Health Care
အသက်ရှူမဝ အသက်ရှူရခက်ခဲနေသူများအတွက် အလွန်အသုံးတဲ့သော ကသစ်ရွက်…
အသက်ရှူမဝ အသက်ရှူရခက်ခဲနေသူများအတွက် အလွန်အသုံးတဲ့သော ကသစ်ရွက်
အရေးတကြီးလိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် လိုရင်းတိုရှင်းပြောပါမယ် ယုံကြည်စိတ်ချစွာအသုံးပြုကြပါ ကျွန်တော်ဟာ
ပရဟိတသမားတစ်ယောက်လည်းဖြစ်ပါတယ်။ကျွန်တော့ရဲ့ဇနီးကိုယ်တိုင်ဖျားနာပြီး အရသာမရ အနံမရ ဖြစ်သွားပြီး သုံးရက်
လောက်မှာအသက်ရှုမဝသလိုခံစားရတယ် လို့ကြားသိရပါတယ်။
ကျွန်တော်လည်းစိုးရိမ်သွားပါတယ် အမျိုးသမီးဟာ လွန်ခဲ့တဲ့ (2)နှစ်လောက်က TV ဝေဒနာရှိခဲ့ပါတယ် အဆုတ်အားနည်းတဲ့ရောဂါလည်းရှိပါတယ်။ဒါနဲ့ကျွန်တော်လည်း facebook မှာဖတ်ရတဲ့ ခွေးတောက်ရွက်ကအစ ဖတ်မိသမျှအရွက်တွေကို ရှုကြည့်
ဘို့ပြောပါတယ် ဒါပေမဲ့မသက်သာဘူးလို့​ အကြောင်းပြန်လာပါတယ်။
အတန်ကြာစဉ်းစားရင်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မိတ်ဆွေတစ်ယောက်ပြောတာလား ဆောင်းပါဖတ်လိုက်ရတာလား ဆေးကျမ်းထဲမှာတွေ့လိုက်ရတာလားတော့မမှတ်မိတော့ပါဘူး။
အဲဒီအပင်ဟာ အခြားသစ်ပင်တွေထက် အောက်ဆီဂျင် ပိုပြီးထုတ်လွတ်တယ်လို့သိခဲ့ရတာ သွားသတိရတယ်။စမ်းကြည့်ရင်ကောင်းမလား အတော်ကြာအောင်စဉ်းစားရပါတယ် အမျိုးသမီးရဲ့ အဆုတ်က သာမန်လူတွေလိုမကောင်းတော့ လုပ်ခိုင်းလိုက်တော့မှ တစ်ခုခု ဖြစ်သွားရင် ရင်ကျိုးရကြီးရဲ့လို့တွေးပြီး ဆုံးဖြတ်ရခက်နေတာပေါ့။
စမ်းသပ်ရမှာ မဝံမရဲဖြစ်နေတာပေါ့ နောက်ဆုံးတော့မျက်စေ့ဆုံမိတ်ပြီး အောက်ဆီဂျင်ကလည်းမရ ဆေးခန်းသွားပြဘို့ကလည်းမလွယ် ဒီအတိုင်းထားရမဲ့အတူ အရွက်တောင်စားခဲ့သေးတာပဲဆိုပြီးကျန်တဲ့အရွက်တွေ မရှူတော့နဲ့ အဲဒီအရွက်ကို ခုချက်ချင်းသွားခူး အရွက်ကို သန့်ရှင်းရေးလုပ် ချေမွပြီး ဖြေးဖြေးချင်းရှုကြည့်ဘို့အကြောင်းကြားလိုက်တယ် ပြောလိုက်ပြီး စိတ်မအေးနိုင်ဘူး။
ဘာများပြန်ကြားရမလဲဆိုပြီး ရင်တမမနဲ့ပေါ့ ခဏအကြာမှာတော့ ပြောမပြတတ်လောက်အောင် ဝမ်းသာစရာသတင်းကြားရပါတော့တယ်။အရွက်ကို အားပါးတရရှူလိုက်တာ ရင်ထဲကိုပေါ့သွားတာပဲတဲ့ အသက်ရှုရတာလည်းချောင်သွားတယ် အရင်အတိုင်းပဲတဲ့ ကျွန်တော်ဝမ်းသာလိုက်တာဘယ်ပြောကောင်းမလည်းဗျာ။
မြန်မာပြည်ကပြည်သူတွေ အသက်ကယ်ဘို့အောက်ဆီဂျင်လိုနေတာ ငါကူညီနိုင်ပြီးဆိုပြီး ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျခဲ့ရပါတယ်။ဒါပေမဲ့ ချက်ချင်းမပြောသေးပဲသုံးရက်အဲဒီအတိုင်းဆက်ရှုကြည့်ပြီးတော့မှ ခုလို အများပြည်သူများအားမျှဝေချင်းဖြစ်ပါတယ်။
အရွက်ကို သန့်ရှင်းရေးလုပ် ရေဆေးရေစစ်ပြီး ချေမွပြီး ပုံမှန်ဖြေးဖြေးချင်းရှုပေးချင်းဖြင့် အသက်ရှုမဝ အောက်ဆီဂျင်လိုနေသောသူများ သက်သာကောင်းမွန်သွားမည်မှာအမှန်ဖြစ်ပါကြောင်း အများပြည်သူတို့အားမျှဝေလိုက်ပါတယ်ခင်ဗျာ။အဲဒီအရွက်ကတော့ လူကြီးမင်းတို့ပါတ်ဝန်ကျင်မှာ အလွယ်တကူရနိုင်တဲ့ ကသစ်ပင်က ကသစ်ရွက်ပဲဖြစ်ပါတယ်ခင်မျာ အညွန့်အရွက်များကို ဟင်ချိုလည်းချက်သောက်လို့ရသလို ပြုတ်တို့လို့လည်းရပါတယ်။
ဟင်းချိုနဲ့ တို့စရာတို့အနေနဲ့ကတော့ ကျွန်တော်အပင်စစိုက်ကတည်းက စားဖြစ်နေတာ ကြာပါပြီ အသက်ရှုမဝ အောက်ဆီဂျင်ကျနေပါတယ် အောက်ဆီဂျင်လိုနေတဲ့သူများ အောက်ဆီဂျင်ကဲ့သို့ အစွမ်းထက်သော ကသစ်ရွက်အား ရှူပေးလို့ရပါကြောင်း ရှူပေးကြပါရန် သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
ကျွန်တော့ရဲ့အိမ်ရှင်မကတော့ ကသစ်ရွက်ကို လက်ထဲကမချရှူပေးနေတဲ့အတွက် အသက်ရှူချောင်လို့သက်သာလာပြီး လေးရက်မြောက်နေ့မှာ အရသာပြန်ရလာပြီး အနည်းငယ်သက်သာလာပြီဖြစ်တဲ့အတွက် မိတ်ဆွေအပေါင်းတိုလည်း လက်တွေ့သုံးကြည့်ပြီး ပြန်လည်မျှဝေပေးကြပါရန် မေတ္တာရပ်ခံပါရစေ….
မှတ်ချက်။ ။ လူနာအောက်ဆီဂျင်ကျချိန်မှာ အရွက်ကိုချေမွရှူခိုင်ပြီး ပုံမှန်ဖြစ်သွားလျှင် အောက်မှာပြထားသောပုံအတိုင်း Mask ထဲသို သစ်ရွက်ကိုချေမွပြီး အပေါက်လေးငါးပေါက်ဖောက်၍ အမြဲတပ်ထားလျှင် နောက်ထပ်အသက်ရှူမဝ မဖြစ်တော့ပဲ ပုံမှန်အတိုင်းနေနိုင်သွားမှာဖြစ်ပါတယ်(အောက်ဆီဂျင်ပေးထားသကဲ့သို့ လူနာသက်သာပြီး ကောင်းသွားမှာဖြစ်ပါတယ်)
မြန်မာပြည်ကြီး ရန်သူမျိုးငါးပါးရန်မှ ကင်းဝေးပါစေ..။