ခန္ဓာကိုယ်တွင်း အပူဓာတ်ကို လျှော့ချပေးနိုင်သည့် ရာသီစာဆေးဖက်ဝင် ထန်းပင်မြစ်
ဆောင်းဥတု ရောက်သည့်အခါ ခန္ဓာကိုယ်တွင်းအပူဓာတ်များ သူတွေမှာ လည်ချောင်းနာ၊ ခံတွင်းနာ၊ သွားဖုံးနာ၊ နှုတ်ခမ်းတွင်ရေယုန်ပေါက်ကာ အပူကန်တတ်ကြသည်။ ထိုသူများက ထန်းပင်မြစ်ကို ပို၍စားပေးသင့်သည်။
ထန်းပင်မြစ်သည် လူတို့၏ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဘီဓာတ်ပေါင်းစုအပြင် အဆီဓာတ်နှင့် ပရိုတိန်းဓာတ်များလည်း ပါရှိသည်။
အမျှင်ဓာတ်ကြွယ်ဝစွာပါရှိ၍ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။
အမျိုးသားများအတွက် သုက်ပွားစေသော ဓာတ်စာဖြစ်၍ သား၊ သမီး မရနိုင်သော အမျိုးသားများအနေဖြင့် ထန်းပင်မြစ်ကို များများစားပေးသင့်သည်။
ခန္ဓာကိုယ်တွင်း အပူဓာတ်ကို လျှော့ချပေးနိုင်သည်။
ကလေးငယ်များ ရေကျောက်ရောဂါအတွက် ဆေးဖက်ဝင်သော အစားအစာဖြစ်သည်။
အဆီနှင့် ပရိုတိန်းတို့ပါရှိသည့်အတွက် ခန္ဓာကိုယ် ပိန်လှီသူများ စားပေးခြင်းဖြင့် ကိုယ်အလေးချိန် တိုးတက်လာစေပါသည်။
အစာအိမ်နာရှိသူများကို ကောင်းကျိုးပြုသည်။
အင်ဆူလင်ထွက်ရှိမှုကို လှုံ့ဆော်ပေး၍ ဆီးချိုရောဂါသည်များကို ကောင်းကျိုးပြုသည်။
ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပါသည်။
အမျိုးသမီးသားအိမ်အတွက် အားဖြစ်စေသော အစားအစာဖြစ်သည်။
ကိုယ်ဝန်ဆောင်များ ထန်းပင်မြစ်ကို စားပေးခြင်းဖြင့် မိခင်နှင့် သန္ဓေသားကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေပါသည်။
မြန်မာ့ဆေးကျမ်းများတွင် ထန်းပင်မြစ်သည် သွေး၊ သည်းခြေကို ပယ်တတ်၏။ သွေး၊ လေ၊ သည်းခြေတို့ကိုနိုင်၏။ ဝမ်းကိုလားစေ၏။
သလိပ်ကိုကြေစေ၏။ သုက်ကိုပွားစေ၏။ အသားကိုဖြစ်စေ၏။ အားကိုဖြစ်စေ၏။ ပထဝီအားကို ပြည့်စေ၏။ တေဇောဓာတ်ကိုငြိမ်းစေ၏။
အစာကြေညက်ခြင်းနှင့် ဝမ်းမီးတောက်ခြင်းကိုနိုင်၏ဟူ၍ ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ သားအိမ်ကျန်းမာရေး ရိုးရာကုထုံးအတွက် ထန်းပင်မြစ်ကို အုန်းနို့ဖြင့်တွဲ၍ ကျွေးသည်။
ဘေးထွက်ဆိုးကျိုးမရှိဘဲ အရွယ်သုံးပါးမရွေး စားသုံးသင့်ပြီး ကိုယ်ဝန်ဆောင်များလည်း စားသုံးသင့်ပါသည်။
ပြန်လည်မျဝေပါတယ်ခင်ဗျာ
Credit.
ခႏၶာကိုယ္တြင္း အပူဓာတ္ကို ေလၽွာ့ခ်ေပးနိုင္သည့္ ရာသီစာေဆးဖက္ဝင္ ထန္းပင္ျမစ္
ေဆာင္းဥတု ေရာက္သည့္အခါ ခႏၶာကိုယ္တြင္းအပူဓာတ္မ်ား သူေတြမွာ လည္ေခ်ာင္းနာ၊ ခံတြင္းနာ၊ သြားဖုံးနာ၊ ႏႈတ္ခမ္းတြင္ေရယုန္ေပါက္ကာ အပူကန္တတ္ၾကသည္။ ထိုသူမ်ားက ထန္းပင္ျမစ္ကို ပို၍စားေပးသင့္သည္။
ထန္းပင္ျမစ္သည္ လူတို႔၏ခႏၶာကိုယ္အတြက္ လိုအပ္ေသာ ဗီတာမင္ဘီဓာတ္ေပါင္းစုအျပင္ အဆီဓာတ္ႏွင့္ ပရိုတိန္းဓာတ္မ်ားလည္း ပါရွိသည္။
အမၽွင္ဓာတ္ႂကြယ္ဝစြာပါရွိ၍ အစာေျခစနစ္ကို တိုးတက္ေကာင္းမြန္ေစကာ ဝမ္းခ်ဳပ္ျခင္းမွလည္း ကာကြယ္ေပးသည္။
အမ်ိဳးသားမ်ားအတြက္ သုက္ပြားေစေသာ ဓာတ္စာျဖစ္၍ သား၊ သမီး မရနိုင္ေသာ အမ်ိဳးသားမ်ားအေနျဖင့္ ထန္းပင္ျမစ္ကို မ်ားမ်ားစားေပးသင့္သည္။
ခႏၶာကိုယ္တြင္း အပူဓာတ္ကို ေလၽွာ့ခ်ေပးနိုင္သည္။
ကေလးငယ္မ်ား ေရေက်ာက္ေရာဂါအတြက္ ေဆးဖက္ဝင္ေသာ အစားအစာျဖစ္သည္။
အဆီႏွင့္ ပရိုတိန္းတို႔ပါရွိသည့္အတြက္ ခႏၶာကိုယ္ ပိန္လွီသူမ်ား စားေပးျခင္းျဖင့္ ကိုယ္အေလးခ်ိန္ တိုးတက္လာေစပါသည္။
အစာအိမ္နာရွိသူမ်ားကို ေကာင္းက်ိဳးျပဳသည္။
အင္ဆူလင္ထြက္ရွိမႈကို လႈံ႔ေဆာ္ေပး၍ ဆီးခ်ိဳေရာဂါသည္မ်ားကို ေကာင္းက်ိဳးျပဳသည္။
ကိုယ္ခံစြမ္းအားကို တိုးတက္ေကာင္းမြန္ေစပါသည္။
အမ်ိဳးသမီးသားအိမ္အတြက္ အားျဖစ္ေစေသာ အစားအစာျဖစ္သည္။
ကိုယ္ဝန္ေဆာင္မ်ား ထန္းပင္ျမစ္ကို စားေပးျခင္းျဖင့္ မိခင္ႏွင့္ သေႏၶသားက်န္းမာေရးအတြက္ အက်ိဳးျဖစ္ထြန္းေစပါသည္။
ျမန္မာ့ေဆးက်မ္းမ်ားတြင္ ထန္းပင္ျမစ္သည္ ေသြး၊ သည္းေျခကို ပယ္တတ္၏။ ေသြး၊ ေလ၊ သည္းေျခတို႔ကိုနိုင္၏။ ဝမ္းကိုလားေစ၏။
သလိပ္ကိုေၾကေစ၏။ သုက္ကိုပြားေစ၏။ အသားကိုျဖစ္ေစ၏။ အားကိုျဖစ္ေစ၏။ ပထဝီအားကို ျပည့္ေစ၏။ ေတေဇာဓာတ္ကိုၿငိမ္းေစ၏။
အစာေၾကညက္ျခင္းႏွင့္ ဝမ္းမီးေတာက္ျခင္းကိုနိုင္၏ဟူ၍ ေဖာ္ျပထားသည္။
အိႏၵိယနိုင္ငံတြင္ အမ်ိဳးသမီးမ်ား သားအိမ္က်န္းမာေရး ရိုးရာကုထုံးအတြက္ ထန္းပင္ျမစ္ကို အုန္းနို႔ျဖင့္တြဲ၍ ေကၽြးသည္။
ေဘးထြက္ဆိုးက်ိဳးမရွိဘဲ အရြယ္သုံးပါးမေရြး စားသုံးသင့္ၿပီး ကိုယ္ဝန္ေဆာင္မ်ားလည္း စားသုံးသင့္ပါသည္။
ျပန္လည္မ်ေဝပါတယ္ခင္ဗ်ာ
Credit



