ထိုင်းနိုင်ငံ၊ ဆုန်ခရာခရိုင်၊ စဒေါင်မြို့၊ စမ်နတ်ခမ်ကျေးရွာအုပ်စု (၁) တွင် မြန်မာလူမျိုးဟု ယူဆရသူ အမျိုးသမီး နှစ်ဦး ကုန်တင်ကားကြိတ်ခံရ၍ သေဆုံးခဲ့သည့်ဖြစ်စဉ် ဇွန်လ ၈ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ဇွန်လ ၈ ရက်၊ ည ၁၂နာရီခွဲခန့်က စဒေါင်မြို့၊ စမ်နတ်ခမ်ကျေးရွာအုပ်စု(၁)၏ ဘုန်းကြီးကျောင်းရှေ့တွင် မြန်မာလူမျိုးဟု ယူဆရသူ အမျိုးသမီး နှစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဥ် ရှေ့မှကွေ့မည့် ပစ်ကပ်ကားအား တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှောက်စဥ် နောက်ကမောင်းနှင်လိုက်ပါလာသည့် ကုန်တင်ကားက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသည့် ဆိုင်ကယ်ပေါ်မှ အမျိုးသမီး နှစ်ဦးအား တက်ကြိတ်မိခဲ့သဖြင့် အမျိုးသမီး နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ပစ်ကပ်ကားက ကွေ့မှာဖြစ်တဲ့အတွက် ရှောင်ရင်းတိမ်းမှောက်သွားတာ။ ကုန်တင်ကားကလည်း ရုတ်တရက်ကြီးဖြစ်သွားတော့ ထိန်းလိုမရတော့ဘဲ တက်ကြိတ်မိသွားတာပါ။ သိရသလောက်ဆိုရင် ကွေ့မယ့်ကားကိုရှောင်ရင်း ဆိုင်ကယ်က ကုန်တင်ကားနဲ့ ပစ်ကပ်ကားကြားမှာ မှောက်သွားတာပါ။ သေဆုံးသွားတဲ့အမျိုးသမီး နှစ်ယောက်က အသက်ခန့်မှန်းချက်အရဆိုရင် ၂၅ နှစ်နဲ့ ၃၀ ဝန်းကျင်လောက်ပါ” ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် သေဆုံးသူ နှစ်ဦးအား မြန်မာလူမျိုးဖြစ်မည်ဟု ယူဆရခြင်းမှာ သေဆုံးသူများ၏ ဖုန်းများကို စစ်ဆေးရာတွင် မြန်မာစာများတွေ့ရှိခဲ့၍ မြန်မာနိုင်ငံသူများဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သုံးသပ်ခဲ့ကြကြောင်း သိရသည်။
သေဆုံးသူ မြန်မာနိုင်ငံသူ ၂ ဦးဟု ယူဆရသူများ၏ ရုပ်အလောင်းများအား ဆုန်ခရာခရိုင်၊စဒေါင်မြို့မှ လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထိုင္းႏိုင္ငံ၊ ဆုန္ခရာခ႐ိုင္၊ စေဒါင္ၿမိဳ႕၊ စမ္နတ္ခမ္ေက်း႐ြာအုပ္စု (၁) တြင္ ျမန္မာလူမ်ိဳးဟု ယူဆရသူ အမ်ိဳးသမီး ႏွစ္ဦး ကုန္တင္ကားႀကိတ္ခံရ၍ ေသဆုံးခဲ့သည့္ျဖစ္စဥ္ ဇြန္လ ၈ ရက္၊ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားကို ကူညီေဆာင္႐ြက္ေပးေနသူမ်ားထံမွ သိရသည္။
ဇြန္လ ၈ ရက္၊ ည ၁၂နာရီခြဲခန႔္က စေဒါင္ၿမိဳ႕၊ စမ္နတ္ခမ္ေက်း႐ြာအုပ္စု(၁)၏ ဘုန္းႀကီးေက်ာင္းေရွ႕တြင္ ျမန္မာလူမ်ိဳးဟု ယူဆရသူ အမ်ိဳးသမီး ႏွစ္ဦးသည္ ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ ေရွ႕မွေကြ႕မည့္ ပစ္ကပ္ကားအား တိမ္းေရွာင္ရာမွ အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ တိမ္းေမွာက္စဥ္ ေနာက္ကေမာင္းႏွင္လိုက္ပါလာသည့္ ကုန္တင္ကားက အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္သြားသည့္ ဆိုင္ကယ္ေပၚမွ အမ်ိဳးသမီး ႏွစ္ဦးအား တက္ႀကိတ္မိခဲ့သျဖင့္ အမ်ိဳးသမီး ႏွစ္ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အခင္းျဖစ္ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ပစ္ကပ္ကားက ေကြ႕မွာျဖစ္တဲ့အတြက္ ေရွာင္ရင္းတိမ္းေမွာက္သြားတာ။ ကုန္တင္ကားကလည္း ႐ုတ္တရက္ႀကီးျဖစ္သြားေတာ့ ထိန္းလိုမရေတာ့ဘဲ တက္ႀကိတ္မိသြားတာပါ။ သိရသေလာက္ဆိုရင္ ေကြ႕မယ့္ကားကိုေရွာင္ရင္း ဆိုင္ကယ္က ကုန္တင္ကားနဲ႔ ပစ္ကပ္ကားၾကားမွာ ေမွာက္သြားတာပါ။ ေသဆုံးသြားတဲ့အမ်ိဳးသမီး ႏွစ္ေယာက္က အသက္ခန္႔မွန္းခ်က္အရဆိုရင္ ၂၅ ႏွစ္နဲ႔ ၃၀ ဝန္းက်င္ေလာက္ပါ” ဟု ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားကို ကူညီေပးေနသူတစ္ဦးက ေျပာၾကားသည္။
ထို႔ျပင္ ေသဆုံးသူ ႏွစ္ဦးအား ျမန္မာလူမ်ိဳးျဖစ္မည္ဟု ယူဆရျခင္းမွာ ေသဆုံးသူမ်ား၏ ဖုန္းမ်ားကို စစ္ေဆးရာတြင္ ျမန္မာစာမ်ားေတြ႕ရွိခဲ့၍ ျမန္မာႏိုင္ငံသူမ်ားျဖစ္ႏိုင္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သုံးသပ္ခဲ့ၾကေၾကာင္း သိရသည္။
ေသဆုံးသူ ျမန္မာႏိုင္ငံသူ ၂ ဦးဟု ယူဆရသူမ်ား၏ ႐ုပ္အေလာင္းမ်ားအား ဆုန္ခရာခ႐ိုင္၊စေဒါင္ၿမိဳ႕မွ လူမႈကူညီေရးအသင္းကားျဖင့္ ေဆး႐ုံသို႔ပိုေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။