ဇွန် ၁၄ ၊ ၂၀၂၄ (သောကြာနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်
အမေရိကန်ဒေါ်လာ 4350 – 4450
ဥရောပယူရို 4700 – 4875
ဗြိတိသျှစတာလင်ပေါင် 5580 – 5790
သြစတြေးလျဒေါ်လာ 2900 – 3010
ဂျပန်ယန်း 27.35 – 28.40
တောင်ကိုရီးယားဝမ် 3.20 – 3.35
အိန္ဒိယရူပီး 52.35 – 54.30
စင်ကာပူဒေါ်လာ 3220 – 3320
မလေးရှားရင်းဂစ် 925 – 965
တရုတ်ယွမ် 600 – 625
ထိုင်းဘတ် 119.00 – 123.45
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 5410,000 – 5460,000 ဝန်းကျင်ဟု သိရပြီး ကြိုက်ရောင်းကြိုက်ဝယ် ၊ ခန့်မှန်းဈေး ဖြစ်သည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA သတ်မှတ်သော ရွှေဈေးမှာ ကျပ် 4629,551 ဖြစ်ပြီး ယမန်နေ့က သတ်မှတ်ဈေးမှာ 4669,513 ကျပ် ဖြစ်သည်။ ယနေ့ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2317 ဒေါ်လာခန့် ရှိနေသည်။
YGEA က ရွှေဆိုင်အားလုံးကို ၎င်းတို့ နေ့စဉ် သတ်မှတ်ဈေးနှင့်သာ ရောင်းဝယ်ကြရန်၊ ထိုဈေးထက် ကျော်လွန် ရောင်းဝယ်ခြင်း မပြုရန်၊ နေ့စဉ် ဆိုင်ဖွင့် ရောင်းဝယ်ကြရန် အသိပေးထားသည်။