cele

ကျန်ရစ်ခဲ့တဲ့မိသားစုဆီက Hot Pot ဖိုး ပိုက်ဆံ (၃) သိန်းနဲ့ဖုန်းကို ရေမွန်ရဲ့မိသားစုဆီက ပြန်တောင်းတယ်ဆိုတဲ့ကိစ္စကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ရေမွန်ရဲ့ကောင်မလေး ကေ

ကျန်ရစ်ခဲ့တဲ့မိသားစုဆီက Hot Pot ဖိုး ပိုက်ဆံ (၃) သိန်းနဲ့ဖုန်းကို ရေမွန်ရဲ့မိသားစုဆီက ပြန်တောင်းတယ်ဆိုတဲ့ကိစ္စကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ရေမွန်ရဲ့ကောင်မလေး ကေ

ချစ်လှစွာသောပရိတ်သတ်ကြီးရေ အဆိုတော် ရေမွန်ဟာ ဇွန် (၂၃) ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ရေမွန်ရဲ့ နောက်ဆုံးခရီးလေးကိုတောင်လိုက်မပို့ပေးနိုင်တဲ့ ရေမွန်ရဲ့ချစ်သူကောင်မလေးဟာဆိုရင် ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်။

ဒါ့အပြင်လည်း ချစ်သူရေမွန်ရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုဆီမှHot Pot ဖိုးပိုက်ဆံ (၃)သိန်းနဲ့ဖုန်းပြန်တောင်းတဲ့ကိစ္စဟာ အွန်လိုင်းပေါ်မှာသတင်းထွက်ပျံ့နှံ့နေခဲ့ပါတယ် ပရိတ်သတ်ကြီးရေ..။ အဲ့ဒီလိုသတင်းတွေထွက်ပေါ်နေတဲ့အတွက် ရေမွန်ကိုချစ်တဲ့အမာခံပရိတ်သတ်တွေကလည်း တော်တော်လေးကိုမခံမရပ်နိုင်ဖြစ်ပြီး ပေါက်ကွဲနေကြတာကို လည်းတွေ့မြင်ရပါသေးတယ်။ အဲ့လိုသတင်းတွေထွက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရေမွန်ရဲ့ချစ်သူ ကောင်မလေး “ကေ” က အခုလိုပဲပြန်လည်ပြောပြလာခဲ့တာ ပဲဖြစ်ပါတယ်..။

ကေက ” ကေ့ပိုက်ဆံလည်းမဟုတ်ပါဘူး အဲ့ ၃သိန်းကကေလည်း မတောင်းမိပါဘူးတကယ့် လူရင်းတွေပါ ကေ့ ပေါ် အထင်လွဲ တာ သိရတော့ တကယ်စိတ်မကောင်းဘူးသိချင်ရင် လာမေးလို့ရပါတယ်… အသံဖိုင်လည်း ရှိပါတယ် ဖုန်းတောင်းတယ်ဆိုတာလည်း သူ့ညီမလေးဆီက ၁ရက်ပဲတောင်းတာပါ နှစ်ယောက်ဓါတ်ပုံနဲ့ video လေး တွေကူးချင်လို့ပါ.ရက်တောင်မလည်သေးဘူး ဒါမျိုးတွေ တောက်လျောက်ဖြစ်နေတဲ့ အတွက် တကယ်စိတ်မကောင်းပါဘူး အခု ဒီကိစ္စမှာ အထင်လွဲသွားရင် အန်တီရော ညီမလေးရော band က သူတွေကော အကုန်လုံးကို ကေ အားနာပါတယ်… ” ဟုဆိုပြီးသူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်။

အမှန်တရားတစ်ခုဟာဘာလည်းဆိုတာတော့ ကာယကံရှင်တွေမှလွဲပြီးဘယ်သူမှမသိနိုင်ပါဘူး။ဖတ်ရှုပေးကြတဲ့ပရိတ် သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
crd-

zawgyi






crd-