News

ကမ္ဘာ့ရွှေဈေး၊ မြန်မာ့ရွှေဈေးသတင်း

အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးအခြေအနေတွေနဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်း လျှော့ချနိုင်ခြေ အလားအလာတွေကြောင့်

ဒီအပတ် ဈေးကွက်ဖွင့်ရက် တနင်္လာနေ့မှာ ကမ္ဘာ့ရွှေဈေးက အရင်အပတ်တွေက ကျခဲ့သမျှကို ပြန်အဖတ်ဆယ်နိုင်ခဲ့ပါတယ်။

ဒီနေ့ (တနင်္လာ) ဈေးပြန်ဖွင့်ရက်မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၅၀ ဒေါ်လာအထက် ရောက်နေပြီး ရှေ့လအတွက် ကြိုပွိုင့်ဈေးကလည်း ၂၀၅၇ ဒေါ်လာကို မြင့်လာပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

အစ္စရေး – ဟားမတ်စ် စစ်ပွဲသာမက အမေရိကန်နဲ့ ဟူသီသူပုန်တွေကြား တိုက်ခိုက်မှုတွေပါ ဖြစ်ပွားလာလို့ အရှေ့အလယ်ပိုင်းဒေသအရေး မတည်ငြိမ်မှုတွေက ရွှေဈေးကို ဆွဲတင်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။

တချိန်တည်းမှာ ရွှေဈေးကွက်ကို အဓိက တွန်းအားပေးနေတဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း လျှော့နိုင်ခြေ သတင်းကလည်း ကုန်သည်တွေ စောင့်ကြည့်စရာ ဖြစ်နေပါတယ်။

ကမ္ဘာ့ရွှေဈေး အမြင့်ကို ပြန်လှမ်းလာချိန်မှာ မြန်မာပြည်တွင်းရွှေဈေးကလည်း ၁၆ ပဲရည်ရွှေ တစ်ကျပ်သားကို ကျပ် ၃၇၇၀,၀၀၀ အထိ ဆက်တိုက် မြင့်တက်လာတာ တွေ့ရပါတယ်။

ရွှေဈေးဟာ ကျပ် ၃၇ သိန်းဈေးတန်းမှာ ကာလအတော်ကြာ ငြိမ်နေရာက ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်က စပြီး သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ Ref: Investing စာရေးသူ- ငွေကြယ်