✔️နောင်တ အကြီး/ အသေး
Credit:
unicode
မိဘတွေ အသက်ရှိစဉ် တာဝန်ကျေတဲ့ သားသမီးတွေ ဖြစ်ဖို့…(ဖတ်ဖြစ်အောင် ဖတ်ပေးပါ)
” အ သု ဘ ” အခမ်းအနား တွေမှာ လေ မိဘတွေ ဆုံးတာကို တစ်ချို့ သားသမီးတွေ လုံးဝ မငိုပဲ … လုပ်စရာရှိတာ လေးတွေ
သူ့ဘာသူ လုပ်နေတဲ့ သူတွေ မြင်ဖူးလား ??
အဲလိုလူတွေကို အသည်းမာတဲ့သူ လို့ ထင်ကြတယ်နော်တကယ်တော့လေ ကျနော် မြင်ဖူးသမျှ မှာ
အများအားဖြင့် အဲလိုလူတွေက
ဝမ်းမနည်းတတ် တဲ့ သူတွေအသည်းမာ တဲ့ သူတွေ မဟုတ်ဘူးဗျ
တကယ်တော့ သူတို့က တာဝန်ကျေခဲ့ကြတဲ့ သူတွေ … အားလုံးလို့ မဆိုလိုဘူးနော် …
ယေဘုယျ အားဖြင့်အများအား ဖြင့်တော့ ဟုတ်တယ်ဥပမာ – အများအားဖြင့် မိဘအပေါ် အသက်ရှိစဉ်က
✔️တာဝန် မကျေ လိုက်ရတဲ့ သူတို့
✔️အချိန်မပေး နိုင်ခဲ့တဲ့ သူတို့
✔️နာမကျန်း ဖြစ်နေချိန်မှာ ကောင်းကောင်း မစောင့်ရှောက်လိုက်ရတဲ့ သူတို့
✔️သေခါနီးမှာ ကောင်းကောင်း မပြုစုလိုက်ရတဲ့ သူတို့
အစရှိသဖြင့် သားသမီးတာဝန် မကျေလိုက်ကြရတဲ့ သူတွေ က အဖေ/အမေ အသုဘမှာ အရမ်း ချုံးပွဲချ ငို ကြတာ များတယ် အားလုံး ကို ပြောတာ မဟုတ်ဘူးနော် … ဒါပေမဲ့ အများစုတော့ ဟုတ်တယ်
မိဘ အသက်ရှိစဉ်က တာဝန်ကျေခဲ့တဲ့ သားသမီးတွေက အဖေ အမေ အသုဘမှာ မျက်လုံးလေးတွေ ငိုတော့ ငိုထားတယ်
ချုံးပွဲချ ငိုတာ မတွေ့ဖူးဘူး အဲလို မိဘအပေါ် အသက်ရှိထင်ရှားရှိစဉ်က တာဝန်ကျေခဲ့တဲ့ အတွက်ကြောင့်
✔️မိဘတွေ မရှိတော့သည့်တိုင်အောင် သူတို့မှာ..မိဘနဲ့ ပတ်သတ်ပြီးတော့ ရစရာ နောင်တတွေ / ငိုကြွေးစရာ ဝမ်းနည်းစရာ / ပူဆွေးစရာတွေက အခြား သားသမီးတွေထက် စာရင် နည်းတယ်
ချုံးပွဲချ ငိုတဲ့ သားသမီးတွေ ကော ချုံးပွဲချ မငိုတဲ့ သားသမီးတွေ ကော မိဘတွေ ကို သေချာပေါက် တကယ် ချစ်ကြမှာပါပဲ
အသက်ရှိစဉ်က တာဝန်ကျေခဲ့/ မကျေခဲ့တဲ့ အပေါ်မှာ မူတည်ပြီး
✔️နောင်တ အကြီး/ အသေး
✔️ဝမ်းနည်းမှု အကြီး/အသေး
✔️ပူဆွေးမှု အကြီး/အသေး ဘဲကွာသွားတာပါ
တစ်ချို့လူတွေကို အဖေ အမေ သေတာတောင် အတောင့်စားကြီးလို့ မြင်ကြပေမဲ့ ကျနော်က တော့ အဲလို မမြင်ဘူး
သူတို့က အသည်းမာတာ မဟုတ်ဘူး ဝမ်းမနည်းတတ်တာ မဟုတ်ဘူး မိဘ အပေါ် တာဝန်ကျေ ခဲ့လို့အခြား သားသမီး တွေထက် ပိုပြီး သောကငြိမ်းနေတာ
မိဘ တွေ အသက်ရှိတုန်း တာဝန်ကျေအောင် ကျေးဇူးဆပ်ကြမလား..သေမှ ချုံးပွဲချ ငိုမလားဆိုတာတော့ ကိုယ့်ရွေးချယ် မှုနဲ့ ကိုယ်ပါပဲ …
ယေဘုယျ လူ့သက်တမ်း ၇၀ နှစ် ဆို ခင်ဗျားတို့ အဖေအမေ တွေ လက်ရှိရောက်နေတဲ့ အသက်တွေနဲ့ဆို ဒီလောကထဲ ဘယ်နှနှစ် အသက်ရှင်နိုင်ကြဦးမလဲ တွက်ကြည်ဖူးလား ???
မတွက်ကြည့်ဖူးရင် ခုပဲ တွက်ကြည့်လိုက် မှီသေးတယ်။
သေမှ မငိုပဲ မသေခင် အသက်ရှိစဉ်တာဝန်ကျေခဲ့ ကြတဲ့ သားသမီးတွေ ဖြစ်ကြပါစေ။ 🙏🙏🙏
Credit: