ဂျင်းမှာ သတ္တုဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပိုတက်ဆီမယ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး
သတ္တုတွေ ပါဝင်တာကြောင့် နေ့စဉ် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်စာတစ်ခုလည်း ဖြစ်ပါတယ်။
ည အိပ်ရာဝင်ခါနီးတိုင်း ရေနွေးထဲ ဂျင်းထည့်ပြီး သောက်ပေးလိုက်ရင် ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူးတွေကို ဖော်ပြ ပေးလိုက်ပါတယ်နော်….
(၁) မူးမော်ခြင်း ကင်းဝေးစေမယ်
သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် မူးမော်ခြင်းတွေ၊ ခေါင်းနောက်တာတွေကို ကင်းဝေးစေပါတယ်။
ဂျင်းကို ဆေးအဖြစ်နဲ့ သုံးစွဲလာတဲ့ ခေတ်အဆက်ဆက် မှတ်တမ်းတွေအရ ခေါင်းမူးတာတွေ၊ အန်ချင်တာတွေကို သက်သာ ပျောက်ကင်းစေတာပြီး ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ပျို့အန်တာတွေကို သက်သာစေမှာပဲ ဖြစ်ပါတယ် …။
(၂) ဝိတ် ကျစေတယ်
သင်ဟာ ဝိတ်ကျချင်တဲ့သူ တစ်ယောက်ဆိုရင်တော့ ဂျင်းရေနွေးကို သောက်ပေးသင့်ပါတယ်။ တစ်ဖက်က လေ့ကျင့်ခန်းလည်း လုပ်ရင်း တစ်ဖက်က ဂျင်းရေနွေးကို သောက်ပေးမယ်ဆိုရင် သိသိသာသာကို အချိန်ခဏလေး အတွင်းမှာ ဝိတ်ကျသွားမှာပါ။ ည အိပ်ရာဝင်ခါနီးမှ မဟုတ်ပဲ ထမင်းစားပြီးတိုင်း ဂျင်းရေနွေးကို သောက်ပေး နိုင်ရင်လည်း အရမ်း ကောင်းပါတယ် …။
(၃) ကိုက်ခဲတာတွေကို ပျောက်ကင်းစေပါတယ်
ဓမ္မတာလာစဉ် ကိုက်ခဲတတ်တဲ့ ပျိုမေတွေအတွက် သတင်းကောင်းပါပဲ။ ဂျင်းထဲမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဟာဆိုရင် ဓမ္မတာလာစဉ် နာကျင် ကိုက်ခဲတာတွေကို သက်သာ ပျောက်ကင်း စေပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေ သောက်တာထက် ဂျင်းရေနွေးကို သောက်ပေးတာ ပိုပြီး ကောင်းပါတယ် …။
(၄) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးတယ်
ဂျင်းရေနွေးဟာဆိုရင် သွေးတွင်း သကြားဓာတ်ကို ညီအောင် ထိန်းပေးနိုင်ပါတယ်။ သွေးတွင်း သကြားဓာတ် လျော့နည်းခဲ့ရင် အိပ်မပျော်တာတွေ၊ ရေ အမြဲငတ်နေတာတွေနဲ့ စိတ်မတည်မငြိမ် ဖြစ်စေနိုင်ပြီး ဂျင်းရေနွေး သောက်ခြင်းဖြင့် ဒီအရာတွေကို မျှတစေမှာပါ …။
(၅) ခေါင်းကိုက်တာတွေ ပျောက်ကင်းစေတယ်
ခေါင်းတစ်ခြမ်း ကိုက်တတ်သူတွေ၊ မကြာခဏ ခေါင်းကိုက်တတ်တဲ့ သူတွေအတွက် ဂျင်းရေနွေးဟာ ဆေးကောင်း တစ်လက် ဖြစ်ပါတယ်။ ဆေးသောက်ရမှာ မကြိုက်တဲ့ သူတွေအတွက်တော့ ဂျင်းရေနွေးဟာ ခေါင်းကိုက် ပျောက်စေတဲ့ သဘာဝ ဆေးကောင်း တစ်လက် ပါပဲနော် …။