အေထြအေထြဗဟုသုတ

အဓိပၸာယ္ရွိတဲ့ ဘဝကိုတည္ေဆာက္ဖို႔အတြက္…

ကိုယ့္အတြက္ အေရးပါတဲ့ အဓိပၸာယ္ကို ရွာေဖြဖို႔အတြက္ေတာ့ ဒီထက္ပိုၿပီး ေလးေလးနက္နက္တူးဆြၿပီး ပိုတိက်၊ အေသးစိတ္တဲ့ ေမးခြန္းေတြနဲ႔ ကိုယ့္ကိုကိုယ္ျပန္ေမးရင္းနဲ႔ ဘဝ ကို အဓိပၸာယ္ ရွိရွိ ဘယ္လို ေနထိုင္ၾကမလဲ ဆိုတာေလးကို ေျပာျပေပးလိုက္ပါတယ္ေနာ္။

၁။ အာ႐ုံစူးစိုက္မႈ ရွိပါ

ရည္မွန္းခ်က္ ပန္းတိုင္ သုံး၊ ေလးခုကို လိုက္စားေနၿပီး တိုးတက္မႈက အရမ္းနည္းေနတာ ထက္ တစ္ခုတည္းမွာ အားစိုက္ႀကိဳးစားပါ။ အာ႐ုံစူးစိုက္ပါ။ လုပ္စရာတာဝန္ ေတြ အမ်ားႀကီးကို ခုန္ကူးဖို႔ ႀကိဳးစားရင္း ရလာမယ့္ စိတ္ဖိစီးမႈေတြကို ေရွာင္လႊဲႏိုင္႐ုံတင္ မကဘဲ အရင္ကထက္ အမ်ားႀကီး ေအာင္ျမင္မႈ ပိုရလာပါလိမ့္မယ္။

၂။ ကိုယ့္ကိုယ္ကို သိေအာင္လုပ္ပါ

ကိုယ့္ကိုယ္ကို နဲ႔ ကိုယ့္လုပ္ရပ္ေတြကို သိရွိေအာင္ လုပ္ပါ။ သင္မၾကာခဏ ဘာေတြလုပ္တတ္လဲ ဆိုတာ အၿမဲသတိထားၿပီး သင့္ရဲ႕စည္းမ်ဥ္း၊ သင့္ဘဝ ရဲ႕ ရည္မွန္းခ်က္၊နဲ႔ သင္စိတ္ဝင္စား ႐ူးသြပ္တဲ့အရာ တို႔ နဲ႔ တြက္ညႇိၿပီး ဒါေတြနဲ႔ အညီ သင္ေနထိုင္ေနျခင္း ရွိမရွိ ေသခ်ာေအာင္ လုပ္ပါ။

၃။ အရာဝတၳဳပစၥည္း ေတြထက္ လူေတြကို ပိုအေလးထားပါ

ကိုယ့္အတြက္ ေငြသုံးမယ္၊ ပစၥည္းေတြ ဝယ္မယ္ ဆိုတဲ့အခါတိုင္း ေသခ်ာစဥ္းစားၿပီးမွ ဝယ္ပါ။ ကိုယ္ဘာကို ဝယ္လိုက္တယ္ ဆိုတာကို ေသခ်ာစဥ္းစား ဆုံးျဖတ္သင့္သလို သူငယ္ခ်င္းမိတ္ေဆြေတြ နဲ႔ မိသားစုေတြ နဲ႔အတူ ေငြသုံးလိုက္ရတဲ့ အေတြ႕အႀကဳံမ်ိဳးေတြ အေၾကာင္းကို ပိုစဥ္းစားပါ။

ဥစၥာပစၥည္းႂကြယ္ဝမႈထက္ သံေယာဇဥ္ကို ပို အေလးအနက္ ထားျခင္း ေၾကာင့္ ေနာက္ဆုံးမွာ သင္ဟာ အေပ်ာ္႐ႊင္ရဆုံးသူ တစ္ေယာက္ ျဖစ္လာပါလိမ့္မယ္ေနာ္။

Ref;KNOWLEDGE TEAM

ကိုယ့်အတွက် အရေးပါတဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့အတွက်တော့ ဒီထက်ပိုပြီး လေးလေးနက်နက်တူးဆွပြီး ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးရင်းနဲ့ ဘဝ ကို အဓိပ္ပာယ် ရှိရှိ ဘယ်လို နေထိုင်ကြမလဲ ဆိုတာလေးကို ပြောပြပေးလိုက်ပါတယ်နော်။

၁။ အာရုံစူးစိုက်မှု ရှိပါ

ရည်မှန်းချက် ပန်းတိုင် သုံး၊ လေးခုကို လိုက်စားနေပြီး တိုးတက်မှုက အရမ်းနည်းနေတာ ထက် တစ်ခုတည်းမှာ အားစိုက်ကြိုးစားပါ။ အာရုံစူးစိုက်ပါ။ လုပ်စရာတာဝန် တွေ အများကြီးကို ခုန်ကူးဖို့ ကြိုးစားရင်း ရလာမယ့် စိတ်ဖိစီးမှုတွေကို ရှောင်လွှဲနိုင်ရုံတင် မကဘဲ အရင်ကထက် အများကြီး အောင်မြင်မှု ပိုရလာပါလိမ့်မယ်။

၂။ ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ

ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်လုပ်ရပ်တွေကို သိရှိအောင် လုပ်ပါ။ သင်မကြာခဏ ဘာတွေလုပ်တတ်လဲ ဆိုတာ အမြဲသတိထားပြီး သင့်ရဲ့စည်းမျဉ်း၊ သင့်ဘဝ ရဲ့ ရည်မှန်းချက်၊နဲ့ သင်စိတ်ဝင်စား ရူးသွပ်တဲ့အရာ တို့ နဲ့ တွက်ညှိပြီး ဒါတွေနဲ့ အညီ သင်နေထိုင်နေခြင်း ရှိမရှိ သေချာအောင် လုပ်ပါ။

၃။ အရာဝတ္ထုပစ္စည်း တွေထက် လူတွေကို ပိုအလေးထားပါ

ကိုယ့်အတွက် ငွေသုံးမယ်၊ ပစ္စည်းတွေ ဝယ်မယ် ဆိုတဲ့အခါတိုင်း သေချာစဉ်းစားပြီးမှ ဝယ်ပါ။ ကိုယ်ဘာကို ဝယ်လိုက်တယ် ဆိုတာကို သေချာစဉ်းစား ဆုံးဖြတ်သင့်သလို သူငယ်ချင်းမိတ်ဆွေတွေ နဲ့ မိသားစုတွေ နဲ့အတူ ငွေသုံးလိုက်ရတဲ့ အတွေ့အကြုံမျိုးတွေ အကြောင်းကို ပိုစဉ်းစားပါ။

ဥစ္စာပစ္စည်းကြွယ်ဝမှုထက် သံယောဇဉ်ကို ပို အလေးအနက် ထားခြင်း ကြောင့် နောက်ဆုံးမှာ သင်ဟာ အပျော်ရွှင်ရဆုံးသူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်နော်။

Ref;KNOWLEDGE TEAM