News

ရွှေအသင်းစျေး တစ်ပတ်အတွင်း ၂ သိန်းနီးပါးတက်လာကာ ပြင်ပစျေးကွက် မာနေဆဲ ယနေ့ရွှေစျေး

ကမ္ဘာ့ရွှေစျေးအတက်ကြောင့် ဒီနေ့မှာ ရွှေအသင်းစျေးကလည်း ၄၈ သိန်းနီးနီး ရောက်လာပါတယ်။ ဒါဟာ ဒီအပတ်အတွင်းမှာပဲ ကျပ် ၂ သိန်းကျော် စျေးမြင့်လာတာပါ။

ပြင်ပပေါက်စျေးလည်း ကောင်းနေကာ လက်တလောမှာ ရောင်းသူ ဝယ်သူ နှစ်ဦးသဘောတူမှုတွေဖြင့် အပြင်မှာ စျေးညှိရောင်းချမှုတွေ များနေပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၂ ရက်၊ သောကြာနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၅၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း

– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၇၆၄၃၉၃ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၆၉၅၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၆၇၅၀၀၀၀ ကျပ်