္ေလာက္တိမ္တိမ္၊ ေရဘယ္ေလာက္နည္းနည္း၊ ေရဘယ္ေလာက္မ်ားမ်ား…ေရကေရ၊ ဆီကဆီ…တစ္လႊာစီသက္သက္ရယ္ပါ။
ပရိသတ္ေတြ မီးပ်က္ထဲ ေခြၽးထြက္ ယပ္ခပ္ေနခ်ိန္…ျဖဴျဖဴတို႔ ဆယ္လီေတြဆိုတာ အိမ္မွာ မီးစက္ႏႈိးထားႏိုင္တာ၊ လိုင္းေၾကးေပးထားႏိုင္တာ၊ မီတာ ၁ ယူနစ္ ေထာင္ခ်ီေပးရတဲ့ လပ္ဆူရီကြန္ဒိုႀကီးေတြေပၚ အဲကြန္းဖြင့္ေနႏိုင္တာ။ပရိသတ္ေတြ တစ္ေန႔လုပ္ခ ခက္ခဲေနခ်ိန္…
ျဖဴျဖဴတို႔ ဆယ္လီေတြဆိုတာ ေၾကာ္ျငာတစ္ခု၊ ဇာတ္လမ္းတစ္ပုဒ္၊ Live sale တစ္ခု၊ ပြဲတစ္ပြဲလက္ခံ႐ုံနဲ႔တင္ သာမန္ျပည္သူေတြရဲ႕ တစ္လလုပ္ခထက္အမ်ားႀကီးပိုေနတာ။ပရိသတ္ေတြ စားဖို႔ေသာက္ဖို႔ တြက္ခ်က္ေနရခ်ိန္…ျဖဴျဖဴတို႔ ဆယ္လီေတြဆိုတာ အာဟာရျပည့္ေအာင္စားႏိုင္႐ုံမက၊ ေန႔စဥ္ ဘား ကလပ္ စားေသာက္ဆိုင္ ဟိုတယ္နဲ႔ ပြဲလမ္းသဘင္ေတြမွာ ကုန္ေအာင္ေတာင္မစားႏိုင္တဲ့အျပင္၊ အလႉလုပ္ၿပီးေက်းဇူးရွင္ျဖစ္ခ်င္လို႔ရေသးတာ။
ပရိသတ္ေတြအတြက္ အရာရာခက္ခဲေနခ်ိန္…ျဖဴျဖဴတို႔ ဆယ္လီေတြဆိုတာ မ်က္ႏွာေလးျပလိုက္႐ုံနဲ႔ ခ်စ္သူ ခင္သူ ကူသူ ကယ္သူ ေတြေၾကာင့္ အေတာ္မ်ားမ်ား လြယ္ကူအဆင္ေျပသြားတာ။ေျပးရလႊားရအခ်ဳပ္က်ရင္ေတာင္…ျဖဴျဖဴတို႔ ဆယ္လီေတြဆိုတာ သီးသန္႔ဆက္ဆံခံရတာမို႔ ဘဝတူသာမန္ျပည္သူပရိသတ္ေတြ ျဖတ္သန္းရတဲ့ ငရဲခန္းဒုကၡေတြေလာက္ေတာ့ မဆိုးပါ။အရင္ေလာက္ အဆင္မေျပေတာ့ဘူးဆိုရင္ေတာင္…ျဖဴျဖဴတို႔ ဆယ္လီေတြဆိုတာ ဆင္ပိန္ကြၽဲေတြပါ။
ဘယ္အစိုးရတက္တက္…ျဖဴျဖဴတို႔ ဆယ္လီေတြဆိုတာ တစ္ခ်က္ေလးၿပဳံးျပ႐ုံ၊ ေခါင္းညိတ္႐ုံ၊ လက္ရွိတ္႐ုံနဲ႔ ကိုယ္လုပ္မွကိုယ္စားရတာလို႔ ေရွာင္ထြက္ၿပီး အေပၚစီးက ေအးေဆးရွာစားလို႔ရတဲ့သူေတြပါ။ျဖဴျဖဴတို႔ ဆယ္လီေတြ ဘာလို႔ အဲ့လိုလုပ္ေနလို႔ရလဲသိလား။အားေပးထားၾကတဲ့ ပရိသတ္ျပည္သူေတြရဲ႕ စူပါ ပါဝါ ေၾကာင့္ပါ။ public figure ဆိုဆို၊ ဆယ္လီေခၚေခၚ ဒီလူေတြဟာ ဘယ္ေလာက္ေတာ္ေတာ္တတ္တတ္ တျခားဘယ္လုပ္ငန္းနဲ႔မွ မတူတာက…ပရိသတ္အားမေပးရင္ လုံးဝရပ္တည္လို႔မရပါ။
ေရေပၚဆီဆိုတာ ေရေပၚမွာပဲရွိတာ၊ ေရရွိမွရွိႏိုင္တာ။ေအာက္က ဘာေရပဲျဖစ္ေနေန၊ အဲ့ဒီေရေပၚမွာ သီးသန္႔တစ္လႊာ၊ ေအာက္ကေရက ပင့္ထားေပးလို႔ ရွိေနတာ။ ဒါေၾကာင့္…ပရိသတ္ေတြ ငိုေနခ်ိန္…ျဖဴျဖဴတို႔ ဆယ္လီေတြ ႂကြယ္ေနမိတဲ့အခါ…ပရိသတ္ေတြ ဆင္းရဲေနခ်ိန္…ျဖဴျဖဴတို႔ ဆယ္လီေတြ ျဖဳန္းေနမိတဲ့အခါ…ပရိသတ္ေတြ နာက်င္ေနခ်ိန္…ျဖဴျဖဴတို႔ ဆယ္လီေတြ အလိုက္ကန္းဆိုးမသိတဲ့အခါ…
ပရိသတ္ေတြ ေလာင္ကြၽမ္းျပာက်ေနခ်ိန္…ျဖဴျဖဴတို႔ ဆယ္လီေတြ ေအးခ်မ္းသာယာျပေနတဲ့အခါ…ပရိသတ္ေတြ ဘဝပ်က္ေနခ်ိန္…ျဖဴျဖဴတို႔ ဆယ္လီေတြ အခ်ိဳးမေျပတဲ့အခါ…
ဆူပါ။ ဆုံးမပါ။ သတိေပးပါ။ ေထာက္ျပပါ။ ကဲ့ရဲ႕ပါ။ ျပစ္တင္ပါ။ ေဝဖန္ပါ။ ပဲ့ျပင္ပါ။အျပစ္ေပးပါ။ စြန႔္ပယ္ပါ။ ဘာလို႔ဆို…ျဖဴျဖဴတို႔ ဆယ္လီေတြကို အားေပးဖို႔ ပရိသတ္ကို ဘယ္သူကမွ နားထင္ေတ့ၿပီး အက်ပ္ကိုင္ အားေပးခိုင္းထားတာမွ မဟုတ္တာ။ ပရိသတ္ရဲ႕ လူ႔ဂုဏ္သိကၡာကို တန္ဖိုးထားငဲ့ကြက္တတ္ဖို႔ ျဖဴျဖဴတို႔ဆယ္လီေတြကို ပရိသတ္ကပဲ သြန္သင္ေပးပါ။
ဟုတ္ကဲ့…ျဖဴျဖဴတို႔ ဆယ္လီေတြဆိုတာ ေရေပၚဆီေတြပါ။ျပည္သူပရိသတ္မွာသာ ပါဝါရိန္းဂ်ားလို စူပါ ပါဝါ တကယ္ရွိတာပါ။
Please don’t forget to use your super power 🫶