News

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာ ချေးငွေ၊ အပ်ငွေ အတိုးနှုန်းတွေ တိုးမြှင့်

စက်တင်ဘာ ၁ ရက်က စတင်ပြီး အပ်ငွေအတိုးနှုန်းတွေကို အမျိုးအစားပေါ် မူတည်ပြီးတော့ အနည်းဆုံး ၈ ရာခိုင်နှုန်းကနေ အများဆုံး ၁၂ ဒသမ ၅ ရာခိုင်နှုန်းအတွင်း တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်က ပြီးခဲ့တဲ့ သြဂုတ်လမျာ ငွေဖောင်းပွမှု လျော့ကျရေးနဲ့ ချေးငွေ ပိုမို ထုတ်ပေးနိုင်ရေးတို့အတွက် အတိုးနှုန်းတွေကို

စက်တင်ဘာလ စတင် တိုးမြှင့်မယ်လို့ ကြေညာခဲ့တဲ့နောက် ဒီနေ့ စက်တင်ဘာ ၁ ရက်မှာ ပြည်တွင်းဘဏ်တွေက အတိုးနှုန်း ပြင်ဆင်ချက်တွေ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်အရ ဘဏ်တွေအနေနဲ့ အပ်ငွေအပေါ် ပေးရမယ့်အတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေအားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းအဖြစ် ပြင်ဆင်လိုက်ပြီး မိမိတို့ အမြတ်ရနိုင်စွမ်းနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုအရ အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းတွေကို ၇ % ကနေ ၁၅ % အတွင်း သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းပုဂ္ဂလိဘဏ်တွေအနေနဲ့ ချေးငွေအမျိုးအစားပေါ် မူတည်ပြီး အတိုးနှုန်းတွေကို ၂ % ဝန်းကျင် တိုးမြှင့် သတ်မှတ်လိုက်တယ်လို့လည်း ဘဏ်တွေဆီက ဝန်ဆောင်မှု ယူထားသူတွေက ပြောပါတယ်။

ဘဏ်တွေရဲ့ ပြောဆိုချက်အရ အတိုးနှုန်းက အများကြီး တက်တာ မဟုတ်ဘဲ တစ်နှစ်တာ ပျမ်းမျှဆိုရင် ပေးနေကျထက် သောင်းဂဏန်းပဲ ပိုမယ်လို့ ဆိုပါတယ်။ အခုလို မီတာခ၊ စက်သုံးဆီဈေး ၊ ကုန်ဈေးနှုန်းတွေ အစစအရာရာ တပြိုင်တည်း တက်လာချိန်မှာ ချေးငွေအပေါ် ပေးရတဲ့အတိုးနှုန်း မြင့်လာတာကိုလည်း ဘဏ်တွေဆီက ချေးငွေယူထားသူတွေက စိတ်ပျက်နေကြပါတယ်။

ဒါပေမဲ့ ပြည်တွင်းဘဏ်တချို့ကတော့ အပ်ငွေအပေါ် ပေးတဲ့အတိုးနှုန်းတွေကိုလည်း ဒီသတင်းမှာ ဖော်ပြတဲ့ ပုံတွေအတိုင်း တိုးမြှင့်ပေးထားတာ တွေ့ရပါတယ်။ (ဘဏ်တစ်ခုချင်းအလိုက် ပုံမှာ ပြထားပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *