ကြက်ဥဆိုတာ အာဟာရဓါတ်တွေ ပြည့်ဝနေတဲ့ အစားအစာ တစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ ကြက်ဥစားပြီးရင် ကြက်ဥအခွံတွေကို လွှင့်ပြစ်လိုက်ကြပါလိမ့်မယ်။
ဒီအချက်လေးတွေကို ဖတ်ကြည့်ပြီးရင်တော့ ကြက်ဥခွံတွေ လွှင့်ပစ်ခဲ့တာ ငါတော်တော်မိုက်မဲပါလား ဆိုတဲ့ အတွေးမျိုးတွေးမိမှာ အမှန်ပါဘဲ။ ဒါကြောင့်မို့ အသုံးဝင်တဲ့ကြက်ဥအခွံတွေကို ဘယ်လိုအသုံးချကြမလဲ ဆိုတာ ဖတ်ကြည့်ရအောင်။
(၁) ခရမ်းချဉ်ပင်တွေကို သန်စွမ်းစေတယ်
ဟုတ်ပါတယ်။ ခရမ်းချဉ်ပင်တွေကို ကြက်ဥခွံတွေက အကျိုးပြုပါတယ်။ကြက်ဥခွံတွေကို ခြေမွပြီးတော့ ခရမ်းချဉ်ပင်ရဲ့ အမြစ်အနီးတွင်းတူးပြီး ထည့်လိုက်ရပါမယ်။ကြက်ဥခွံဟာ ကယ်ဆီယမ် ကြွယ်ဝတဲ့အတွက် ခရမ်းချဉ်သီးပင်တွေ လိုအပ်တဲ့ ကယ်ဆီယမ်ဓါတ်ကို ပေါပေါများများရရှိစေမှာဖြစ်ပါတယ်။
(၂) သန့်ရှင်းရေးမှာ အသုံးပြုနိုင်ပါတယ်
ကြက်ဥခွံကို အော်ဂဲနစ် သန့်ရှင်းရေးသမားလို့ ခေါ် ကြပါတယ်။ ကြက်ဥခွံဟာ မီးဖိုချောင်ထဲမှာရှိနေတဲ့ ကြေးညှော်တွေ၊ မှိုင်း တွေ၊ အိုးမဲတွေနဲ့ ဆီအညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ပြုလုပ်နည်းကတော့ ကြက်ဥခွံကို အခြောက်လှန်းပြီး အမှုန့်ဖြစ်အောင် ကြိတ်ရပါမယ်။
ပြီးရင်တော့ မုန့်ဖတ်ဆိုဒါနဲ့ 1:3 ရောနှော ပေးရမှာဖြစ်ပါတယ်။ဥပမာ ကြက်ဥခွံမှုန့် ၁ဇွန်းဆိုရင် မုန့်ဖုတ်ဆိုဒါ ၃ ဇွန်းပါ။ရောစပ်ပြီးတဲ့ အခါ ရေအနည်းငယ်ထည့်လိုက်ရင် သွားတိုက်ဆေးလို ဖြစ်လာမှာပါ။ ပြီးရင်တော့ ဒယ်အိုးတွေ၊ ခုံတွေပေါ်က အညစ်အကြေးတွေအပေါ် အစက်ချပြီးတော့ အဝတ်စနဲ့ ပွတ်တိုက်ပေးလိုက်တာနဲ့ သန့်စင်သွားမှာပါ။
(၃) ဘေစင်တွေနဲ့ ပိုက်တွေ ဆေးကြောနိုင်တယ်
အထက်ဖော်ပြပါ အမှုန့်ကို ဘေစင်တွေမှာ ပန်းကန်ဆေးပြီး၊ အသားငါးတွေ ဆေးကြောပြီးတဲ့အချိန်မှာ အမှုန့် တစ်ဇွန်းကို ရေဆင်းပေါက်ထဲ လောင်းချလိုက်ပါ။ပြီးရင် အချိန်ခဏစောင့်ပြီးမှ ရေဖွင့်ချလိုက်ပါ။ ဒါဆို ဘေစင်နဲ့ ပိုက်ထဲက အကြွင်းအကျန်တွေကို ဆေးကြောတိုက်စားသလိုဖြစ်ပြီးတော့ သန့်စင်သွားပါလိမ့်မယ်။
(၄) ကော်ဖီအရသာကို မြှင့်တင်နိုင်တယ်
အရင်ဆုံးကြက်ဥခွံတွေကို သန့်ရှင်းအောင်လုပ်ရပါမယ်။ အခွံထဲမှာ အမြှေးပါးလေးတွေရှိရင် ဖယ်ထုတ်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥအခွံကို အခြောက်ခံရပါမယ်။ပြီးတော့ အမှုန့်ကြိတ်ပြီး ကော်ဖီဖျော်စက်ထဲကို ကော်ဖီမှုန့်နဲ့အတူ အနည်းငယ်ထည့်ပေးရမှာပါ။
တကယ်လို့ စက်နဲ့ မဖျော်ဘူးဆိုရင် ကော်ဖီစစ်ထဲထည့်ပြီး ကော်ဖီနှပ်ပြီးတဲ့အခါ ပြန်ဆယ်ယူလိုက်ပါ။ကြက်ဥခွံမှာ ကယ်ဆီယမ်ပါဝင်ပြီး အယ်ကာလီဆန်တာကြောင့် ကော်ဖီထဲမှာပါတဲ့ အချို့အက်စစ်ဓါတ်တွေကို ဖျက်ပေးပြီး ကော်ဖီရဲ့ အရသာကို ပြောင်းလဲသွားစေပါတယ်။ပိုပြီးတော့ ပြင်းရှတဲ့ ကော်ဖီရနံ့နဲ့ အရသာကိုခံစားရမှာပါ။
(၅) ပုလင်းတွေကို တိုက်ချွတ်ဆေး ကြောနိုင်တယ်
တစ်ခါတစ်လေပုလင်းတွေကို ရှည်လျားပြီး တိုက်ချွတ် ရခက်ပါတယ်။ ပုလင်းတိုက်တဲ့အတံတွေကလဲ သိပ်ပြီး အသုံးမဝင်လှပါဘူး။ဒါဆိုရင်တော့ မပူပါနဲ့ ကြက်ဥအခွံကို ချိုးချေပြီး ပုလင်းထဲထည့်။ ပြီးရင် ဆပ်ပြာရည်ကို လောင်းထည့်ပြီး လှုပ်ခါပေးရင် ပုလင်းဖင်၊ အောက်ခြေမှာရှိတဲ့ အညစ်အကြေးတွေကို ပွတ်တိုက်သန့်စင်ပေး ပါတယ်။
(၆) မျိုးစေ့ကနေ အပင်ဖေါက်နိုင်တယ်
တကယ်လို့ မျိုးစေ့တွေကို အပင်ဖေါက်ချင်တယ်ဆိုရင်တော့ ကြက်ဥခွံကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံအခြမ်းထဲကို မြေဆွေးထည့်ပြီး အပင်ကို ပျိုးထားနိုင်ပါတယ်။ကြက်ဥခွံမှာ ကယ်ဆီယမ်နဲ့ ဆီဒီယမ် အနည်းငယ် ပါဝင်တာကြောင့် အပင်တွေကို အားဖြည့်နိုင်သလို
အပင်ကို ရွှေ့ပြောင်းစိုက်တော့မယ်ဆိုလဲ ကြက်ဥခွံကနေ ကိုင်ပြီး ဒီတိုင်းမြေကြီးထဲထည့်လိုက်ရုံပါပဲ။ဘာလို့လဲဆိုတော့ကြက်ဥခွံဟာ အလွယ်တကူခြေဖျက်နိုင်တဲ့အပြင် အနီးအနားက မြေဆီလွှာကို ကယ်ဆီယမ် ဓါတ်ပေးတာမို့လို့ အကျိုးပြုတဲ့ နည်းလမ်းလေးပါ။
(၇) ပိုမွှားတွေကို နှိမ်နင်းနိုင်တယ်
ပိုးကောင်တွေ၊ ခရုတွေ၊ ကျိုင်းကောင်တွေ မိမိ စိုက်ခင်းထဲရောက်လာပါကလဲ ကြက်ဥခွံတွေနဲ့ နှိမ်နင်းနိုင်ပါသေးတယ်။ကြက်ဥခွံတွေ ကို အမှုန့်ကြိတ်ပြီး အပင်တွေ၊ အရွက်တွေနဲ့ ပိုးကောင်ရှိတဲ့နေရာတွေ၊ အပင်အမြစ်တွေကိုမှာ ပုံထားပေးလိုက်ရင် ပိုးမွှားတွေ နှိမ်နင်းနိုင်တယ်လို့ ဆိုပါတယ်။
(၈) ကြောင်တွေ ခွေးတွေ ရန်ကနေ ကာကွယ်နိုင်တယ်
တစ်ခါတစ်ရံသင်မမွေးထားရင်တောင် အိမ်နား ဝန်းကျင်က ကြောင်တွေ၊ ခွေးတွေက သင့်ခြံထဲကိုလာပြီး ဝင်ရှုပ်တတ်ကြပါလိမ့်မယ်။ အညစ်အကြေးစွန့်တာ ဒါမှမဟုတ် လာပြီးတူးဆွတာမျိုးတွေပါ။
ဒါတွေကို ကာကွယ်ဖို့အတွက် ကြက်ဥခွံတွေကို မကြေတကျေ ချေပြီး အိမ်ခြံဝန်းထဲက မြေကြီးတွေနဲ့ ရောပေးထားလိုက်ရင်တော့ ခွေးတွေ ကြောင်တွေ သိပ်လာတော့မှာမဟုတ်ပါဘူး။သူတို့ ဟာ အဲဒီကြက်ဥခွံ အနံ့လို ကယ်ဆီယမ်များတဲ့ မြေဖြူတို့ ထုံးတို့လို အနံ့တွေကို မကြိုက်နှစ်သက်တာကြောင့်ဖြစ်ပါတယ်။
(၉) မျက်နှာပေါင်းတင် ချေးချွတ်နိုင်တယ်
ကြက်ဥခွံမှာ Microbead သန့်စင်ဆေးတွေလိုမျိုး ထူးခြားတဲ့ ချေးချွတ် အစွမ်းရှိပါတယ်။ ဒါပေမယ့် Obamacare အရ Microbead တွေဟာ ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက်၂၀၁၇ ဇူလိုင်လကနေ စပြီး အသုံးပြုလို့မရတော့ပါဘူ
း၊ ဒါပေမယ့် မပူပါနဲ့ ကြက်ဥခွံတွေရှိပါတယ်။ ကြက်ဥခွံတွေကို ပျားရည်၊နနွင်း၊ဒိန်ချဉ် အစရှိတဲ့ မျက်နှာပေါင်းတင်တဲ့ ပစ္စည်းတွေနဲ့ တွဲဖက်ပြီး မျက်နှာပေါင်းတင်ရင် ပိုမိုအစွမ်းထူးနိုင်ပါတယ်။
(၁၀) ငှက်တွေ အစာကျွေးနိုင်ပါတယ်
ငှက်တွေကို ကြက်ဥခွံကို ငှက်စာတွေနဲ့ ရောကျွေးရင် ငှက်တွေရဲ့ ကယ်ဆီယမ်လိုအပ်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအချက်ကတော့ ကြက်တွေနဲ့ ဘဲတွေကို ဥစားတိရစ္ဆာန်တွေမှာ အသုံးမဝင်ပါဘူး။ ဘာလို့လဲဆိုတော့ ကြက်တွေဟာ ကြက်ဥခွံတွေ ပြန်မစားတဲ့ အတွက်ကြောင့်ပါ။
(၁၁) အစွန်းအထင်းတွေ ချွတ်ပေးနိုင်ပါတယ်
ကော်ဖီနဲ့ လက်ဖက်ရည်တွေကို အကြာကြီးအသုံးပြုခဲ့တဲ့ ခွက်တွေမှာ အောက်မှာ အညိုရောင်အစွန်းတွေ ဖြစ်နေတတ်ပါတယ်။ မပူပါနဲ့ ကြက်ဥခွံံကို ခြေမွှပြီး ခွက်ထဲကို ရေအနည်းငယ်ထည့် ကြက်ဥထည့်ပြီး တစ်ညထားရမှာပါ။ မနက်ကျရင် ခွက်တွေကို တိုက်ချွတ်လိုက်တဲ့ အခါမှာတော့ ထိုအစွန်းအထင်းတွေ ယူပြစ်သလို ပျောက်သွားတာ မြင်တွေ့ရမှာပါ။
(၁၂) စားလို့ရတယ်
ဒီနည်းလမ်းကတော့ သိပ်မလုပ်သင့်ပါဘူး။ ပညာရှင်တွေကတော့ ကြက်ဥခွံတွေကို စားပေးရင် ကယ်ဆီယမ်အားဖြည့်ဆေးတွေ သောက်စရာမလိုဘူးဆိုပေမယ့် ကြက်ဥခွံ ကျလိကျလိကို ဘယ်စားနိုင်မှာလဲ။
နောက်ပြီး ကြက်ဥခွံကို သေချာမဆေးကြောခဲ့ရင် ကြက်ရဲ့မစင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေပါ ကူးစက်နိုင်တဲ့အတွက် ကြက်ဥကြော်ထဲက ကြက်ဥခွံ အပိုင်းလေးတွေကို စားတာ ဘာမှ မဖြစ်ပေမယ့် ဒီတိုင်းတော့ မစားသင့်ဘူး ထင်ပါတယ်။
———————-
ၾကက္ဥဆိုတာ အာဟာရဓါတ္ေတြ ျပည့္ဝေနတဲ့ အစားအစာ တစ္ခုဆိုတာ လူတိုင္းသိၾကမွာပါ။ ၾကက္ဥစားၿပီးရင္ ၾကက္ဥအခြံေတြကို လႊင့္ျပစ္လိုက္ၾကပါလိမ့္မယ္။
ဒီအခ်က္ေလးေတြကို ဖတ္ၾကည့္ၿပီးရင္ေတာ့ ၾကက္ဥခြံေတြ လႊင့္ပစ္ခဲ့တာ ငါေတာ္ေတာ္မိုက္မဲပါလား ဆိုတဲ့ အေတြးမ်ိဳးေတြးမိမွာ အမွန္ပါဘဲ။ ဒါေၾကာင့္မို႔ အသုံးဝင္တဲ့ၾကက္ဥအခြံေတြကို ဘယ္လိုအသုံးခ်ၾကမလဲ ဆိုတာ ဖတ္ၾကည့္ရေအာင္။
(၁) ခရမ္းခ်ဥ္ပင္ေတြကို သန္စြမ္းေစတယ္
ဟုတ္ပါတယ္။ ခရမ္းခ်ဥ္ပင္ေတြကို ၾကက္ဥခြံေတြက အက်ိဳးျပဳပါတယ္။ၾကက္ဥခြံေတြကို ေျခမြၿပီးေတာ့ ခရမ္းခ်ဥ္ပင္ရဲ႕ အျမစ္အနီးတြင္းတူးၿပီး ထည့္လိုက္ရပါမယ္။ၾကက္ဥခြံဟာ ကယ္ဆီယမ္ ႂကြယ္ဝတဲ့အတြက္ ခရမ္းခ်ဥ္သီးပင္ေတြ လိုအပ္တဲ့ ကယ္ဆီယမ္ဓါတ္ကို ေပါေပါမ်ားမ်ားရရွိေစမွာျဖစ္ပါတယ္။
(၂) သန႔္ရွင္းေရးမွာ အသုံးျပဳႏိုင္ပါတယ္
ၾကက္ဥခြံကို ေအာ္ဂဲနစ္ သန႔္ရွင္းေရးသမားလို႔ ေခၚ ၾကပါတယ္။ ၾကက္ဥခြံဟာ မီးဖိုေခ်ာင္ထဲမွာရွိေနတဲ့ ေၾကးေညႇာ္ေတြ၊ မႈိင္း ေတြ၊ အိုးမဲေတြနဲ႔ ဆီအညစ္အေၾကးေတြကို သန႔္စင္ေပးႏိုင္ပါတယ္။ျပဳလုပ္နည္းကေတာ့ ၾကက္ဥခြံကို အေျခာက္လွန္းၿပီး အမႈန႔္ျဖစ္ေအာင္ ႀကိတ္ရပါမယ္။
ၿပီးရင္ေတာ့ မုန႔္ဖတ္ဆိုဒါနဲ႔ 1:3 ေရာေႏွာ ေပးရမွာျဖစ္ပါတယ္။ဥပမာ ၾကက္ဥခြံမႈန႔္ ၁ဇြန္းဆိုရင္ မုန႔္ဖုတ္ဆိုဒါ ၃ ဇြန္းပါ။ေရာစပ္ၿပီးတဲ့ အခါ ေရအနည္းငယ္ထည့္လိုက္ရင္ သြားတိုက္ေဆးလို ျဖစ္လာမွာပါ။ ၿပီးရင္ေတာ့ ဒယ္အိုးေတြ၊ ခုံေတြေပၚက အညစ္အေၾကးေတြအေပၚ အစက္ခ်ၿပီးေတာ့ အဝတ္စနဲ႔ ပြတ္တိုက္ေပးလိုက္တာနဲ႔ သန႔္စင္သြားမွာပါ။
(၃) ေဘစင္ေတြနဲ႔ ပိုက္ေတြ ေဆးေၾကာႏိုင္တယ္
အထက္ေဖာ္ျပပါ အမႈန႔္ကို ေဘစင္ေတြမွာ ပန္းကန္ေဆးၿပီး၊ အသားငါးေတြ ေဆးေၾကာၿပီးတဲ့အခ်ိန္မွာ အမႈန႔္ တစ္ဇြန္းကို ေရဆင္းေပါက္ထဲ ေလာင္းခ်လိုက္ပါ။ၿပီးရင္ အခ်ိန္ခဏေစာင့္ၿပီးမွ ေရဖြင့္ခ်လိုက္ပါ။ ဒါဆို ေဘစင္နဲ႔ ပိုက္ထဲက အႂကြင္းအက်န္ေတြကို ေဆးေၾကာတိုက္စားသလိုျဖစ္ၿပီးေတာ့ သန႔္စင္သြားပါလိမ့္မယ္။
(၄) ေကာ္ဖီအရသာကို ျမႇင့္တင္ႏိုင္တယ္
အရင္ဆုံးၾကက္ဥခြံေတြကို သန႔္ရွင္းေအာင္လုပ္ရပါမယ္။ အခြံထဲမွာ အေျမႇးပါးေလးေတြရွိရင္ ဖယ္ထုတ္လိုက္ပါ။ ၿပီးရင္ေတာ့ ၾကက္ဥအခြံကို အေျခာက္ခံရပါမယ္။ၿပီးေတာ့ အမႈန႔္ႀကိတ္ၿပီး ေကာ္ဖီေဖ်ာ္စက္ထဲကို ေကာ္ဖီမႈန႔္နဲ႔အတူ အနည္းငယ္ထည့္ေပးရမွာပါ။
တကယ္လို႔ စက္နဲ႔ မေဖ်ာ္ဘူးဆိုရင္ ေကာ္ဖီစစ္ထဲထည့္ၿပီး ေကာ္ဖီႏွပ္ၿပီးတဲ့အခါ ျပန္ဆယ္ယူလိုက္ပါ။ၾကက္ဥခြံမွာ ကယ္ဆီယမ္ပါဝင္ၿပီး အယ္ကာလီဆန္တာေၾကာင့္ ေကာ္ဖီထဲမွာပါတဲ့ အခ်ိဳ႕အက္စစ္ဓါတ္ေတြကို ဖ်က္ေပးၿပီး ေကာ္ဖီရဲ႕ အရသာကို ေျပာင္းလဲသြားေစပါတယ္။ပိုၿပီးေတာ့ ျပင္းရွတဲ့ ေကာ္ဖီရနံ႔နဲ႔ အရသာကိုခံစားရမွာပါ။
(၅) ပုလင္းေတြကို တိုက္ခြၽတ္ေဆး ေၾကာႏိုင္တယ္
တစ္ခါတစ္ေလပုလင္းေတြကို ရွည္လ်ားၿပီး တိုက္ခြၽတ္ ရခက္ပါတယ္။ ပုလင္းတိုက္တဲ့အတံေတြကလဲ သိပ္ၿပီး အသုံးမဝင္လွပါဘူး။ဒါဆိုရင္ေတာ့ မပူပါနဲ႔ ၾကက္ဥအခြံကို ခ်ိဳးေခ်ၿပီး ပုလင္းထဲထည့္။ ၿပီးရင္ ဆပ္ျပာရည္ကို ေလာင္းထည့္ၿပီး လႈပ္ခါေပးရင္ ပုလင္းဖင္၊ ေအာက္ေျခမွာရွိတဲ့ အညစ္အေၾကးေတြကို ပြတ္တိုက္သန႔္စင္ေပး ပါတယ္။
(၆) မ်ိဳးေစ့ကေန အပင္ေဖါက္ႏိုင္တယ္
တကယ္လို႔ မ်ိဳးေစ့ေတြကို အပင္ေဖါက္ခ်င္တယ္ဆိုရင္ေတာ့ ၾကက္ဥခြံကို အသုံးျပဳႏိုင္ပါတယ္။ ၾကက္ဥခြံအျခမ္းထဲကို ေျမေဆြးထည့္ၿပီး အပင္ကို ပ်ိဳးထားႏိုင္ပါတယ္။ၾကက္ဥခြံမွာ ကယ္ဆီယမ္နဲ႔ ဆီဒီယမ္ အနည္းငယ္ ပါဝင္တာေၾကာင့္ အပင္ေတြကို အားျဖည့္ႏိုင္သလို
အပင္ကို ေ႐ႊ႕ေျပာင္းစိုက္ေတာ့မယ္ဆိုလဲ ၾကက္ဥခြံကေန ကိုင္ၿပီး ဒီတိုင္းေျမႀကီးထဲထည့္လိုက္႐ုံပါပဲ။ဘာလို႔လဲဆိုေတာ့ၾကက္ဥခြံဟာ အလြယ္တကူေျခဖ်က္ႏိုင္တဲ့အျပင္ အနီးအနားက ေျမဆီလႊာကို ကယ္ဆီယမ္ ဓါတ္ေပးတာမို႔လို႔ အက်ိဳးျပဳတဲ့ နည္းလမ္းေလးပါ။
(၇) ပိုမႊားေတြကို ႏွိမ္နင္းႏိုင္တယ္
ပိုးေကာင္ေတြ၊ ခ႐ုေတြ၊ က်ိဳင္းေကာင္ေတြ မိမိ စိုက္ခင္းထဲေရာက္လာပါကလဲ ၾကက္ဥခြံေတြနဲ႔ ႏွိမ္နင္းႏိုင္ပါေသးတယ္။ၾကက္ဥခြံေတြ ကို အမႈန႔္ႀကိတ္ၿပီး အပင္ေတြ၊ အ႐ြက္ေတြနဲ႔ ပိုးေကာင္ရွိတဲ့ေနရာေတြ၊ အပင္အျမစ္ေတြကိုမွာ ပုံထားေပးလိုက္ရင္ ပိုးမႊားေတြ ႏွိမ္နင္းႏိုင္တယ္လို႔ ဆိုပါတယ္။
(၈) ေၾကာင္ေတြ ေခြးေတြ ရန္ကေန ကာကြယ္ႏိုင္တယ္
တစ္ခါတစ္ရံသင္မေမြးထားရင္ေတာင္ အိမ္နား ဝန္းက်င္က ေၾကာင္ေတြ၊ ေခြးေတြက သင့္ၿခံထဲကိုလာၿပီး ဝင္ရႈပ္တတ္ၾကပါလိမ့္မယ္။ အညစ္အေၾကးစြန႔္တာ ဒါမွမဟုတ္ လာၿပီးတူးဆြတာမ်ိဳးေတြပါ။
ဒါေတြကို ကာကြယ္ဖို႔အတြက္ ၾကက္ဥခြံေတြကို မေၾကတေက် ေခ်ၿပီး အိမ္ၿခံဝန္းထဲက ေျမႀကီးေတြနဲ႔ ေရာေပးထားလိုက္ရင္ေတာ့ ေခြးေတြ ေၾကာင္ေတြ သိပ္လာေတာ့မွာမဟုတ္ပါဘူး။သူတို႔ ဟာ အဲဒီၾကက္ဥခြံ အနံ႔လို ကယ္ဆီယမ္မ်ားတဲ့ ေျမျဖဴတို႔ ထုံးတို႔လို အနံ႔ေတြကို မႀကိဳက္ႏွစ္သက္တာေၾကာင့္ျဖစ္ပါတယ္။
(၉) မ်က္ႏွာေပါင္းတင္ ေခ်းခြၽတ္ႏိုင္တယ္
ၾကက္ဥခြံမွာ Microbead သန႔္စင္ေဆးေတြလိုမ်ိဳး ထူးျခားတဲ့ ေခ်းခြၽတ္ အစြမ္းရွိပါတယ္။ ဒါေပမယ့္ Obamacare အရ Microbead ေတြဟာ ေဘးထြက္ဆိုးက်ိဳးရွိတဲ့အတြက္၂၀၁၇ ဇူလိုင္လကေန စၿပီး အသုံးျပဳလို႔မရေတာ့ပါဘူ
း၊ ဒါေပမယ့္ မပူပါနဲ႔ ၾကက္ဥခြံေတြရွိပါတယ္။ ၾကက္ဥခြံေတြကို ပ်ားရည္၊နႏြင္း၊ဒိန္ခ်ဥ္ အစရွိတဲ့ မ်က္ႏွာေပါင္းတင္တဲ့ ပစၥည္းေတြနဲ႔ တြဲဖက္ၿပီး မ်က္ႏွာေပါင္းတင္ရင္ ပိုမိုအစြမ္းထူးႏိုင္ပါတယ္။
(၁၀) ငွက္ေတြ အစာေကြၽးႏိုင္ပါတယ္
ငွက္ေတြကို ၾကက္ဥခြံကို ငွက္စာေတြနဲ႔ ေရာေကြၽးရင္ ငွက္ေတြရဲ႕ ကယ္ဆီယမ္လိုအပ္ခ်က္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ဒီအခ်က္ကေတာ့ ၾကက္ေတြနဲ႔ ဘဲေတြကို ဥစားတိရစာၦန္ေတြမွာ အသုံးမဝင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ၾကက္ေတြဟာ ၾကက္ဥခြံေတြ ျပန္မစားတဲ့ အတြက္ေၾကာင့္ပါ။
(၁၁) အစြန္းအထင္းေတြ ခြၽတ္ေပးႏိုင္ပါတယ္
ေကာ္ဖီနဲ႔ လက္ဖက္ရည္ေတြကို အၾကာႀကီးအသုံးျပဳခဲ့တဲ့ ခြက္ေတြမွာ ေအာက္မွာ အညိဳေရာင္အစြန္းေတြ ျဖစ္ေနတတ္ပါတယ္။ မပူပါနဲ႔ ၾကက္ဥခြံံကို ေျခမႊၿပီး ခြက္ထဲကို ေရအနည္းငယ္ထည့္ ၾကက္ဥထည့္ၿပီး တစ္ညထားရမွာပါ။ မနက္က်ရင္ ခြက္ေတြကို တိုက္ခြၽတ္လိုက္တဲ့ အခါမွာေတာ့ ထိုအစြန္းအထင္းေတြ ယူျပစ္သလို ေပ်ာက္သြားတာ ျမင္ေတြ႕ရမွာပါ။
(၁၂) စားလို႔ရတယ္
ဒီနည္းလမ္းကေတာ့ သိပ္မလုပ္သင့္ပါဘူး။ ပညာရွင္ေတြကေတာ့ ၾကက္ဥခြံေတြကို စားေပးရင္ ကယ္ဆီယမ္အားျဖည့္ေဆးေတြ ေသာက္စရာမလိုဘူးဆိုေပမယ့္ ၾကက္ဥခြံ က်လိက်လိကို ဘယ္စားႏိုင္မွာလဲ။
ေနာက္ၿပီး ၾကက္ဥခြံကို ေသခ်ာမေဆးေၾကာခဲ့ရင္ ၾကက္ရဲ႕မစင္ကေန ကူးစက္တတ္တဲ့ ေရာဂါေတြပါ ကူးစက္ႏိုင္တဲ့အတြက္ ၾကက္ဥေၾကာ္ထဲက ၾကက္ဥခြံ အပိုင္းေလးေတြကို စားတာ ဘာမွ မျဖစ္ေပမယ့္ ဒီတိုင္းေတာ့ မစားသင့္ဘူး ထင္ပါတယ္။