Health Care

သေမိန့်စောင့်ရသူနှင့် တူလှသည့် ကင်ဆာသမားများအတွက် ရဲယိုသီးအစွမ်း.

ရဲယိုသီးစားကြဖို့လိုပြီကမ္ဘာကျော်တဲ့ရဲယို(သိအပ်ပါသည်။

ဆေးသိပ္ပံပညာရှင်တို့၏ အသည်းနှလုံးကို ကိုင်လှုပ်သည်က ရဲယိုဖြစ်သည်။ကင်ဆာဖြစ်သည်က သေမိန့်စောင်ရသူနှင့်လည်း

တူလှသည်။

သို့သော် ရဲယိုအစွမ်းဖြင့်ကင်ဆာကို ပျောက်ကင်းစေမည် လား၊ကာကွယ်နိုင်စေမည်လားစဉ်းစားဖွယ်ဖြစ် တော့၏။

ကင်ဆာရောဂါအတွက် အကောင်းဆုံး စမ်းသပ်မှုများကို တိရစ္ဆာန်များဖြင့်စမ်းသပ်ခြင်း ၊ခန္ဓာကိုယ်ပြင်ပတွင် စမ်းသပ်ခြင်းစသည်ဖြင့် များစွာပြုလုပ်ခဲ့ကြသည်။

ကင်ဆာဆဲလ်များကို ရဲယို၏အာနိသင်က တိုက်ဖျက်နိုင်သည်ဟု ဆေးသိပ္ပံပညာရှင်တို့၏ ကြေညာ ချက်သည် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ခဲ့သည်မဟုတ်ပါလား။

ကင်ဆာရောဂါရှင်တို့ အတွက်မျှော်လင့်ချက ်ရောင်ခြည်လည်း ဖြစ်ခဲ့သည်။

ရဲယိုသီးတွင်ပါဝင်သော (xeronine)သည်ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူပြီး ခန္ဓာ ကိုယ်ထဲက တစ်သျှူးတွေကို ကင်ဆာဆဲလ် အဖြစ်မပြောင်းလဲနိုင်အောင် ထိထိရောက် ရောက် ကာကွယ်ပေးပါသည်။

ဒါကြောင့်ရဲယိုသီးမှန်မှန်စားသူတွေဟာ အရေပြား ကင်ဆာဖြစ်ဖို့ အလားအလာနည်းလှပါသည်။

ရဲယိုတွင်ပါဝင်တဲ့ ဆေးဖက်ဝင်ဓာတုပစ္စည်း(xeronine)ကို ၁၉၇၂ခုနှစ် က ဟာဝိုင်ရီ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဟိုင်နက် ကီကစတင်တွေ့တာဖြစ်ပါတယ်။

Xeronineသည် လူတိုင်းအတွက် အနည်းငယ်သာလိုသော ဟိုမုန်းတစ်မျိုးဖြစ်ပါသည်။

ကြွတ်များဖြင့်စမ်းသပ်

ဆေးသိပ္ပံရှင်များသည် ကင်ဆာရောဂါရှိသောကြွတ်များအားရဲယိုကျွေးသော ကြွက်များ နှင့် မကျွေးသောထားသောကြွတ်များအား စမ်းသပ်ရာ

ရဲယိုကျွေးထားသောကင်ဆာရောဂါရှိ သောကြွတ်များသည် မကျွေးထား သောကြွက်များ ထက် အသက် ပိုရှည်စွာနေရကြောင်းတွေ့ရှိရ လေသည်။

ကင်ဆာသမားအအတွက်အရေးကြီး သောဖြည့်စွက်အစာ

အမေရိကန်နဲ့ ဂျပန်နို်င်ငံတွေရဲ့ဆေးရုံများတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသခံယူသူတိုင်း ရဲယိုကို အဓိကကျသောဖြည့်စွက်အစာအဖြစ်စား စေသည်ဟုဆိုပါသည်။

ကင်ဆာဝေဒနာရှင်အတွက်အထောက်အကူ

ဝေဒနာရှင်ဟာ ရဲယိုကို အမြဲတွဲဖက်စားသုံးမယ်ဆိုရင် ကင်ဆာပြန့်ပွားမှုနည်းပြီး၊ နာကျင်မှုဝေဒနာသက်သာ စေကာ၊အဟာရဓာတ်ပြည့်ဖြိုးလာပြီး ကိုယ်ခံအား ကောင်းလာစေတဲ့ အကျိုးကို အသေအချာရ မှာဖြစ်ပါသည်။

ရဲယိုစားသုံးခြင်း

ရဲယိုသီးကိုလည်းစားနိုင်၏။။ရဲယိုပါဝင်သော ဆေးဝါးဖျော်ရည်ကိုလည်းသောက်နိုင်၏။ အစားမစားမီ နာရီဝက်ကြိုတင်စားသင့်၏။

အကြောင်းမှာ ရဲယိုတွင်ပါဝင်သော Xeronine ဓာတ်များအား အစာခြေရည်များက ပျက်ဆီးစေနိုင်သောကြောင့်ဖြစ်လေသည်။

ထပ်မံတွေ့ရှိချက်

ဟာဝိုင်ရီတက္ကသိုလ်ဆေးသိပ္ပံရှင်များသည် ပိုဆီဆက်ခရိုက်ဒြပ်ပေါင်းတစ်မျိုးကို ထပ်မံ တွေ့ရှိခဲ့ကြသည်။

ယင်းဒြပ်ပေါင်းမှာ လူတို့၏ သွေးဖြူဥများအား ကင်ဆာရောဂါကို သာမက အထွေထွေရောဂါဖျက်အစွမ်းသတ္တိများကိုပါ ပေးစွမ်းနိုင်သည်ဟုဖော်ထုတ် ကြေညာခဲ့ သည်ဆိုသည်။

အစွမ်းထက်သော ရဲယို

ဂျပန်ဆေးပညာရှင်များဖေါ်ထုတ်အတည်ပြုသည်မှာ ရဲယိုသီး၊ ရဲယိုရွက်၊ ရဲယိုပင်နှင့် အပင်၏ အစိတ်အပိုင်းအားလုံးသည်လူ၏ခန္ဓာကိုယ် အထွေထွေကျန်းမာ ရေးအတွက်

လွန်စွာ အစွမ်းထက်သော သဘာဝဆေးဖြစ် သည်ဟုဆိုလေသည်။ရဲယိုသီးအစေ့ဆီအသိးအစေ့မှ အဆီအနှစ်ကိုထုတ်ယူ၍ ရောဂါများကုသရာတွင် အသုံးပြုကြသည်။

အဆီတွင် လီနိုလီ်ယယ်အက်စစ်ပါဝင်မှုကြောင့် အဖောရောဂါကုသရာတွင် အသုံး ဝင်ပြီး အရေပြားများကို အစိုဓာတ်ရရှိအောင် ထိန်းထားနိုင်လေသည်။

ကမ္ဘာ့သဘာဝ အစွမ်းထက်ဆေးဝါး

ဟာဝိုင်ရီကျွန်းသည် ကမ္ဘာတွင် ရဲယိုသီးကို ကုန်ကြမ်းအနေဖြင့် ထုတ်လုပ်ရာ နေရာဖြစ်သည်။ထင်ရှားသော ရဲယိုဆေးဝါးမှာ ရဲယိုသီးအဆီနှင့် ရဲယိုမှုန့်တို့ကို စံချိန်ကိုက် သိပ္ပံနည်းကျထုတ်လုပ်ထားသည်။

ကမ္ဘာပေါ်ရှိ အပင်များထဲ တွင် ရဲယိုပင်သည် XERONINE အမြင့်မားဆုံးဖြစ်သည်။ နာနတ်သီး တွင်ပါဝင်မှုထက် ရှစ်ဆ ပိုများလေသည်။

သွေးကြောကျဉ်း၊သွေးတိိုး

ရဲယိုသီးကို စားသုံးခြင်းဖြင့် သွေးကြောများကိုကျယ်စေပြီးသွေးလည်ပတ်မှုကို ကောင်းစေပါသည်။ဆေးဝါး၏အပူကို ခံစားရပြီး သွေးတိုးရောဂါ၊

သွေးကြောကျဉ်း ရောဂါတို့တွင် အကျိုးရှိအောင်ဆောင်ရွက်ပေးသောဒြပ်ပေါင်း Secpoltin ဖြစ်သည်။

မြန်မာ့ဆေးဝါးပင်များမှရဲယို

ရဲယိုသည် ပုဏ္ဏရိပ်မျိုးရင်းဖြစ်သည်။ ရုက္ခဗေဒ အမည်အမည်မှာ Morindaangustifolia Roxb ဖြစ်သည်။မြန်မာပြည်အနှံံ့ပေါက်ရောက်သည်။

မြန်မာဆေးကျမ်း များအလိုအရ ရဲယိုသည်ခါး၏၊ အနံ့ပြင်း၏။အနည်းငယ်ပူပြီး လေနှင့်ဝမ်းကိုရွှင်စေ တတ်လေသည်။ပူစပ်သော အရသာရှိ၍ အနည်းငယ်ချဉ်သည်။ သွေး၊သည်းခြေ၊ လေ၊သလိပ်ကိုနိုင်လေသည်။

အသုံးပြုပုံ

အရွက်ကိုပြုတ်တို့စားလျှင် လေချုပ်ရောဂါ၊ဝမ်းဗိုက်နာ၊ အာခေါင်ပူ၊သည်းခြေ ဖေါက်ပြန် နှင့်သွေးတိုးရောဂါကို ပျောက်ကင်းသည်။

ရဲယိုရွက်ကို ငါးမြွေထိုးသားနှင့်ပြုတ်ပြီးသုပ်စားက ပင်လယ်အူနာပျောက်သည်။အရွက်ကိုသုပ်စားပါက နို့ချောင်းပိတ်၊နို့ရေခမ်း၊သကျည်းကိုက်၊ဝမ်းရစ်နာ နှင့်နှာခေါင်းသွေးရှန်ခြင်းကိုပျောက်စေသည်။

နှလုံးရောဂါ၊သွေးသွန်ရောဂါ၊ ဆီချိုရောဂါ များအတွက် ရဲယိုရွက်ကို ဒန့်ဒလွန်ရွက်နှင့်ဟင်းချိုချက်သောက်က ပျောက်သည်။

ရဲယိုသီးကို ပျားရည်နှင့်ခေါက်စားပါက ချောင်းဆိုး၊ပန်းနာရောဂါပျောက်သည်။ထန်းလျက်နှင့် အသီးကိုခေါက်စားပါက အစာမကြေရောဂါပျောက်သည်။

အသီးနုကို သုပ်စားပါက လေထိုးလေအောက်နှင့် သွေးတက်ရောဂါပျောက်သည်။

မြန်မာဆေးနည်း

ရဲယိုသီးအမှည့်(၁၀)လုံးအား ဆန်ကာနှင့်တိုက်ပြီး ထန်းလျက်(၁၀)ဆယ်သားနှင့် ရော၍လေ လုံအောင်ထားကာ နေလှန်းရသည်။

ထိုဆေးသည် သွေးဆုံးကိုင်ခြင်း၊ ဒူလာကိုင်ခြင်းနှင်အဖေါရောဂါကို ပျောက်သည်ဟု နာမည်ကြီးသည်။ အချို့သမား တော်ကြီးများက “မောရင်ရဲယိုစား” ဟုဆိုစမှတ်ပြုကြသည်။

ရဲယိုနှင့်ငါးဖယ်​

ဓာတ်စာအဖြစ်ပေးကြသည်။ဟင်းလျာ အစား အစာကို ဆေးဖက်ဝင်အောင် စီမံ၍ပေးခြင်းဖြစ်သည်။ရှေးဆေးဆရာမြတ်တို့ ဆိုရိုးစကားရှိသည် ̏လေမဆက်သေဘက်သို့နီးလာပြီ˝ ဟူ၍ဖြစ်သည်။

အသက်ကြီးလာလျှင် ယောကျ်ား၊မိန်းမတို့လေအား မကောင်းချင်ကြ တော့ပါ။ထိုကြောင့်လေဆက်စေရန် အတွက ်ရဲယိုရွက်နှင့်ငါးခူကိုချက်စားရလေသည်။

ထို သို့ချက်စားခြင်းကြောင့် အကြောလေ လျှောက်အားနည်းသူ၊ လေဖြတ် လေငန်း ဝေဒနာရှင်များ၊ဆီးနှင့် ကျောက်ကပ်ရှိသူများ၊ အရိုးအဆစ်အားနည်းပြီး ကျီးပေါင်း ရောဂါရှင်များ သက်သာပျောက်ကင်းစေပါသည်။

သိမီသမျှဗဟုသုတသာဖြစ်ပါသည်။ ရဲယိုနှင့်ပတ်သက်သောအနောက်တိုင်း တွေ့ရှိချက် နှင့်ဆေးကျမ်းတို့ကများလှပါသည်။

ကျမ်းစာကိုး

မြန်မာ့ဆေးဝါးပင်များ/ကင်ဆာနှင့်အစားအစာ/အိမ်တွင်းတိုင်းရင်းသမားတော်

#ရဲမျိုးသူ(ဗောဓိမြိုင်)