အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင်မိန်းမပျိုတစ်ယောက် ကားတစ်စီးကို ကိုယ်တိုင်မောင်းနှင်နေသည်။
သူမဘေးထိုင်ခုံမှာတော့ သူမ၏အဖေထိုင်နေ၏။
သူမသည်ကားမောင်းလာခဲ့ရာ ခရီးအတော်ရောက်လာတော့
သူမတို့သားအဖနှစ် ယောက် မုန်တိုင်းတစ်ခုထဲ ရောက်မှန်းမသိ ရောက်လာမိကြတယ်။
မိန်းကလေးက သူမအဖေကို မေးလိုက်တယ်။
” အခု ဘာလုပ်သင့်သလဲ… ဖေဖေ ..”
” ကားကို….ထိန်း မောင်း…သမီး”
ဒီလိုနဲ့…သူမက ကားကိုထိန်းမောင်းရင်း… မီတာအတော်ရောက်လာတော့
တခြားကားတွေ လမ်းဘေးမှာ ရပ်နားဖို့ပြင်ဆင်နေတာကို တွေ့ရတယ်..
မုန်တိုင်းက အတော်လေးဆိုးလာတာကိုး။
မိန်ကလေးလည်း အနည်းငယ် ကြောက်စိတ်ဝင်လာပြီး
သူမအဖေကို ထပ်မေးတယ်။
” ဖေဖေ ….သမီးတို့လည်းပဲ ..
လမ်းဘေးမှာ ရပ်နားရင် ကောင်းမယ်နဲ့တူတယ်နော် ”
” မရပ်နဲ့သမီး…ကားကို ထိန်းမောင်း..ပါကွယ်”
မိန်းကလေးလည်း ကားကို ထိန်းသိမ်းမောင်း နှင်လာရာ
မိုင်အတော်များများ ခရီးရောက်ခဲ့၏။
မုန်တိုင်းလည်း အတော်လေးပြင်းပြင်းထန်ထန် တိုက်နေ၏။
ကားအတော်များများလမ်းဘေးမှာ ရပ်နားနေတာကို သူမကြည့်ရင်း ကားအရှိန်လျှော့လိုက်ပြီး
”ဖေဖေ ….အခုချိန်ဟာ ကားကိုလမ်းဘေးမှာ ရပ်နားဖို့သင့်ပြီလို့ထင်တယ်…
မုန်တိုင်းကပိုဆိုးလာပြီး ရှေ့မြင်ကွင်းကလည်း..
ဖုန်တွေနဲ့ လမ်းကိုသဲသဲကွဲကွဲ… မမြင်ရတော့ဘူး ” ဟု သူမ၏ အဖေကို ထပ်ပြောလိုက်သည်။
” မရပ်နဲ့သမီး…ကားကို ထိန်းမောင်း..ပါကွယ်”
သူမသည်သူမ၏အဖေပြောသလို ကားကိုဆက်လက်ထိန်းမောင်းခဲ့တယ်။
မုန်တိုင်းကလည်း….ပို၍ပို၍ ဆိုးလာသလို
သူမ ရှေ့ မြင်ကွင်းကိုကြည့်ပြီး…
ကားကိုထိန်းမောင်းရတာပိုမိုပြီး ခက်ခဲလာတယ်
လမ်းဘေးလုံခြုံတဲ့နေရာမှာ ကားကိုရပ်လိုက်ပြီး နားနေရင်
ကောင်းမယ်လို့ သူမစဉ်းစားနေမိတယ်
ဒါပေမယ့်…သူမက …
ကားကိုဆက်လက်ပြီး ထိန်းမောင်းလာခဲ့တယ်…
သူမက …ဆိုးဝါးတဲ့မုန်တိုင်းထဲမှာ ကားကိုသတိကြီးစွာထိန်းမောင်းရင်း…
သူမရှေ့မြင်ကွင်းဟာ တဖြည်းဖြည်းကြည်လင်လာတယ်
အတော်လေးမောင်းမိတော့…
သူမတို့ မုန်တိုင်း ကင်းလွတ်ပြီးခြောက်သွေ့သာယာတဲ့
လမ်းမပေါ်ရောက်နေတာကိုတွေ့ရတယ်…
ဒီအချိန်မှာ…သူမအဖေကပြောတယ်
“သမီးရေ.ကားကိုလမ်းဘေးချရပ်ပြီး အပြင်ထွက် ကြရအောင် ”
”ဘာလို့လဲ…ဖေဖေ… သမီးတို့ မုန်တိုင်းထဲက လွတ်လာပြီလေ ”
အဖေက ပြုံးပြီး…ပြန်ပြောတယ်
” သမီးရေ….စောစောက လမ်းဘေးမှာ ရပ်ထားခဲ့တဲ့ကားတွေဟာ
အခုချိန်ထိ မုန်တိုင်းထဲမှာ ပိတ်မိ ရုန်းကန်နေကြရသေးတာကို
သမီးကားထဲကနေ.. အပြင်ထွက်ကြည့်တဲ့အခါ တွေ့လိမ့်မယ်
သမီးရဲ့ဘဝမှာလည်း..
မုန်တိုင်းလိုမျိုး ဆိုးဝါးတဲ့ အခက်အခဲတွေကို
ဘယ်တော့မှ အရှုံးမပေးနဲ့ သမီး
ရှေ့ဆက်သွားပါ အခုလို..မုန်တိုင်းကိုဖြတ်ကျော်ခဲ့သလိုမျိုးပေါ့…ကွယ် ”
ဘဝခရီးလမ်းတလျှောက်မှာ စိတ်ဖိစီးမှုတွေ
စိတ်ပျက်အားငယ်စရာ အတွေ့အကြုံတွေ၊
တွေ့ကြရမှာအသေအချာပါပဲ။
ဘဝရဲ့ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်ကျော်နေစဉ်မှာ
လူအများစုက စိတ်ပျက် အားလျှော့တတ်ကြတယ်
မုန်တိုင်းထဲမှာ ပိတ်မိခံပြီး ရပ်နားနေတဲ့ကားတွေလိုပဲ
ရုန်းမထွက်နိုင်ကြတော့ အချိန်အကြာကြီး ပိုမိုခက်ခဲစွာ ရုန်းကန်နေကြရတယ်။
အခက်အခဲတွေကို အရှုံးမပေးပဲ ရုန်းကန် ဖောက်ထွက်ခြင်းဟာ
အောင်မြင်မှုတံခါးကို ဖွင့်တဲ့သော့ချက်တစ်ခုဖြစ်တယ်
လူတိုင်း လူတိုင်းမှာ အောင်မြင်မှုတံခါးကို
ဖွင့်လှစ်တဲ့သော့တစ်ချောင်းစီ ပါကြပါတယ်.
အဲ့ဒါကတော့ …
ခက်ခဲတဲ့အချိန်တွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပြီး ဖောက်ထွက်တဲ့နည်းပါပဲ
သင်ကြိုးစားရုန်းကန်နေသ၍ အောင်မြင်မှု တံခါးဆီကို တရွေ့ရွေ့ချဉ်းကပ်နေတာပါ
ကြိုးစားမှု အားထုတ်မှု ရပ်တန့်လိုက် မှသာ ရှုံးနိမ့်သွားတာပါ။
သင်တို့ဘဝမှာ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
credit