“ကြၽန္ေတာ္ ရွက္ခဲ့မိတဲ့ အေမရဲ႕ ဖိနပ္ စုတ္ေလးတစ္ရံ”
ဆယ္တန္း ေက်ာင္းသား ဘဝ အေဆာင္ စာက်က္ခန္းမွာ စာက်က္ေနတဲ့ ကြၽန္ေနာ္ ဆရာမအသံေၾကာင့္ ဧည့္ခန္းဘက္ကိုထြက္လာခဲ့ တယ္။ ဧည့္ခန္း ဖိနပ္ခြၽတ္မွာေတာ့ အျမႇီးပ်က္ၿပီး စုပ္ျပတ္ေနတဲ့ ဖိနပ္တရံ ေၾကာင့္ ကြၽန္ေနာ္ႏွာေခါင္းရႈံ႕လိုက္မိတယ္။
ဧည့္ခန္းထဲဝင္မိေတာ့ ကုလားထိုင္မွာထိုင္ၿပီး ကြမ္းေသြးေတြရဲ ဆံပင္ေရာေထြးေထြးနဲ႔ သြားေတြေပၚေအာင္ ၿပဳံးေနတဲ့ အေမ အဝတ္အစား ကလဲ ဖ႐ိုဖရဲျဖစ္ လို႔ေနတယ္။
`သား´အေမ သားအတြက္ င႐ုပ္သီးေၾကာ္ရယ္ ေျမပဲေၾကာ္ရယ္ မုန႔္ဖိုး ရယ္လာ ပို႔တာေလ အေမက ေျပာေျပာဆိုဆို င႐ုပ္သီးေၾကာ္ပုလင္း ေျမပဲေၾကာ္ပုလင္း မုန႔္ဖိုးေငြတခ်ိဳ႕ထုပ္ေပးရင္း ကြၽန္ေတာ္ကို ၿပဳံးၿပဳံးေလး ေမာ္ၾကည့္ေနတယ္။
အေမရယ္ လူႀကဳံနဲ႔ေပးလိုက္ေရာေပါ့ လာရင္လဲ အဝတ္အစားသပ္သပ္ရပ္ရပ္နဲ႔ လာေပါ့ . . . အခုဟာက စုပ္ျပက္ေန တာဘဲ အေမ့ ဖိနပ္ကလဲ အျမႇီးပ်က္ စုပ္ျပက္ ေနတာဘဲ အျခားသူငယ္ ခ်င္းေတြ ေတြ႕ရင္ သားသိကၡာ က်မွာေပါ့လို႔ စိတ္စိုးစိုး နဲ႔ေျပာလိုက္တယ္။
အင္းပါသားရယ္ မတၱရာမွာ အသီးအႏွံပို႔ရင္း သားကိုမေတြ႕တာၾကာလို႔ အေမ ေတြ႕ခ်င္လြန္းလို႔ မႏၲေလး ဆင္းလာတာ ပါကြယ္ ေနာက္လာ ရင္ အေမ သပ္သပ္ရပ္ရပ္ လာခဲ့ပါ့မယ္။ အေမ ျပန္မယ္ ေနာ္သား က်န္းမာေရးဂ႐ုစိုက္အုံး… ေခါင္းငိုက္စိုက္နဲ႔ျပန္သြားတဲ့အေမ ကို ၾကည့္ရင္း စိတ္ထဲတမ်ိဳးျဖစ္မိသြားသည္။
ဒီေနာက္ပိုင္း အေမ ေပၚမလာေတာ့ပါ က်ေနာ္တို႔ေနတာ မတၱရာ ၿမိဳ႕နယ္ ေက်ာက္တံတာ႐ြာမွ (၁၀)မိုင္ေလာက္ဝင္ရတဲ့ ႐ြာေလးတ႐ြာမွာ အသီးအႏွံေတြ စိုက္စားတဲ့မိသားစုေလးေပါ့.. အမႏွစ္ေယာက္ရွိေပမဲ့ ႐ြာမူလတန္းေက်ာင္းေလးမွာ (၄) တန္းအထိ ပညာသင္ခဲ့ရတာ
အငယ္ဆုံးသား က်ေနာ္ကေတာ့ အလယ္တန္းကို မတၱရာမွာထား (၉)တန္းေအာင္ (၁၀)တန္းေရာက္ေတာ့ အေမ က ပညာတက္ေစခ်င္သည့္အတြက္ အေဖ တားသည့္ၾကားက မႏၲေလး ကေဘာ္ဒါတခုမွာ ေက်ာင္းအိပ္ေက်ာင္းစား ပို႔ကာ ေက်ာင္းထားေပးသည္၊
က်ေနာ္တို႔ (၁၀)တန္းစာေမးပြဲးနီးလာၿပီ အေမ က မႏၲေလးမလာေတာ့ မႀကီး တလည့္ မေလး တလည့္သာလာသည္။ အေဖကိုေမးေတာ့ အေဖ က သား အေမ ေဈးအလုပ္ေတြ႕ မအား လို႔မလာတာတဲ့။ အမေတြမ်က္ႏွာမေကာင္း ဘာလို႔လဲ ေမးေတာ့ခရီးပန္းလို႔ပါတဲ့။
(၁၀)တန္းေတြစာေမးပြဲၿပီးေတာ့ မႀကီးလာႀကိဳတယ္ ႐ြာအဝင္လမ္းမႀကီးေဘး ေျပးလြားရင္ အိမ္ဝင္းထဲသို႔ ေရာက္ေတာ့ အေဖ အေမ သားျပန္လာၿပီေလ စာေမးပြဲလဲေျဖႏိုင္တယ္ လို႔ေျပာၿပီးေျပးဝင္လာေတာ့ အေဖ က`သား´လို႔ေအာ္ရင္ ေျပးဖက္ငိုပါေလေရာ မႀကီးနဲ႔ မေလး လည္း ဝိုင္းဖက္ ငိုၾကတယ္ေလ။
အာ့ၾကမွ အေဖ အေမ ေရာဟင္… သား မင္းအေမ ႏွလုံးေရာဂါေၾကာင့္ ဆုံးတာ (၃)လေလာက္ရွိၿပီကြဲ႕.`ဗ်ာ´အဲ့တာ ဘာလို႔ မေျပာတာလဲအေမ နင့္ အေမ မေသခင္ ကမေျပာရဘူးတဲ့ ငါ့သားစာေမးပြဲအတြက္ စိတ္အေႏွာင့္ အယွက္ျဖစ္မယ္ဆိုလို႔ အေဖတို႔ မေျပာခဲ့တာပါ။
သားေဘာ္ဒါေၾကးအတြက္ မတၱရာကသီးႏွံပြဲ႐ုံက ေငြေတြထုတ္ထားတာ ျပန္ဆပ္ေနရေတာ့ မိသားစုစားဖို႔ သား အေမ ေန႔ေရာညပါ ေဈးေရာင္းေဈးဝယ္ လုပ္ရတယ္ေလ။ သားပညာေရးအတြက္ သူ႔မွာအဝတ္အစားေတာင္ မဝယ္ႏိုင္ဘူး အစုပ္နဲ႔ မိန္းမနဲ႔သမီးအပ်ိဳ (၂) ေယာက္ အတြက္ ဦးစားေပးရေသးတယ္ေလဟိုမွာနင္ အေမ စီးခဲ့တဲ့ဖိနပ္ေလး ၾကည့္ပါဦးသားရယ္ ။
ေရာဂါရွိမွန္း သိတဲ့အခ်ိန္ ေနာက္က်သြားၿပီးေလ။ အေဖ တို႔ကို သားေမ ေနာက္ဆုံး ထြက္သက္ေလးမွာ မွာသြားေသးတယ္ တကယ္လို႔ သူေသ သြားရင္ သားကို စာေမးပြဲၿပီးမွေျပာပါတဲ့ ၿပီးေတာ့ သားကိုဘြဲ႕ရေအာင္ထားပါလို႔ မွာသြားေသးတယ္ သားရယ္ ဆိုၿပီး အေဖ နဲ႔ အမေတြ ငိုၾကပါေတာ့တယ္။
ကြၽန္ေနာ္ မ်က္ရည္ေတြ က်ရင္း ေနာင္တ ေတြနဲ႔ ေခါင္းရင္း မွာ ေထာင္ထားတဲ့ ”အေမ့ ဖိနပ္စုပ္ေလး” ရင္မွာပိုက္ရင္း အားရပါးရေအာ္လိုက္မိပါတယ္ . . . `အေမ.
Credit
unicode
“ကျွန်တော် ရှက်ခဲ့မိတဲ့ အမေရဲ့ ဖိနပ် စုတ်လေးတစ်ရံ”
ဆယ်တန်း ကျောင်းသား ဘဝ အဆောင် စာကျက်ခန်းမှာ စာကျက်နေတဲ့ ကျွန်နော် ဆရာမအသံကြောင့် ဧည့်ခန်းဘက်ကိုထွက်လာခဲ့ တယ်။ ဧည့်ခန်း ဖိနပ်ချွတ်မှာတော့ အမြှီးပျက်ပြီး စုပ်ပြတ်နေတဲ့ ဖိနပ်တရံ ကြောင့် ကျွန်နော်နှာခေါင်းရှုံ့လိုက်မိတယ်။
ဧည့်ခန်းထဲဝင်မိတော့ ကုလားထိုင်မှာထိုင်ပြီး ကွမ်းသွေးတွေရဲ ဆံပင်ရောထွေးထွေးနဲ့ သွားတွေပေါ်အောင် ပြုံးနေတဲ့ အမေ အဝတ်အစား ကလဲ ဖရိုဖရဲဖြစ် လို့နေတယ်။
`သား´အမေ သားအတွက် ငရုပ်သီးကြော်ရယ် မြေပဲကြော်ရယ် မုန့်ဖိုး ရယ်လာ ပို့တာလေ အမေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေတချို့ထုပ်ပေးရင်း ကျွန်တော်ကို ပြုံးပြုံးလေး မော်ကြည့်နေတယ်။
အမေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လဲ အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ လာပေါ့ အခုဟာက စုပ်ပြက်နေ တာဘဲ အမေ့ ဖိနပ်ကလဲ အမြှီးပျက် စုပ်ပြက် နေတာဘဲ အခြားသူငယ် ချင်းတွေ တွေ့ရင် သားသိက္ခာ ကျမှာပေါ့လို့ စိတ်စိုးစိုး နဲ့ပြောလိုက်တယ်။
အင်းပါသားရယ် မတ္တရာမှာ အသီးအနှံပို့ရင်း သားကိုမတွေ့တာကြာလို့ အမေ တွေ့ချင်လွန်းလို့ မန္တလေး ဆင်းလာတာ ပါကွယ် နောက်လာ ရင် အမေ သပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ်။ အမေ ပြန်မယ် နော်သား ကျန်းမာရေးဂရုစိုက်အုံး… ခေါင်းငိုက်စိုက်နဲ့ပြန်သွားတဲ့အမေ ကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်မိသွားသည်။
ဒီနောက်ပိုင်း အမေ ပေါ်မလာတော့ပါ ကျနော်တို့နေတာ မတ္တရာ မြို့နယ် ကျောက်တံတာရွာမှ (၁၀)မိုင်လောက်ဝင်ရတဲ့ ရွာလေးတရွာမှာ အသီးအနှံတွေ စိုက်စားတဲ့မိသားစုလေးပေါ့.. အမနှစ်ယောက်ရှိပေမဲ့ ရွာမူလတန်းကျောင်းလေးမှာ (၄) တန်းအထိ ပညာသင်ခဲ့ရတာ
အငယ်ဆုံးသား ကျနော်ကတော့.. အလယ်တန်းကို မတ္တရာမှာထား (၉)တန်းအောင် (၁၀)တန်းရောက်တော့ အမေ က ပညာတက်စေချင်သည့်အတွက် အဖေ တားသည့်ကြားက မန္တလေး ကဘော်ဒါတခုမှာ ကျောင်းအိပ်ကျောင်းစား ပို့ကာ ကျောင်းထားပေးသည်၊
ကျနော်တို့ (၁၀)တန်းစာမေးပွဲးနီးလာပြီ အမေ က မန္တလေးမလာတော့ မကြီး တလည့် မလေး တလည့်သာလာသည်။ အဖေကိုမေးတော့ အဖေ က သား အမေ ဈေးအလုပ်တွေ့ မအား လို့မလာတာတဲ့။ အမတွေမျက်နှာမကောင်း ဘာလို့လဲ မေးတော့ခရီးပန်းလို့ပါတဲ့။
(၁၀)တန်းတွေစာမေးပွဲပြီးတော့ မကြီးလာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွားရင် အိမ်ဝင်းထဲသို့ ရောက်တော့ အဖေ အမေ သားပြန်လာပြီလေ စာမေးပွဲလဲဖြေနိုင်တယ် လို့ပြောပြီးပြေးဝင်လာတော့ အဖေ က`သား´လို့အော်ရင် ပြေးဖက်ငိုပါလေရော မကြီးနဲ့ မလေး လည်း ဝိုင်းဖက် ငိုကြတယ်လေ။
အာ့ကြမှ အဖေ အမေ ရောဟင်… သား မင်းအမေ နှလုံးရောဂါကြောင့် ဆုံးတာ (၃)လလောက်ရှိပြီကွဲ့.`ဗျာ´အဲ့တာ ဘာလို့ မပြောတာလဲအမေ နင့် အမေ မသေခင် ကမပြောရဘူးတဲ့ ငါ့သားစာမေးပွဲအတွက် စိတ်အနှောင့် အယှက်ဖြစ်မယ်ဆိုလို့ အဖေတို့ မပြောခဲ့တာပါ။
သားဘော်ဒါကြေးအတွက် မတ္တရာကသီးနှံပွဲရုံက ငွေတွေထုတ်ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ သား အမေ နေ့ရောညပါ ဈေးရောင်းဈေးဝယ် လုပ်ရတယ်လေ။ သားပညာရေးအတွက် သူ့မှာအဝတ်အစားတောင် မဝယ်နိုင်ဘူး အစုပ်နဲ့ မိန်းမနဲ့သမီးအပျို (၂) ယောက် အတွက် ဦးစားပေးရသေးတယ်လေဟိုမှာနင် အမေ စီးခဲ့တဲ့ဖိနပ်လေး ကြည့်ပါဦးသားရယ် ။
ရောဂါရှိမှန်း သိတဲ့အချိန် နောက်ကျသွားပြီးလေ။ အဖေ တို့ကို သားမေ နောက်ဆုံး ထွက်သက်လေးမှာ မှာသွားသေးတယ် တကယ်လို့ သူသေ သွားရင် သားကို စာမေးပွဲပြီးမှပြောပါတဲ့ ပြီးတော့ သားကိုဘွဲ့ရအောင်ထားပါလို့ မှာသွားသေးတယ် သားရယ် ဆိုပြီး အဖေ နဲ့ အမတွေ ငိုကြပါတော့တယ်။
ကျွန်နော် မျက်ရည်တွေ ကျရင်း နောင်တ တွေနဲ့ ခေါင်းရင်း မှာ ထောင်ထားတဲ့ ”အမေ့ ဖိနပ်စုပ်လေး” ရင်မှာပိုက်ရင်း အားရပါးရအော်လိုက်မိပါတယ် . . . `အမေ.
Credit