ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ပင့်ဆောင်မည့်လမ်းကြောင်းများ
နဝမမြောက်ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဇွန် ၆ ရက်တွင် ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် မီးပူဇော်သွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ သိရသည်။ယင်းနေ့တွင်ဗန်းမော်ကျောင်းတိုက် ကမ္ဘောဇသာသနာ့ဗိမာန်၌အန္တိမအဂ္ဂိစျာပနအခမ်းအနားကိုနေ့လည်(၂) နာရီတွင်စတင်ကျင်းပမည်ဖြစ်ပြီး နေ့လည် (၃)နာရီခန့်တွင် ချမ်းမြသာစည်လေယာဉ်ကွင်းသို့ပင့်ဆောင်ပူဇော်ပါမည်။
ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှတဆင့် ၃၉ လမ်းမှ ၇၃ လမ်းအတိုင်း၊ ၇၃ လမ်းမှ ၃၈ လမ်းအတိုင်း၊ ၃၈ လမ်းမှ ၇၈ လမ်းအတိုင်း၊ ၇၈ လမ်းမှချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်တော်မူမည်ဖြစ်သည်။ထိုသို့ ပင့်ဆောင်ရာ၌ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကန်တော့မည့် ရဟန်းရှင်လူများအနေဖြင့် ဗန်းမော်ကျောင်းတိုက် ၊ချမ်းမြသာစည်လေဆိပ်ဟောင်းနှင့်ပင့်ဆောင်ရာ လမ်းကြောင်းတလျှောက် လမ်း၏ဘေးဘယ်ညာတို့တွင် ဂါရဝပြုကန်တော့နိုင်ကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ အသိပေးနှိုးဆော်ထားသည်။
ပျံလွန်တော်မူချိန်၌ သက်တော် (၉၄)နှစ် ဝါတော်(၇၄) ဝါရှိ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်၌ ပူဇော်ထားရှိရာ ရဟန်းရှင်လူများအနေဖြင့် လာရောက်ဂါရဝပြုကန်တော့နိုင်သည်ဟုလည်း အသိပေးနှိုးဆော်ထားသည်။ထို့ပြင် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပ နပူဇာသဘင်အတွက် နဝကမ္မဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများအား ဗန်းမော်ကျောင်းတိုက်ရှိ အလှူခံမဏ္ဍပ်တွင် လာရောက်လှူဒါန်းနိုင်ကာ ဒေါ်မော်လီစန်း(ဖုန်း) ၀၉-၄၄၁၀၁၉၂၈၃ ၊ ဦးစိုးမိုးသိမ်း(ဖုန်း) ၀၉-၉၇၀၈၂၃၆၈၈ တို့သို့လည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဆရာတော်ကြီးသည် ဧပြီ ၁၄ တွင် ဘန်ကောက်ဆေးကုသမူမှပြန်ကြွလာပြီးနောက်မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဥ်ရပ်ကွက်ရှိ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဥ် မေ ၂၅ ရက်ည ၁၁ နာရီ ၁၁ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။
ဗန္းေမာ္ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ခ်မ္းျမသာစည္ေလဆိပ္ေဟာင္းသို႔ပင့္ေဆာင္မည့္လမ္းေၾကာင္းမ်ား
နဝမေျမာက္ဗန္းေမာ္ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ဇြန္ ၆ ရက္တြင္ ခ်မ္းျမသာစည္ေလဆိပ္ေဟာင္းတြင္ မီးပူေဇာ္သြားမည္ျဖစ္ေၾကာင္း အႏၲိမအဂၢိဈာပနပူဇာသဘင္အခမ္းအနားက်င္းပေရးဦးစီးေကာ္မတီမွ သိရသည္။ယင္းေန႔တြင္ဗန္းေမာ္ေက်ာင္းတိုက္ ကေမာၻဇသာသနာ့ဗိမာန္၌အႏၲိမအဂၢိစ်ာပနအခမ္းအနားကိုေန႔လည္(၂) နာရီတြင္စတင္က်င္းပမည္ျဖစ္ၿပီး ေန႔လည္ (၃)နာရီခန္႔တြင္ ခ်မ္းျမသာစည္ေလယာဥ္ကြင္းသို႔ပင့္ေဆာင္ပူေဇာ္ပါမည္။
ဗန္းေမာ္ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ဗန္းေမာ္ေက်ာင္းတိုက္ရွိ ယာယီစံေက်ာင္းေတာ္မွတဆင့္ ၃၉ လမ္းမွ ၇၃ လမ္းအတိုင္း၊ ၇၃ လမ္းမွ ၃၈ လမ္းအတိုင္း၊ ၃၈ လမ္းမွ ၇၈ လမ္းအတိုင္း၊ ၇၈ လမ္းမွခ်မ္းျမသာစည္ေလဆိပ္ေဟာင္းသို႔ ပင့္ေဆာင္ေတာ္မူမည္ျဖစ္သည္။ထိုသို႔ ပင့္ေဆာင္ရာ၌ ဗန္းေမာ္ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ကန္ေတာ့မည့္ ရဟန္းရွင္လူမ်ားအေနျဖင့္ ဗန္းေမာ္ေက်ာင္းတိုက္ ၊ခ်မ္းျမသာစည္ေလဆိပ္ေဟာင္းႏွင့္ပင့္ေဆာင္ရာ လမ္းေၾကာင္းတေလွ်ာက္ လမ္း၏ေဘးဘယ္ညာတို႔တြင္ ဂါရဝျပဳကန္ေတာ့ႏိုင္ေၾကာင္း အႏၲိမအဂၢိဈာပနပူဇာသဘင္အခမ္းအနားက်င္းပေရးဦးစီးေကာ္မတီမွ အသိေပးႏႈိးေဆာ္ထားသည္။
ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္ (၉၄)ႏွစ္ ဝါေတာ္(၇၄) ဝါရွိ ဗန္းေမာ္ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ဗန္းေမာ္ေက်ာင္းတိုက္ရွိ ယာယီစံေက်ာင္းေတာ္၌ ပူေဇာ္ထားရွိရာ ရဟန္းရွင္လူမ်ားအေနျဖင့္ လာေရာက္ဂါရဝျပဳကန္ေတာ့ႏိုင္သည္ဟုလည္း အသိေပးႏႈိးေဆာ္ထားသည္။ထို႔ျပင္ ဗန္းေမာ္ဆရာေတာ္ႀကီး၏ အႏၲိမအဂၢိဈာပ နပူဇာသဘင္အတြက္ နဝကမၼဝတၳဳေငြႏွင့္လႉဖြယ္ပစၥည္းမ်ားအား ဗန္းေမာ္ေက်ာင္းတိုက္ရွိ အလႉခံမ႑ပ္တြင္ လာေရာက္လႉဒါန္းႏိုင္ကာ ေဒၚေမာ္လီစန္း(ဖုန္း) ၀၉-၄၄၁၀၁၉၂၈၃ ၊ ဦးစိုးမိုးသိမ္း(ဖုန္း) ၀၉-၉၇၀၈၂၃၆၈၈ တို႔သို႔လည္း ဆက္သြယ္လႉဒါန္းႏိုင္ေၾကာင္း သိရသည္။
ဆရာေတာ္ႀကီးသည္ ဧၿပီ ၁၄ တြင္ ဘန္ေကာက္ေဆးကုသမူမွျပန္ႂကြလာၿပီးေနာက္မႏၲေလးတိုင္း၊မဟာေအာင္ေျမၿမိဳ႕နယ္၊မဟာႏြယ္စဥ္ရပ္ကြက္ရွိ ဗန္းေမာ္ေက်ာင္းတိုက္၌ သီတင္းသုံးေနေတာ္မူစဥ္ ေမ ၂၅ ရက္ည ၁၁ နာရီ ၁၁ မိနစ္က ဘဝနတ္ထံပ်ံလြန္ေတာ္မူသြားခဲ့ျခင္းျဖစ္သည္။