News

ယနေ့(၄.၉.၂၀၂၃) တနင်္လာနေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းမျာ…း

စက်တင်ဘာ ၄ ၊ ၂၀၂၃ (တနင်္လာနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3590 – 3670
ဥရောပယူရို 3885 – 4010

ဗြိတိသျှစတာလင်ပေါင် 4400 – 4530
သြစတြေးလျဒေါ်လာ 2295 – 2370

ဂျပန်ယန်း 24.40 – 25.00

တောင်ကိုရီးယားဝမ် 2.70 – 2.77
အိန္ဒိယရူပီး 43.00 – 44.35
စင်ကာပူဒေါ်လာ 2600 – 2680

မလေးရှားရင်းဂစ် 785 – 810
တရုတ်ယွမ် 480 – 500
ထိုင်းဘတ် 101.00 – 104.15

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3700,0000 – 3720,000 ကျပ်ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည်ရွှေဈေးသည် 3500,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပရွှေဈေးသည် 3725,000 – 3730,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ရည်ညွှန်းရွှေဈေးမှာ 2291,400 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1945 ဒေါ်လာခန့် ဖြစ်သည်။

လက်ရှိ ရွှေဈေးသည် သြဂုတ်လက အမြင့်ဆုံး ရောက်ခဲ့သော ကျပ် 39 သိန်းခွဲနှင့် ယှဉ်ပါက တရိပ်ရိပ် ပြန်ကျနေပြီး ကျပ် 37 သိန်းအထက်တွင် အတက်အကျ ဖြစ်ပေါ်နေသည်။ ယခုအပတ်တွင် ရွှေဈေးသည် အတက် (သို့) အကျ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။