ဒီကနေ့ခေတ်မှာ ဆံကေသာနဲ့ပတ်သတ်လို့ အဓိကရင်ဆိုင်နေရတာကတော့
ဆံပင်ကျွတ်တာ၊ ဗောက်ထတာနဲ့ အရွယ်မတိုင်ခင် ဆံပင်တွေဖြူလာတာဖြစ်ပါတယ်။
ဒီအတွက် အလှကုန်ပစ္စည်းအမျိုးမျိုးကို ဝယ်သုံးပေမဲ့ တချို့ဗောက်ပျေက်တဲ့ခေါင်းလျှော်ရည်ဆို ဆံပင်ကျွတ်တာ
ဆံပင်ကျွတ်တာရပ်တဲ့ ခေါင်းလျှော်ရည်ကို ဗောက်ထတာ အဆီပြန်တာတွေဖြစ်လို့ ကိုယ်နဲ့အဆင်ပြေတဲ့ ကုန်ပစ္စည်းရှာရခက်ခက်ပါပဲ။
အိန္ဒိယဇီးဖြူသီးကဆံပင်ကျွတ်တာကိုရပ်တန့်စေတဲ့အပြင် ဆံကေသာကို သန်စွမ်းစေပါတယ်။
ဗောက်ပျောက်ရုံသာမကဆံပင်ဖြူတာကိုလည်း ကာကွယ်ပေးလို့ အကောင်းမွန်ဆုံး ဆံပင်ပေါင်းတင်ဆေးပါပဲ။
ပါဝင်ပစ္စည်း
ဇီးဖြူသီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
ပဲနံ့သာရွက် မှုန့် (F e n u g r e e k P o w d e r) စားပွဲတင်ဇွန်း ၂ ဇွန်း
ပျဉ်တော်သိမ်ရွက် (C u r r y L e a v e s) ကြိတ်ပြီးသား စားပွဲတင်ဇွန်း ၁ ဇွန်း
ဒိန်ချဉ် ခွက် တစ်ဝက်
ပြုလုပ်နည်း
ဒိန်ချဉ်ခွက်တစ်ဝက်ကို ခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင်တခြားပါဝင်ပစ္စည်းတွေရောပြီး သချာမွှေလိုက်ပါ။
ဆံပင်ကိုရေဆေးချပြီး ခုဏကရောထားတဲ့ ပါဝင်ပစ္စည်းတွေကိုလိမ်းပေးပါ။
ပြီးရင် နာရီဝက်လောက်ထားပြီး ရေနွေးနဲ့ စင်စင်ဆေးချပေးပါ။
Credit
Zawgyi.
ပါဝင်ပစ္စည်း
ဒိန်ချဉ် ခွက် တစ်ဝက်
ပြုလုပ်နည်း
Credit